ချောင်းသာနှင့် ငွေဆောင် အပါအဝင် ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်ထားတဲ့ ပုသိမ်တံတား အမှတ်(၂)


18 December, 2020

ပုသိမ်တံတား အမှတ်(၂)သည် ဧရာဝတီတိုင်းဒေသ‌ကြီး

ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်းရှိ လူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ထားသော ပေ ၂၃၈၀ရှိ တံတား တစ်စင်းဖြစ်ပြီး တံတားဦးစီဌာန တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူ တည်ဆောက်လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်မှု လုပ်ငန်း ၉၃ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တံတားကြီးမှာ ပေအားဖြင့် ၁၀၈၂ ပေ ၆ လက်မရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၈ ပေ ဘိုးပိုင်း ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ငါးပေနှင့် တံတားအမျိုးအစားမှာ တံတားအောက်ခံအုတ်မြစ် ၊ တံတားကိုယ်ထည် အာစီကွန်ကရစ် ၊ တံတာအပေါ်ထည် သံမဏိ၊ သံပေါင်ခုံတံတာဖြစ်ပါတယ်။

 

တံတားအောက်ရေလမ်းကင်းလွတ်အမြင့်ပေ ၆၀ ၊ ရေလမ်း ကင်းလွတ်အကျယ် ၄၁၆ ပေး နှင့် တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ပါတယ်။

 

တံတားကြီးကို ၂၇-၁၀-၂၀၁၈ ရက်က တံတားဦးစီးဌာ တံတားအထူးအဖွဲ့ (၁၆) အင်ဂျင်နီယာမှူးကြီး ဒေါ်သစ်သစ်အောင် နှင့်အဖွဲ့ က တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်ပါတယ်။ ယခုနှစ် စက်တင်ဘာလကုန်တွင် အပြီးတည်ဆောက်သွားမည်လို့ သိရပါတယ်။ ဆိုက်အဆင့်မြင့်တင်လိုက်သော ရန်ကုန် - ပုသိမ်း အဝေးပြေးလမ်းမကြီးနှင့်အတူ ဖွင့်လှစ်သွားရန် ကြိုးစားနေကြောင်းလည်း သိရပါတယ်။

 

ပုသိမ်အမှတ်(၂) တံတားကြီး တည်ဆောက်ရခြင်းမှာ မူလရှိပြီး ပုသိမ်ကြိုးတံတား၏ ခံနိုင်ဝန်လျော့နည်းလာမှုကြောင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတတ်မှုကို မြန်ဆန်လာသည်နှင့်အမျှ ငဝန်မြစ် အနောက်လက်ခြမ်းတွင် မြို့ပြအိမ်ရာများ တိုးချဲ့လာ၍ လည်းကောင်း၊ ချောင်းသာနှင့် ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကမ်းခြေ ပတ်လမ်းများကို ချိတ်ဆက်ပြီး သွားလာနိုင်ရန် ရည်ရွယ်၍ လည်းကောင်း တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

Local Read 228 times