ဟောင်ကောင်မှလုပ်ငန်းရှင်ကပဲခူးတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့


07 December, 2020

 ဒေသခံပြည်သူ ၂ဝဝဝဝ ခန့်ကိုအလုပ်အကိုင်ပေးနိုင်မည့် စက်ရုံ၊အလုပ်ရုံများကို ဟောင်ကောင်မှ လုပ်ငန်းရှင်က ပဲခူးတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ကမ်းလှမ်းထားကြောင်းသိရသည်။

"ဒီလုပ်ငန်းတွေက နိုင်ငံခြားသားရာခိုင်နှုန်းပြည့်ရင်းနှီးမြှုပ်နှံမှာဖြစ်သည့်အတွက် တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရရှိနိုင်မှာဖြစ်သလိုပဲခူးအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမှာဖြစ်ပါတယ်။ဒါကြောင့် လုပ်ငန်းအတွက် MIC ခွင့်ပြုမိန့်ရရှိနိုင်ဖို့ လိုအပ်တဲ့အချက်အလက်များ၊စက်မှုဇုန်တစ်ခုတည်ထောင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ဥပဒေနှင့် အညီအခြားနည်းအသုံးပြုခွင့်နှင့် စက်မှုစီးပွားဂရန် လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ဖို့ပြောထားပါတယ်"

ဟုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

        အဆိုပါ စက်ရုံ၊အလုပ်ရုံများကို ပဲခူးမြို့၊တိုက်ကြီး-ဖောင်ကြီးလမ်းပေါ်ရှိ မြေဧရိယာ ၄၉.၅ ဧကတွင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ပဲခူးတိုင်းဒေသကြီးသည် ရန်ကုန်နှင့် ကပ်လျက်တည်ရှိနေသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုအထူးစိတ်ဝင်စားခံရသည့် မြို့တစ်ခုဖြစ်လာကြောင်း သိရသည်။

        ထို့ကြောင့် စက်တင်ဘာလတွင် တရုတ်ကုမ္ပဏီတစ်ခုက ဒေသခံအလုပ်သမားတစ်သိန်းမှခြောက်သိန်းကြားအလုပ်အကိုင်ပေးနိုင်မည့် စက်မှုဇုန်တစ်ခုဖော်ဆောင်ရန် တိုင်းအစိုးရထံကမ်းလှမ်းခဲ့ပြီးအောက်တိုဘာလအတွင်းက အမေရိကန်အခြေစိုက် MDS Investment LLC ကုမ္ပဏီက မြန်မာနိုင်ငံတွင် ပရိဘောဂ ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများတည်ထောင်ရန်အတွက် တိုင်းအစိုးရထံ လာရောက်ကမ်းလှမ်းခဲ့ကြောင်း သိရသည်


 

Region Read 67 times