ဧရာဝတီတိုင်းဒေသကြီးရှိ စီမံကိန်းများ


24 November, 2020

လက်ရှိအစိုးရသက်တမ်းမကုန်ခင် သုံးနှစ်တာကာလအတွင် ဧရာဝတီတိုင်းဒေသကြီး တွင် စီမံကိန်းကြီးများအကောင်အထည်ဖော်နိုင်ရေးလျာထားစီမံလျက်ရှိကြောင်း သိရသည်။

တိုင်းအစိုးရအဖွဲ့ထံမှ သိရသည့် အချက်အလက်များအရ ဧရာဝတီတိုင်းဒေသကြီးတွင် ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်း၊ကမ်းခြေပတ်လမ်း စီမံကိန်းနှင့်လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း

စသည့်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး လျာထားစီမံနေခြင်းဖြစ်ကြောင်းသိရသည်။

ငရုတ်ကောင်းတွင် Offshore Supply Base နှစ်ခု ခွင့်ပြုချက်ကျပြီးသားဖြစ်သည်။အကောင်အထည်ဖော်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှလည်း ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည်။

Offshore Supply Base သည် စင်ကာပူနှင့် ရနောင်းဘက်တွင် ရှိသည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လည်း ငရုတ်ကောင်းဒေသတွင်ဆောင်ရွက်ရန်ရှိပြီး ယင်းစီမံကိန်းမှ ရရှိနိုင်မည့်

ခန့်မှန်းပမာဏသည် လက်ရှိတစ်နိုင်ငံလုံး သုံးစွဲနေသည့် လျှပ်စစ်ပမာဏ၏ တစ်ဝက်ခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ပြည်တွင်း၊ပြည်ပ ခရီးသွားများ စိတ်ဝင်စားသည့် အပန်းဖြေကမ်းခြေများ တည်ရှိသဖြင့် ယင်းကမ်းခြေများကို တစ်ဆက်တည်း သွားနိုင်ရန် နှင့်

ငပလီကမ်းခြေထိခရီးဆက်နိုင်ရန် ကမ်းခြေ ပတ်လမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော်နိုင်ရေး စဉ်းစားထားကြောင်း သိရသည်။

Tourism Development အတွက် Coastal Road စဉ်းစားထားသည်။ပုသိမ် ငရုတ်ကောင်းကဲ့သို့ နေရာမှ သံတွဲ ထိ ကားနှင့် တောက်လျှောက်သွားမည်ဆိုလျှင် Tourism သည် Package Type နှင့် သွားလာနိုင်သည်။

ပုသိမ်လေယာဉ်ကွင်းသာအသုံးချနိုင်မည် ဆိုလျှင် Local ပဲဖြစ်ဖြစ်၊Oversea Tourism များလာလျှင် Beach များသို့ Shuttle Bus များနှင့် စီစဉ်ပေးလိုက်မည် ဟု သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အဓိက ကျသည့် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းမှ ထွက်ကုန်များကို ပြည်ပအထိ တိုက်ရိုက်တင်ပို့နိုင်မည်ဆိုလျှင် အကျိုးကျေးဇူးများစွာရှိမည်ဖြစ်ပါသဖြင့် River Port ထားရှိနိုင်ရန် နှင့်

စက်မှုဇုန်များ ဖွံ့ဖြိုးရေးကိစ္စရပ်များကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Local Read 41 times