ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလက်ရှိကောက်ခံလျက်ရှိသည့်အင်ဂျင်နီယာဌာန၊ အဆောက်အအုံဆိုင်ရာအခွန်အခများကိုယခုလမှစတင်ကာပြင်ဆင်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှသိရသည်။
အဆောက်အအုံ ဆောက်လုပ်ခွင့်၏ပုံစံစစ်ဆေးခနှင့် ကြိုတင်ဆောက်ဒဏ်ကြေးငွေနှုန်းထားများကို ဇွန်လကစပြီးပြင်ဆင်ကောက်ခံသွားမည်ဖြစ်သည်။
အဆောက်အအုံဆိုင်ရာ အခွန်အခများမှာအရင်ကထက်ထက်ဝက်နီးပါးလောက် မြင့်လာပါသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ပုံစံစစ်ဆေးခအနေနှင့် တိုက်အိမ်များအနေနှင့် မိသားစုနေအိမ်တစ်စတုရန်းပေလျှင် ၅၀ ကျပ်၊ စီးပွားရေးသုံး အဆောက်အအုံ(ကန်ထရိုက်တိုက်) တစ်စတုရန်း ပေလျှင် ၇၅ ကျပ်၊ အုတ်ညှပ်တိုက်တစ်စတုရန်းပေလျှင် ၃၀ ကျပ်၊ ပျဉ်ထောင်တစ်စတုရန်းပေလျှင် ၂၀ ကျပ်၊ ခြံစည်းရိုး အလျားတစ်ပေ လျှင် ၁၀ဝ ကျပ်နှင့်အကြီးစား ပြင်ဆင်ခွင့်တစ်စတုရန်း ပေလျှင် ၅၀ကျပ် ပြင်ဆင်ကောက်ခံမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှသိရသည်။
ကြိုတင်ဆောက်ဒဏ်ကြေးအဖြစ် မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ၅၀ဝ ကျပ်၊ စီးပွားရေးသုံး အဆောက်အအုံ (ကန်ထရိုက်တိုက်) တစ်စတုရန်းပေ လျှင် ၂၅၀ဝ ကျပ်၊ ခြံစည်းရိုး အလျား တစ်ပေလျှင် ၃၆၀ ကျပ်နှင့်ကျော်လွန်ဆောက်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင် ၁၅၀ဝ၀ ကျပ် ပြင်ဆင်ေ ကာက်ခံမည်ဖြစ်ကြောင်းအင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရ သည်။
ထို့ပြင် အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခြင်းအတွက်အာမခံကြေးအဖြစ်သုံးထပ်ခွဲနှင့်အထက် အဆောက်အအုံတစ်လုံးကို ကျပ်သိန်း ၅၀၊ သုံးထပ်တိုက်အဆောက်အအုံတစ်လုံးကို ကျပ်သိန်း ၃၀ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
imyanmarhouse