Platinum Pathein project


27 October, 2020

Platinum Pathein project စီမံကိန်းကို ငွေဆောင်လမ်းနှင့်ချောင်းသာလမ်းမကြီးအဓိကဆုံမှတ်ဖြစ်ပြီး ပုသိမ်တက္ကသိုလ်နှင့် ပုသိမ်လေဆိပ်အနီးတွင် ပုသိမ်မြို့အလယ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို Mya Bay H & Co Development မှတာဝန်ယူတည်ဆောက်မည်ဟု သိရသည်။

ထိုစီမံကိန်း၏ စုစုပေါင်းဧရိယာမှာ ၁၈ ဧကနီးပါးကျယ်ဝန်းသည်ဟု သိရသည်။

စီမံကိန်းကို Phase I နှင့် Phase II ဟူ၍ နှစ်ပိုင်းခွဲထားပြီး phase I အပိုင်းတွင် ပုသိမ်ပလာဇာ၊ 3 star ဟိုတယ်၊ ရေမီးအပြည့်အစုံပါဝင်သော လူနေအိမ် villa များထည့်သွင်းဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။

Phase II တွင် ၁၁၅ မိုင်ကဲ့သို့ စားသောက်ဆိုင်တန်းများ၊ ဓာတ်ဆီဆိုင်၊ ကားဝပ်ရှော့စသည့်တို့ကိုထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

ယခုအချိန်တွင် Phase I ကိုဆောက်လုပ်နေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်ဇွန်လတွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

ငွေဆောင်၊ ချောင်းသာကမ်းခြေများသည် လူသွားအများဆုံးကမ်းခြေဖြစ်သည့်အတွက် ခရီးသွားအများစုက ကမ်းခြေဟိုတယ်မျးကို ကြိုတင် check-in လုပ်ထားကြရသည်။

Platinum pathein တွင် နားနေ၍ အချိန်ကိုက်မှသွားလျှင် ပို၍အဆင်ပြေနိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

ချောင်းသာနှင့် ငွေဆောင်မှရန်ကုန်သို့ပြန်ရန် ၁၁ နာရီခန့်ကြာမြင့်သည့် လမ်းခရီးတွင် ကမ်းခြေများမှ platinum pathein စီမံကိန်းသို့ ၄၅ မိနစ်အကြာတွင် ရောက်ရှိနိုင်မည်ဖြစ်ပြီး ထိုနေရာတွင် ထမင်းစားနား၍ အိမ်ပြန်လက်ဆောင်များပါ ဝယ်ယူနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ယင်းစီမံကိန်းသည် ခရီးသွားများအပြင် ပုသိမ်မြို့သူမြို့သားများအတွက်လည်း အပန်းဖြေလည်ပတ်စရာရောတခုဖြစ်လာစေရန် ဖက်ရှင်ဆိုင်များ၊ စူပါမားကတ်များပါဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

Source: ကုမုဒြာဂျာနယ်၊ Mya Bay H & Co development website

Mixed Use and Urban Read 56 times