လုပ်ငန်းရှင်များအတွက်အခက်အခဲဖြစ်၍ ဖြေလျှော့ပေးရန်ဝန်ကြီးချုပ်ထံတင်ပြမည်


05 December, 2020

တိုက်ခန်းများဆောက်လုပ်ရာတွင် မြေညီထပ်အမြင့် လျှော့ဆောက်ရန်နှင့် Penthouse (ဒါဘာအခန်း)ထည့်သွင်း ခြင်းမပြုရဟူသော ညွှန်ကြားချက်သည် လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်၍ ဖြေလျှော့ပေးရန် ဝန်ကြီးချုပ်ထံတင်ပြမည်ဟု လိုင်စင်ရကန်ထရိုက်တာများအသင်း ချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ယခုနှစ် ဧပြီ ၁ ရက်ကစတင်ပြီး တိုက်ခန်း များဆောက်လုပ်ရာတွင် မြေညီထပ်အမြင့်ကို ၁၇ ပေအစား ၁၂ ပေသို့ လျှော့ချရမည်ဖြစ်ပြီး တိုက်ထိပ်ပိုင်း၌ PentHouse ထည့်သွင်းဆောက်လုပ်ခြင်း မပြုရန်တားမြစ်ခဲ့သည်။

          ထိုတားမြစ်ချက်နှင့် ပတ်သက်၍ အခက်အခဲများကို အသင်းချုပ်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ  ဩဂုတ် ၂၈ ရက်က တင်ပြခဲ့သည်။

‘‘ခွင့်ပြုတာက ဝန်ကြီးချုပ် ကဆုံးဖြတ်ရမယ်။ ကျွန်တော်တို့ က အခက်အခဲကိုတင်ပြတာပါ’’ ဟု အသင်းချုပ်တာဝန်ရှိသူတစ် ဦးကပြောသည်။

            လက်ရှိတွင် မြေညီထပ်ပိုမှန် ခန်းဟူ၍ နှစ်ခန်းထည့်သွင်းခြင်း နှင့်တိုက်ခေါင်မိုးတွင် Penthouse များထည့်သွင်းဆောက် လုပ်ထား၍ အခန်းအရေအတွက် ပိုမိုရရှိနေသည်။ ထိုညွှန်ကြား ချက်ကြောင့် တိုက်ခန်းဈေး အပြောင်းအလဲဖြစ်စေပြီး အခန်းအရေအတွက် လျော့ကျမည်ဖြစ်၍ တိုက်ခန်းဈေးမြင့်တက်လာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်ဦးအောင်ပြည့်က ပြောသည်။

‘‘မှန်ခန်းပါရင် သိန်း ၅ဝဝ နဲ့ ၇ဝဝ ကြားမှာရှိတယ်။ နေရာ ကောင်းရင် သိန်းထောင်ဂဏန်း အထိရှိတယ်’’ ဟု အိမ်ခြံမြေအကျိုးဆောင်ဒေါ်နွယ်ဦးက ပြောသည်။ ဒါဘာအခန်း (Penthouse)သည် ကျပ်သိန်း ၂ဝဝ ကျော်ဈေးရှိကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

 Source:7day daily

Local Read 75 times