ရေပက်မဏ္ဍပ်လျာထားမှုကို ရေရရှိနိုင်မည့် အခြေအနေပေါ်မူတည်၍ သတ်မှတ်ခြင်းဖြစ်သည်။
လမ်းအပိုင်းအလိုက် ခွင့်ပြုနိုင်သော အရေအတွက် ထက်ပိုမိုလျှောက်ထားလာပါက ဦးစွာ လျှောက်ထားသူများအား နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
မဏ္ဍပ်များသည် မီးပွိုင့်လမ်းဆုံမှ ပေ(၃ဝဝ)အကွာတွင်ဆောက်လုပ်ရမည်။မဏ္ဍပ်တစ်ခုနှင့် တစ်ခုသည် ပေ(၂ဝဝ)အကွာတွင်ဆောက်လုပ်ရမည်။မဏ္ဍပ်တည်ဆောက်လိုသူများသည်
သက်ဆိုင်ရာအိမ်ရှင်၊မြေရှင်၊ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ တည်ဆောက်ရမည်ဖြစ်သည်။
ဖျော်ဖြေရေးမဏ္ဍပ်များကို မော်တော်ယာဉ်သွားလမ်းကြောင်း ၏ လက်ဝဲ၊လက်ယာတွင်ဆောက်လုပ်နိုင်ပြီး ရေကစားမဏ္ဍပ်များကို ယာဉ်သွားလမ်းကြောင်း၏ လက်ယာဘက်တွင်သာ
ဆောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။
မဏ္ဍပ်အရွယ်အစားသတ်မှတ်ခြင်း
(၁) မဏ္ဍပ်အကြီး(အလျား ၁၂ဝပေ မှ ၁၅ဝပေ)၊အကျယ်(၄ဝပေ)၊အမြင့်(၈+၁၂ပေ)
(၂)မဏ္ဍပ်အလတ်(အလျား ၅ဝပေ မှ ၁၁ဝပေ)၊အကျယ်(၃ဝပေ)၊အမြင့်(၆+၁၂ပေ)
ရေအသုံးပြုခများ
(၁) ကော်မတီ ပိုင်ရေပိုက်လိုင်းများမှ ဆက်သွယ်အသုံးပြုပါက-
(က)၁” ပိုက်ဖြင့် ၂,ဝဝဝဝဝ/-
(ခ)၁.၅” ပိုက်ဖြင့် ၃,ဝဝဝဝဝ/-
(ဂ)၂” ပိုက်ဖြင့် ၄,၃ဝဝဝဝ/-
(၂)အင်းလျားကန်မှ ဆက်သွယ်အသုံးပြုပါက-
(က)၃”ပိုက်ဖြင့် ၄,ဝဝဝဝဝ/-
(ခ)၄”ပိုက်ဖြင့် ၆,၅ဝဝဝဝ/-
(ဂ)၆”ပိုက်ဖြင့် ၁ဝ,ဝဝဝဝဝ/-
(၃)အာမခံစပေါ်ငွေ
(က)မဏ္ဍပ်အကြီး ၂ဝဝ,ဝဝ,ဝဝဝ/-
(ခ)မဏ္ဍပ်အလတ် ၁ဝဝ,ဝဝ,ဝဝဝ/-
(၄)သန့်ရှင်းရေးဆောင်ရွက်ခ
(က) မဏ္ဍပ်အကြီး ၁,ဝဝ,ဝဝဝ/-
(ခ)မဏ္ဍပ်အလတ် ၄ဝ,ဝဝဝ/-
(ဂ) မဏ္ဍပ်အသေး ၂ဝ,ဝဝဝ/-
(၅)မြေအသုံးပြုခ
(က)မဏ္ဍပ်အကြီး ၇ဝ,ဝဝဝ/-
(ခ)မဏ္ဍပ်အလတ် ၅ဝ,ဝဝဝ/-
(၆) ခွင့်မပြုသောလမ်းများ
(က)ကမ္ဘာအေးဘုရားလမ်း
(ခ)ကန်တော်ကြီးပတ်လမ်း
(ဂ)တက္ကသိုလ်ရိပ်သာလမ်း(ကမ္ဘာအေး ဘုရားလမ်းနှင့် အင်းလျားလမ်းကြား)
***လျှောက်လွှာပုံစံများမှာ ယခင်နှစ်အတိုင်းဖြစ်သည်။***
ကားရေပက်ခံလမ်းကြောင်းများ (၁)ဝေဇယန္တာလမ်း၊(၂)ပါရမီလမ်း၊(၃)မင်းဓမ္မလမ်း၊(၄)ကျိုက်ဝိုင်းဘုရားလမ်း၊(၅)ပြည်လမ်း၊(၆)တက္ကသိုလ်ရိပ်သာလမ်း၊(၇)စက်မှု(၁)လမ်း၊(၈)ဗိုလ်ချုပ်လမ်း၊(၉)အနော်ရထာလမ်း၊
(၁ဝ)မဟာဗန္ဓုလမ်း၊(၁၁)ကုန်သည်လမ်း၊ (၁၂) ပုဇွန်တောင်လမ်းမကြီး၊(၁၃)သံသုမာလမ်း၊(၁၄)ကြည့်မြင်တိုင်ကမ်းနားလမ်း (၁၅)ကြည့်မြင်တိုင်ကမ်းနားလမ်း
စတုဒီသာ၊လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာများ
(၁)မဟာဗန္ဓုလပန်းခြံ
(၂)ကန်တော်ကြီးမြေပဒေသကျွန်း
(၃)ကန်တော်မင်ပန်းခြံ
စတုဒီသာကျွေးမည့်နေရာမှာ သခင်မြပန်းခြံဖြစ်ကြောင်း သိရသည်။