Polo Club Asia Residence


27 October, 2020

Polo Club Residence စီမံကိန်းကို ရန်ကုန်မြို့၊ အမှတ် ၅၁/A၊ အရှေ့မြင်းပြိုင်ကွင်းလမ်း နှင့် လေးထောင့်ကန်လမ်းမကြီး၊ တာမွေမြို့နယ် တွင်တည်ဆောက်လျှက်ရှိပါသည်။

ထို စီမံကိန်းကို Golden Glory Group PTE နှင့် စင်္ကာပူနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံမှ China State Construction Engineering Corporation မှ တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအတွက် ထိုင်းနိုင်ငံမှ Langdon & Seah မှ quantity Surveyor ပြုလုပ်ပေးထားပြီး စင်ကာပူနိုင်ငံမှ Asian Acre Advisors Holdings PTE မှ Marketing အကြံပေးအဖြစ် ပြုလုပ်ပေးထားခြင်းဖြစ်သည်။

ယင်းစီမံကိန်းဆောက်လုပ်မည့်မြေကို Union of Myanmar Economic Holdings မှပိုင်ဆိုင်ပြီး အဆောက်အဦး၏ အမြင့်မှာ ၁၁၆.၁ မီတာရှည်လျားကြောင်းသိရသည်။

ထိုစီမံကိန်ုးကို မြေဧက ၈.၈ ဧက ရှိပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး ပထမဆုံးနှစ် ၅၀ မြေငှားစာချုပ် ချုပ်ဆိုခဲ့ပြီးနောက်ထပ် ၁၀နှစ်တစ်ကြိမ်ထပ်မံချုပ်ဆိုမည် ဟုသိရသည်။

အဆောက်အဦးနှင့်ဒီဇိုင်း

အဆောက်အဦးဒီဇိုင်းကို စင်္ကာပူနိုင်ငံမှ DP Architects မှ ဗိသုကာဒီဇိုင်းကို ရေးဆွဲပေးခဲ့ကြောင်းနှင့် စကာပူနိုင်ငံမှ DP Engineers မှ M & E ဒီဇိုင်းနှင့် C & S ဒီဇိုင်းရေးဆွဲပေးခဲ့ကြောင်းလည်း သိရသည်။

အဆောက်အဦး၏ အတွင်းပိုင်းဒီဇိုင်းကို စင်္ကာပူနိုင်ငံမှ DPD International မှ တာဝန်ယူထားပြီး စီမံခန့်ခွဲမှုကို Surbana International Consultants မှ တာဝန်ယူထားကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် လူနေတိုက်ခန်းများ၊ ရုံးခန်းများ၊ ဟိုတယ်၊ shopping center တို့ပါဝင်မည်ဟု သိရသည်။

Phase 1 ကိုလူနေတာဝါနှစ်လုံး ကို အထပ် ၃၄ ထပ်စီ တည်ဆောက်မည်ဖြစ်ပြီး အခန်းပေါင်း ၅၅၁ ခန်း ပါဝင်မည်ဟု သိရသည်။ Phase 1၏မြေဧရိယာမှာ ၂.၁ ဧကနှင့်  ကြမ်းခင်းဧရိယာမှာ ၁၅၀,၀၀၀ စတုရန်းမီတာ ရှိပြီး Ground Floor တွင် shopping mall တစ်ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တစ်လွှာတွင် အခန်း ၁၃ ခန်း ပါဝင်မည်ဖြစ်ပြီး မြေညီထပ် ၂ ထပ်နှင့် level 1,2 တို့တွင် ကားပါကင်ပါဝင်ကြောင်းသိရသည်။

အခန်းအမျိုးအစား ၇  မျိုးပါဝင်မည်ဟု သိရပြီး ၃လွှာတွင် ရေကူးကန်၊ အားကစားခန်းမ အစရှိသည့် facilities များ ပါဝင်မည်ဖြစ်သည်။

Phase 2 နှင့် 3 တွင် လူနေအိမ်ခန်းများ၊ ဟိုတယ်များ၊ serviced apartments, commercial နှင့် retail space များ ထည့်သွင်းဆောက်လုပ်မည်ဖြစ်ပြီး အထပ်ပေါင်း ၃၀ ကျော်ပါဝင်မည်ဖြစ်သည်။ Phase 2 ၏ ကြမ်းခင်းဧရိယာမှာ ၇၅,၀၀၀ စတုရန်းမီတာ နှင့် Phase 3 ၏ ကြမ်းခင်းဧရိယာမှာ ၁၅၀,၀၀၀ စတုရန်းမီတာခန့် ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းတွင် ပါဝင်သော Phase 2 အဆောက်အဦးကို ၂၀၁၉ ခုနှစ်တွင်စတင်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

အခန်း Pricing နှင့် ငွေပေးချေမှု

Phase 1 တွင်ပါဝင်သော တာဝါနှစ်ခုအနက်ပထမဆုံးတာဝါမှအခန်းများကို အရောင်းချနေပြီဖြစ်ပြီး အခန်း pricing များမှာ ၁ စတုရန်းပေလျှင် $ 300 မှ $ 490 အထိ ရှိပြီး အခန်းအကျယ်အဝန်းမှာ ၇၉၄ စတုရန်းပေမှ ၂၆၂၄ စတုရန်းပေ အထိရှိကြောင်းသိရသည်။

အဆောက်အဦးကို အရစ်ကျအနေဖြင့် ပေးချေရမည်ဖြစ်ပြီး စစချင်း ၁၀ ရာခိုင်နှုန်းအရင်ပေးချေရမည်။ နောက်၂ လ တွင် ၂၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်း ကို ၂၄ လအထိ ပေးချေရမည်ဖြစ်ပြီး အခန်းအပ်လျှင် ကျန် ၁၀ ရာခိုင်နှုန်းကို ပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးဆောက်လုပ်၍ အခန်းအပ်မည်ဖြစ်ကြောင်းသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from pamphlet, phone, polo club website.

Mixed Use and Urban Read 71 times