တန်ဖိုးနည်းအိမ်ရာဝယ်ယူသူများ အတွက်ဘဏ်ချေးငွေပြန်ဆပ်ရမည့် ကာလကို သက်တမ်းတိုးရန်စီစဉ်


08 November, 2020

တန်ဖိုးနည်းအိမ်ရာများကို ဘဏ်ချေးငွေနှင့် ဝယ်ယူသူများအတွက် ချေးငွေပြန်ဆပ်ရမည့် ကာလအား ၁၅နှစ်ထိ သက်တမ်းတိုးမြှင့်ပေးရန်စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ယခုတွင်ချေးငွေပြန်ဆပ်ရမည့် ကာလကို ၁ဝနှစ်သတ်မှတ်ပေးထားကြောင်း၊ယခုရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာ ဒုတိယအသုတ်ဝယ်ယူမှုမှာ ထိုချေးငွေသက်တမ်းတိုးပေးသော အစီအစဉ်ပါဝင်နိုင် ရန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာငွေစုထားသောသူများထဲမှ အခန်းတန်ဖိုး၏သုံးဆယ်ရာခိုင်နှုန်းပြည့်သောသူများအနေနှင့် အခန်းဝယ်ယူခွင့်ရရှိမှာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ

ဆောက်လုပ်နေသောတန်ဖိုးနည်းတိုက်ခန်းများဝယ်ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားသူပေါင်း တစ်သောင်းရှစ်ထောင်နီးပါးရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ယခုတွင် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း နှစ်ထောင်ကျော် ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ခြောက်ရာကျော်ကို ပထမအသုတ်တွင် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

နောက်ပိုင်းတွင် ပုဂ္ဂလိကရောင်းချနေသော လူနေတိုက်ခန်းနှင့် လုံးချင်းအိမ်များကိုလည်း ဘဏ်ချေးငွေနှင့် ဝယ်ယူနိုင်ရန်ကူညီပေမည့် အစီအစဉ်များပါ လုပ်ဆောင်ပေးသွားရန်ရှိကြောင်းလည်း သိရသည်။

7Day Daily

Public Housing Read 62 times