စည်ပင်ပိုင် အဆင့်မြင့်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၅၀ ကျော် လေလံတင်မည်


26 October, 2020

ရွှေမြယာအဆင့်မြင့်အိမ်ရာစီမံကိန်းမှအခန်းပေါင်း၅၂ခန်းနှင့်အလုံမြို့နယ်ရွှေဇမ္ဗူ River Complex မှမြေညီထပ်နှင့်ပထမထပ်တို့ကိုလေလံတင်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန် ကြေငြာသည်။

လေလံတင်ရောင်းချရာတွင်အလုံးလိုက်၊အလွှာလိုက်ရောင်းချခြင်းမျိုးများပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ရွေမြယာအိမ်ရာစီမံကိန်းမှအခန်းပေါင်း၅၂ခန်းလုံးအားတိုက်အလုံးလိုက်ဝယ်ယူလိုသူအားလေလံတင်ရောင်းချ မည်ဖြစ်ပြီး  ရွှေဇမ္ဗူ River Complex မှမြေညီထပ်နှင့်ပထမထပ်တို့ကိုအလွှာလိုက်ရောင်းချမည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကဆောက်လုပ်ရေးကုမ္ပဏီများနှင့်အကျိုးတူတည်ဆောက်သည့်အိမ်ရာစီမံကိန်းများရောင်းချလျက်ရှိရာယခုအခန်းများမှာရောင်းချရန်ကျန်ရှိနေသေးသည့်အခန်းများဖြစ်သည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းများ၏တန်ဖိုးမှာတစ်ပေပတ်လည်ဖြင့်တွက်ချက်၍ပေကျယ်အခန်းများဖြစ်သောကြောင့်အနည်းဆုံးကျပ်သိန်းနှစ်ထောင်မှစတင်ပြီးစာချုပ်ချုပ်ဆိုသည့်နေ့မှအခန်းလွဲှပြောင်းယူချိန်အထိရာခိုင်နှုန်းအလိုက်ငွေပေးသွင်းရမည်ဖြစ်ကြောင်းသတ်မှတ်ထားသည်။

ယခုရောင်းချသည့်ရွှေမြယာစီမံကိန်းအပြင်ရန်ကင်း၊အလုံ၊မရမ်းကုန်း၊လမ်းမတော်၊သင်္ဃန်းကျွန်းမြို့နယ်များတွင်စည်ပင်သာယာရေးကော်မတီကပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းတည်ဆောက်နေသည့်တန်ဖိုးမြင့်အိမ်ရာစီမံကိန်းများစွာရှိပြီးအဆောက်အအုံများပြီးစီးပါကရောင်းချမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာထားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကယခုကဲ့သို့တန်ဖိုးမြင့်အိမ်ရာစီမံကိန်းများအပြင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဖြစ်သည့်ဗိုလ်ဗထူး၊ဗိုလ်မင်းရောင်အိမ်ရာစီမံကိန်းများကိုလည်း၂၀၁၄နှစ်ကုန်ကစတင်ပြီးမဲဖောက်ရောင်းချပေးလျက်ရှိသည်။

Public Housing Read 70 times