အဆောက်အအုံဆောက်လုပ်ခွင့် ပုံစံစစ်ဆေးခနှင့် ကြိုတင်ဆောက်ဒဏ်ကြေးငွေနှုန်းမျာတိုးမြှင့်ရန်ရှိ


27 October, 2020

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံဆောက်လုပ်ခွင့်များ၏ ပုံစံစစ်ဆေးခနှင့် ကြိုတင်ဆောက်ဒဏ်ကြေးငွေနှုန်းထားများကို တိုးမြှင့်ကောက်ခံရန်ရှိကြောင်းသိရသည်။

 မတ်လ ၁ ရက်နေ့မှပြုလုပ်သော ကော်မတီဝင်များအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ ပြောင်းလဲရန် ညွှန်ကြား ထားခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် တင်ပြလာပါက ဆောက်လုပ်ခွင့်များကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အဓိကစိစစ်ဆောင်ရွက်ရခြင်းဖြစ်ပြီး ပုံစံစစ်ဆေးခမှာ ယခုကာလငွေကြေးတန်ဖိုးအရ နည်းပါးသည့်အတွက် နှုန်းထားအသစ် ပြင်ဆင် သတ်မှတ် ခြင်းဖြစ်ကြောင်းသိရသည်။


ပြောင်းလဲလာသည့်အမျိုးအစားများမှာ ပုံစံစစ်ဆေးခ၊ ကျော်လွန်ဆောက်လုပ်သည့်ဒဏ်ကြေး၊ လူနေထိုင်ခွင့် အမည်ပြောင်းခ၊ အဆောက်အအုံဖျက်သိမ်းရန်စစ်ဆေးခ၊ အဆောက်အအုံကြိုတင် ဖျက်သိမ်းဒဏ်ကြေး၊ မိတ္တူမှန်ကူးယူခ၊ အမြင့်ပေပိုဒဏ်ကြေး၊ နေ့စဉ်မှတ်တမ်းစာအုပ်(Log Book)၊ ကြိုတင်လူနေဒဏ်ကြေး၊ Logo ကြေး၊ ပုံစံရောင်း၊ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်း စသည်တို့ဖြစ်ကြောင်းသိရသည်။


Source:Pyimyanmar journal

Laws and Regulations Read 84 times