ဖူးခက်ရှိ ကွန်ဒိုများနှင့် အိမ်များ၏ ဈေးနှုန်းများ စံချိန်တင်အဆင့်သို့ ရောက်ရှိ


13 February, 2024

ဖူးခက်ရှိ ကွန်ဒိုများနှင့် အိမ်များ၏ ဈေးနှုန်းများ စံချိန်တင်အဆင့်သို့ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဖူးခက်တွင် နေအိမ်တစ်လုံးပိုင်ဆိုင်ရန် နိုင်ငံခြားသားများ စိတ်ဝင်စားမှုရေချိန် မြင့်မားနေခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် လုံးချင်းအိမ်နှင့် ကွန်ဒိုအခန်း ဈေးနှုန်းများ  မကြုံစဖူး မြင့်တက်နေသည်။

 

အသစ် စရောင်းသော အိမ်ရာများ ရောင်းအား စံချိန်ချိုးသည်။ မြေဈေးသည် တစ်ရိုင်လျှင် ဘတ်  သန်း ၁၀၀ (စတုရန်းမီတာ ၁၆၀၀ ခန့်) အထိ မြင့်တက်သည်ဟု Colliers International (Thailand) မှ သုတေသနနှင့် ဆက်သွယ်ရေး ဒါရိုက်တာ Phattarachai Taweewong က ထုတ်ဖော်ပြောကြားသည်။ 

 

 ကွန်ဒိုနှင့် အပန်းဖြေအိမ်များ ရောင်းအား မကြုံစဖူး ဘတ် ၁၀၀ ဘီလီယံ ကျော်သွားသည်။

 

လက်ရှိရောင်းချရန် ကမ်းလှမ်းထားသည့်  ကွန်ဒိုအခန်းပေါင်း ၈,၇၄၃ ခန်းပါ၀င်သည့် ကွန်ဒို စီမံကိန်း၃၆ ခုရှိသည်။ စုစုပေါင်း တန်ဖိုးမှာ ဘတ် ၄၉,၅၅၉ ဘီလီယံကျော်ရှိသည်။ 

ပုံမှန်အားဖြင့် တနှစ်လျှင် ကွန်ဒိုအခန်း နှစ်ထောင် သုံးထောင် အသစ် စတင်ရောင်းချသည်ထက် အရေအတွက် အများအပြား ပိုများနေသည်။

 

ဘန်ကောက်နှင့် ဒေသခံ အဓိက developer များတွင် Sansiri၊ Asset Wise၊ Origin Property နှင့် Habitat Group တို့ ပါဝင်သည်။

 

၂၀၂၄ ခုနှစ်တွင် နောက်ထပ် အခန်း ၄,၅၀၀  ရောင်းချမည်ဟု မျှော်မှန်းထားသည်။

 

ယမန်နှစ်က အရောင်းစဖွင့်ခဲ့သည့် ကွန်ဒိုမီနီယံ ၇၅ ခုတွင် အခန်း စုစုပေါင်း ၂၃,၂၅၃ ခန်း ရှိသည်။၁၄,၄၈၄ ခန်း ရောင်းထွက်သွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၇၇,၆၉ ခန်းသာ ကျန်တော့သည်။

 

 စိတ်ဝင်စားမှု များသည့် နေရာမှာ ဖူးခက် အနောက်ခြမ်း ဖြစ်သည်။ ဈေးနှုန်းများမှာ ဘတ် ၅ သန်းမှ ၁၀ သန်းအထိ ဖြစ်သည်။

 

အပန်းဖြေအိမ်များအတွက် ဈေးကွက်သည်လည်း အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။

ယခုရောင်းချပေးမည့် စီမံကိန်း ၆၁ ခု ရှိပြီး အိမ်အလုံးရေ ၁,၁၀၈ ပါဝင်သည်။ စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၅၁ ဘီလီယံကျော်ဖြစ်ပြီး စံချိန်တင် ပမာဏ ဖြစ်သည်။

.

နေထိုင်ရန် အတွက်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဝယ်ယူကြသည့် ရုရှားဝယ်လက်များ တိုးပွားလာနေသည်။ အထူးသဖြင့် အပန်းဖြေနေရာများတွင် ဖြစ်သည်။

ထူးခြားချက်တခုမှာ ကာလရှည် အိမ်ရာတိုက်ခန်းအငှားနှင့် ကာရှည် ဟိုတယ်အခန်းအငှားတို့ ငှားရမ်းသည့် အစ္စရေးနိုင်ငံသားများ ပိုများလာခြင်း ဖြစ်သည်။ အထူးသဖြင့် ဇန်နဝါရီလတွင် သိသိသာသာ ပိုများခဲ့သည်။ 

.

ကွန်ဒိုမီနီယံဈေးကွက်တွင် Origin Property က ဈေးကွက်ဝေစု အများဆုံး ရထားသည်။

အပန်းဖြေအိမ် ဈေးကွက်တွင် Botanica Luxury Phuket က ဈေးကွက်ဝေစု အများဆုံး ရထားသည်။

 

Source thenationthailand 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Residential Read 256 times