သီလဝါ နှင့် ကျန်စစ်သား တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် ကုမ္ပဏီ ၃၀ ကျော်ကိုပဏမရွေးချယ်


27 October, 2020

သီလဝါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း နှင့် ကျန်စစ်သား အိမ်ရာစီမံကိန်း အပိုင်း၂ကိုတည်ဆောက်ရန် တင်ဒါ ခေါ်ယူထားရာ ကုမ္ပဏီ ၃၀ကျော်ကို ပမာဏ တင်ဒါ ရွေးချယ်ထားကြောင်း သိရသည်။


မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှယင်းအိမ်ရာများကို သြဂုတ်လမှ တင်ဒါခေါ်ယူခဲ့ရာ ပဏာမ တင်ဒါ ကုမ္ပဏီများ

အဖြစ်ကုမ္ပဏီ၃၀ကျော်ကိုရွေးချယ်ပြီးဖြစ်ကြောင်းသိရသည်။
နောက်ဆုံး အဆင့် တင်ဒါ ရွေးချယ်ခြင်းကို ဧပြီလအတွင်းပြုလုပ်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ကုမ္ပဏီ ၂ခုနှင့် အများဆုံး ကုမ္ပဏီ ၅ခုကို တည်ဆောက်လုပ်ကိုင်ခွင့် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာစီမံကိန်းမှ အခန်းများကိုလည်း ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံံံဖြိုးရေးဘဏ်နှင့် ချိတ်ဆတ်ကာ ရောင်းချမှုများပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ ကနောင် ၊ရွှေလင်ဗန်း ၊ ယုဇန တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အများပြည်သူလက်ထဲသို့ စတင်ရောင်းချမှုများ ပြုလုပ်နေပြီဟုသိရသည်။
ဝင်ငွေနည်းပြည်သူများ ဝယ်ယူနိုင်ရေး တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်း လမ်းရှာဖွေမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အိမ်ရာဖွံ့ဖြိုးရေးကို ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

imyanmarhouse

Public Housing Read 117 times