စက်မှုဇုန်များတွင်လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေလွတ်များကို ပြန်လည် သိမ်းဆည်းရန် စီစဉ်နေ


24 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များတွင်လုပ်ငန်းလုပ်ကိုင်ရန် ရရှိထားသော မြေနေရာများတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော မြေလွတ်များကို ပြန်လည် သိမ်းဆည်းရန် စီစဉ်နေကြောင်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးမှ သိရသည်။

လက်ရှိစက်မှုဇုန်များတွင် အသုံးမပြုပဲထားသော မြေလွတ်များရှိနေသည်။ယခုတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်။

အတိုင်းအတာ တစ်ခုအထိ လုပ်ငန်းအကောင်အထည်ဖော်ရန် သတိပေးမည်။ဆက်လက်မလုပ်တော့ဘူးဆိုလျှင် ပြန်သိမ်းမည်ဖြစ်သည်ဟု သိရသည်။

ယခုအခါ စက်မှုဇုန် မြေနေရာချထားပေးသည့် မြေပေါ်တွင် လုပ်ငန်းများကို အကောင်အထည်ဖော်ရန်သတိပေးထားပြီး သတ်မှတ်ချိန်အတွင်း သတ်မှတ်လုပ်ငန်းဆောင်ရွက်မှုမရှိသည်ကို တွေ့ရှိပါက ပြန်လည်သိမ်းဆည်းရန်ရှိကြောင်း၊

ရန်ကုန်မြို့တော်တွင် စက်မှုဇုန် ၂၉ ဇုန် ရှိပြီး လက်ရှိတွင် စက်မှုဇုန် ၆ဝရာခိုင်နှုန်းခန့်မှာ လုပ်ငန်းလုပ်ကိုင်လျက်ရှိနေပြီး ၄ဝရာခိုင်နှုန်း မှာ ခြံစည်းရိုးကာရံကာ ဂိုဒေါင်ဆောက်လုပ်ထားသည်များ ရှိ၍

တချို့မှာ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူးပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

ယခုလောလောဆယ်တွင် နိုင်ငံတော် အစိုးရအဖွဲ့အနေနှင့် စာရင်းကောက်နေသည်။အကောင်အထည်မဖော်နိုင်သေးသည့် စက်မှုဇုန်များ မည်မျှရှိနေသည်ကို စာရင်းကောက်နေပါသည်။

စာရင်းကောက်ပြီးသည်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို စာရင်းတင်ပြပြီး ဆုံးဖြတ်မည် ဟု သိရသည်။

ထို့ပြင် မြေဈေးနှုန်းကြီးမြင့်မှုများမရှိစေရန် နှင့် မြေဈေးကစားမှု ပပျောက်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ် ၁၁ မြို့နယ် တွင် အထူးဇုန်များ တည်ဆောက်ပြီး ဆောင်ရွက်မည်ဖြစ်ကာ

ကိုကိုးကျွန်းမပါပဲ လှည်းကူး၊တွံတေး၊ကွမ်းခြံကုန်းနှင့် သန်လျင်စသည့် မြို့နယ် ၁၁ မြို့နယ်တွင် ယခုမှ စပြီး လာမည့် သုံးနှစ်တာ ကာလအတွင်း အခြေတည်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

Infrastructure and Zones Read 58 times