ယခုနှစ်အတွင်းစတင်တည်ဆောက်တော့မည့်ပြည်သူ့အိမ်ရာများ


02 November, 2020

 

ပြည်နယ်နှင့်တိုင်းအသီးသီးတွင်ပြည်သူ့အိမ်ရာများကိုအစိုးရဦးစီးမှုဖြင့်ယခုနှစ်အတွင်းစတင်အကောင်အထည် ဖော်တည်ဆောက်သွားမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှဆောက်လုပ်ရေးလုပ်ငန်း ရှင်များကပြောကြားကြောင်းသိရသည်။

ပြည်သူ့အိမ်ရာဟုအမည်ပေးထားသောတန်ဖိုးသင့်အိမ်ရာများအားယခုနှစ်အတွင်းစတင်ဆောက်လုပ်ပေးရန်အစိုးရနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊အိမ်ရာများ အားအစိုးရမှဦးစီးအကောင်အထည်ဖော်မှာဖြစ်ပြီးမြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှလုပ်ငန်းရှင် များမှတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းကိုမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိ သူတစ်ဦးကပြောကြားကြောင်းသိရသည်။

ပြည်သူ့အိမ်ရာများစတင်တည်ဆောက်ရန်လာမည့်နှစ်တွင်ပင်စင်ယူမည့်အစိုးရဝန်ထမ်းများအရေအတွက်နှင့် ဝယ်ယူလိုရာမြို့နယ်များကိုစာရင်းကောက်ယူနေပြီးယခုချိန်တွင်စာရင်းကောက်ယူမှုများတစ်ဝက်ပြီးစီးနေပြီဖြစ် ကြောင်းမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှပြောကြားကြောင်းသိရသည်။

စာရင်းကောက်ယူမှုများအရဖြေဆိုသူများဝယ်ယူလိုသောမြို့နယ်များတွင်ပြည်သူ့အိမ်ရာများကိုတည်ဆောက် သွားမည်ဖြစ်ပြိးရန်ကုန်တိုင်းဒေသကြီးအစိုးရရေးဆွဲထားသောမြို့မြေအသုံးချမှုဇုန်(Tower Plan)နှင့် ကိုက်ညီသောမြို့နယ်များတွင်အိမ်ရာများကိုဦးစားပေးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ပြည်သူ့အိမ်ရာများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆောက်လုပ်မည်ဖြစ်သော်လည်း ယင်းအိမ်ရာများတည်ဆောက် ခြင်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနကကြီးကြပ်မည်ဖြစ်ပြီးအိမ်ရာရောင်းချရေးများကိုလည်းအစိုးရကပင်တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထိုပြည်သူ့အိမ်ရာများကိုအစိုးရ၏ဘတ်ဂျက်ငွေကိုအသုံးမပြုပဲတည်ဆောက်အကောင်အထည်ဖော်သွားမည်ဖြစ် ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်အိမ်ရာဝယ်ယူမည့်သူများသည်ဘဏ်ချေးငွေကိုသာအသုံးပြုရမည်ဖြစ် ကြောင်းသိရသည်။

ထိုပြည်သူ့အိမ်ရာများကိုအစိုးရ၏ဘတ်ဂျက်နှင့်တည်ဆောက်မည်မဟုတ်ပဲမြန်မာ့စီးပွားရေးဘဏ်မှအဓိကငွေ ချေးပေးမည်ဖြစ်ကြောင်း၊အစိုးရ၏နိုင်ငံတကာစီးပွားရေးထောက်ပံ့ငွေလည်းပါမည်ဖြစ်ကြောင်းသိရသည်။နိုင်ငံတကာချေးငွေမှတစ်ဆင့်မြန်မာ့စီးပွားရေးဘဏ်နှင့်ပုဂ္ဂလိဘဏ်များအားချေးပေးမှာဖြစ်ပြီးထိုမှတဆင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်အိမ်ရာဝယ်ယူလိုသူများအားချေးပေးမည်ဖြစ်ကြောင်းသိရသည်။

ယင်းပြည်သူ့အိမ်ရာများကိုအများဆုံးခြောက်ထပ်အထိတည်ဆောက်သွားမည်ဖြစ်ကာအိမ်ရာများမှာတစ်ခန်း လျှင်စတုရန်းပေ၄၅၀မှ၆၀၀အထိကျယ်ဝန်းမည်ဖြစ်ပြီးတန်ဖိုးမှာလည်းတစ်ခန်းလျှင်ကျပ်သိန်း၁၀၀မှ၂၀၀ကြားအတွင်းရှိမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့အိမ်ရာများသည်တည်နေရာ၊အကျယ်အဝန်းနှင့်မြေများပေါ်မူတည်ပြီးဈေးနှုန်းများကွာခြားသွားမည်ဖြစ် ကြောင်းသိရသည်။မြို့နယ်အချို့အားအစိုးရမှမြေပေးမည်ဆိုလျှင်အိမ်ဈေးအနည်းငယ်သက်သာမည်ဖြစ်ပြီးမြေ ပါလျှင်ဆောက်လုပ်ရေးလုပ်ငန်းရှင်မှဝယ်ယူရမည်ဆိုလျှင်တိုက်ခန်းဈေးအနည်းငယ်မြင့်တက်သွားမည်ဖြစ် ကြောင်းသိရသည်။

ထို့ပြင်ယင်းအိမ်ရာများရောင်းချရန်လက်ငင်းငွေချေရမည့်ငွေပမာဏ၊အရစ်ကျငွေပေးသွင်းနိုင်သောနှစ်ကာလ နှင့်အတိုးနှုန်းများနေခြင်းဖြစ်ပြီးလက်ရှိဘဏ်အတိုးနှုန်း၁၃ရာခိုင်နှုန်းထက်လျှော့နည်းစေရန်ဆွေးနွေးညှိနှိုင်းနေ သည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

ယခုနှစ်အတွင်းစတင်တည်ဆောက်မည့်ပြည်သူ့အိမ်ရာများကိုတည်ဆောက်မည့်မြို့နယ်နှင့်မြေအမျိုးအစားပေါ် မူတည်ပြီးPrecastစနစ်၊Steel Structureစနစ်နှင့်RCစနစ်များဖြင့်ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့အိမ်ရာများကိုရန်ကုန်မြို့တော်တွင်သာမကမန္တလေး၊နေပြည်တော်နှင့်အခြားပြည်နယ်နှင့်တိုင်းအသီးသီးရှိမြို့တော်များတွင်လည်းဆောက်လုပ်ရန်လျာထားပြီးယခုအချိန်တွင်အစိုးရရုံးများတည်ရှိရာနေပြည်တော်တွင် စတင်ဆောက်လုပ်ရန်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

ထို့ပြင်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှအဆောင်နေထိုင်သူများပြားသောရန်ကုန်နှင့် မန္တလေးမြို့တွင်အငှားချအိမ်ရာများယခုနှစ်အတွင်းစတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီးတစ်ခန်းလျှင်တစ်လ ၃သောင်းကျပ်ဖြင့်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းကိုလည်းသိရသည်။

imyanmarhouse

Local Public Housing Read 71 times