ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသန်လျင်တံတားအမှတ်(၁)မှ သီလဝါအထူးစီးပွားရေးဇုန်အထိလေးလမ်းသွား ကားလမ်းဖောက်လုပ်မည်ဖြစ်ရာ ၁၈လခန့်သာကြာမြင့်မည်ဖြစ်ကြောင်းဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA)တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ယင်းစီမံကိန်းကိုတစ်နှစ်ခွဲအတွင်းစတင်ဖောက်လုပ်နိုင်ရန်စီစဉ်ထားပြီး သန်လျင်တံတားအမှတ်(၁)မှ သီလဝါအထူးစီးပွားရေးဇုန်အထိ လမ်းအရှည်၈ဒသမ ၇ကီလိုမီတာခန့်ရှည်လျားမည်ဖြစ်ပြီး
လမ်းစီမံကိန်း အတွက်၂ဝ၁၄ခုနှစ်တွင် Loan Agreementလက်မှတ်ရေးထိုးခဲ့ကြောင်း၊ODA Loan ကို Loan Agreementရေးထိုးပြီးချိန်မှစ၍၁ဝနှစ်အတွင်း ငွေပြန်လည်ပေးဆပ်ရန်မလိုဘဲ
၁၁နှစ်မှစတင်ကာနှစ်၃၀အတွင်း စီမံကိန်းအတွက်ကုန်ကျသည့်ချေးငွေပမာဏအတွက်သာပြန်လည်ပေးဆပ်ရမည်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းလေးလမ်းသွားလမ်းမကြီးအတွက်ဂျပန်ODAချေးငွေအမေရိကန်ဒေါ်လာ ၄၁ဒသမ၅၆သန်းအသုံးပြုမည် ဖြစ်ကြောင်းသိရသည်။
ထိုလေးလမ်းသွားလမ်းမကြီးအတွင်းပလက်ဖောင်းများ၊လမ်းမီးတိုင်များအပါအဝင်ရေမြောင်းများကိုနိုင်ငံတကာ အဆင့်မီတည်ဆောက်မည်ဖြစ်ပြီး
လေးလမ်းသွားစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Source:Myawady