ပုသိမ်ဆိပ်ကမ်း စက်မှုမြို့တော် စီမံကိန်း


02 November, 2020

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြားအမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့်ကုန်ကျခံတည်ဆောက်နေသည့် ပုသိမ်ဆိပ်ကမ်းစက်မှုမြို့တော်စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

ယင်းစီမံကိန်းအတွက် ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီနှင့် စင်္ကာပူအခြေစိုက် Bok SengLogistics Group တို့ှ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးထားကြောင်းသိရသည်။
ထိုစက်မှုမြို့တော်စီမံကိန်းအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ပြီးဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဟုသိရသည်။
ပုသိမ်ဆိပ်ကမ်းစက်မှုမြို့တော်စီမံကိန်းအနေဖြင့် လျှပ်စစ်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကိုစင်ကာပူအခြေစိုက် Bok Seng Group နှင့် MOU လက်မှတ်ထိုးပြီးလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပုသိမ်ဆိပ်ကမ်းစက်မှုမြို့တော်ကိုမူလမြေဧက ၂၇၀၀ ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်းမြေဧက ၂၂၀၀ သာဝယ်ယူနိုင်ခဲ့ပြီးစီမံကိန်းရုံးဖွင့်လှစ်မှုကို ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်မှစတင်ပြုလုပ်ခဲ့ပြီးကျပ်သန်း ၂၀၀၀၀ တန်ဖိုးရှိအစုရှယ်ယာများကိုအများပြည်သူများကိုထုတ်ရောင်းနေကြောင်းသိရသည်။
ပုသိမ်ဆိပ်ကမ်းစက်မှုမြို့တော်စီမံကိန်းတွင် တန်ချိန် ၁၀,၀၀၀ တင်ဆောင်နိုင်သောသင်္ဘောများဝင်ရောက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း ၁ ခု၊ ချောင်းကူးတံတား ၂ စင်း၊ ရေဆိုးသန့်စင်စက်ရုံ၊ ရေချိုသန့်စင်စက်ရုံ၊ ရေတာတမံများနှင့် စက်မှုဇုန်အတွက် အသုံးပြုမည့် လျှပ်စစ်ဓာတ်အားခွဲရုံ(၁) ခုတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
ပုသိမ်ဆိပ်ကမ်းစက်မှုမြို့တော်တွင် စက်မှုလုပ်ငန်းများအတွက်လျှပ်စစ်မီး၊ ရေနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်မြေနေရာများဖန်တီးပေးမည်ဖြစ်ပြီး လတ်တလောတွင်ထိုင်ဝမ်၊ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များကိုပုသိမ်စက်မှုမြို့တော်တွင် လာရောက်ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။
Source:Pyimyanmar journal

Infrastructure and Zones Read 54 times