Power China အပါအဝင် တရုတ်ကုမ္ပဏီများ ထားဝယ်အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား


26 November, 2019

ထားဝယ်အထူးစီးပွား ရေးဇုန် ပင်မစီမံကိန်းတွင် ရင်း နှီးမြှုပ်နှံရန် Power China အပါ အဝင် တရုတ်ကုမ္ပဏီများစိတ်ဝင် စားနေသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံ မှ သိရသည်။

မြေဧက ၄၈,၀၀၀ ကျော် ကျယ်ဝန်းသည့် ထားဝယ်အထူး စီးပွားရေးဇုန် ပင်မစီမံကိန်းကို တရုတ်ကုမ္ပဏီများ၊ ထိုင်းနှင့် ကို ရီးယားကုမ္ပဏီများက ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေသည် ဟု အဆိုပါကော်မတီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ‘‘စိတ်ဝင်စားကြတယ်။ စီး ပွားရေးလုပ်ငန်းလုပ်ဖို့ အချက်အ လက်လာစုနေကြတယ်။ လုပ် ကိုင်မယ်လို့တော့ ဘယ်သူမှ တရားဝင်တင်ပြတာမရှိသေးဘူး’’ ဟု၎င်းကဆိုသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်သည် ကနဦးစီမံကိန်းနှင့်ပင်မ စီမံကိန်းဟူ၍ နှစ်ပိုင်းရှိသည်။ က နဦးစီမံကိန်းသည် ဧက ၆,၆၀၀ ကျော်ရှိကာ အီတာလျံ-ထိုင်း ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး ပင်မစီမံကိန်းကို ဂျပန်နိုင်ငံက စိတ်ဝင်စားမှုမရှိခြင်းကြောင့် ရင်း နှီးမြှုပ်နှံမည့် ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေး ဇုန်ကို အကြီးစားစက်မှုလုပ်ငန်း များအတွက် တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ဟောင်ကောင်အ ခြေစိုက် V-Power ကုမ္ပဏီက လည်း ထားဝယ်အထူးစီးပွားရေး ဇုန်တွင် LNG လုပ်ငန်းများ ရင်းနှီး မြှုပ်နှံလိုကြောင်း လာရောက် ကမ်းလှမ်းမှုရှိသည်ဟု ကော်မတီ ကဆိုသည်။

Power China ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ ၂၀၀၉ တွင် တည်ထောင်ပြီး တရုတ် Power Construction ကော်ပိုရေးရှင်း၏ လက်အောက်ခံ ကုမ္ပဏီဖြစ် သည်။၎င်းလက်အောက်တွင် စွမ်း အင်ဆိုင်ရာ တည်ဆောက်ရေး ကုမ္ပဏီခွဲ ၁၆ ခုကျော်ရှိသည်။

 

Infrastructure and Zones Read 108 times