စစ်ကိုင်းမြို့ ပြည်သူ့ အငှားအိမ်ရာများ


27 October, 2020

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက် နွားပွဲဈေးအနီးတွင် တည်ဆောက်နေသည့် အငှားအိမ်ရာများတည်ဆောက်မှုမှာ ၁၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ထိုအိမ်ရာစီမံကိန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် စစ်ကိုင်းမြို့ဆွမ်းချက်ရပ်၊ နွားပွဲဈေးမြောက်ဘက်ရှိ စည်ပင်သာယာပိုင်မြေ သုညဒသမ ၁ ဧကပေါ်တွင် J Full Light Construction နှင့် Grand Lotus Construction တို့မှ ဒီဇင်ဘာ ၁၆ ရက်မှ စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့တွင် တည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာနှစ်လုံးမှာ ၁၂ ခန်းတွဲလေးထပ်အဆောက်အအုံ၊ မီးအပြည့်အစုံပါဝင်မည်ဖြစ်သောကြောင့် အိမ်ထောင်စု ၉၆ စုအသင့်နေထိုင်နိုင်မည်ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက စစ်ကိုင်းမြို့နယ်အတွင်းမှ ဝင်ငွေနည်းပြည်သူများအား သက်ဆိုင်ရာ များမှ စိစစ်နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။

Democracy today

Public Housing Read 66 times