ရှမ်းပြည်နယ် ဟဲဟိုးမြို့တွင်ပန်းနှင့် ထောပတ်သီး အထူးဇုန်တည်ဆောက်ရန်စီစဉ်


28 October, 2020

ရှမ်းပြည်နယ်၊ဟဲဟိုးမြို့တွင် ပန်းနှင့်ထောပတ်သီးအထူးဇုန်တစ်ခုကိုပူးတွဲတည်ဆောက်သွားရန် စီစဉ်နေကြောင်းမြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှသိရသည်။

 ယင်းပန်းနှင့်ထောပတ်သီးအထူးဇုန်ကိုတည်ဆောက်သွားရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ မြေနေရာတောင်းခံထားပြီး မြေနေရာရရှိခဲ့ပါက ပန်းအထူးဇုန်အတွက် အအေးခန်းများ၊ Packaging House များတည်ဆောက်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်။

ထောပတ်သီးအထူးဇုန်အတွက်လည်း ပန်းအထူးဇုန်အနီးတွင်တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအသင်းဥက္ကဌမှ ပန်းနှင့်ထောပတ်သီး အတွက်အထူးဇုန်လုပ်ရန်တောင်းဆိုထားကြောင်းသိရသည်။

ဟဲဟိုးတွင် ယခင်ကစက်မှု(၁) ၏မြင်းမွေးမြုရေးအတွက်ရှိသောမြေကိုရရှိပါက ပန်းဇုန်လုပ်မည်ဖြစ်ပြီး ပန်းကို Packaging House လုပ်ပြီးသွားပါကနိုင်ငံခြားသို့တင်ပို့မည်ဖြစ်သည်။

ထိုနေရာနားတွင်ကပ်ပြီးမြေနေရာငါးဧကလောက်ကိုထောပတ်သီးအထူးဇုန်ကိုတည်ထောင်သွားမည်ဖြစ် ကြောင်းပြောကြားသွားသည်။

Source:Democracy news and Myawaddy news

Infrastructure and Zones Read 57 times