Pyae Tower Residence


27 October, 2020

Pyay Tower Residence စီမံကိန်းကို ပြည်လမ်း၊ ရန်ကုန်မြို့တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းကို Noble Twin Dragons ကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ထားပြီး Spine Architect မှဒီဇိုင်းရေးဆွဲထားသည်ဟု သိရသည်။

ထိုစီမံကိန်းကို မြေဧရိယာ ၂ ဧကပေါ်တွင် တည်ဆောက်လျှက်ရှိကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ရုံးခန်းတာဝါနှင့် လူနေအိမ်တာဝါဟူ၍ တာဝါနှစ်ခုပါဝင်မည်ဟု သိရသည်။

ထိုစီမံကိန်းတွင်ပါဝင်သောလူနေအိမ်အဆောက်အဦးတွင် အထပ်ပေါင်း ၃၀ ပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၂၅၀ ကျော်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် ပါဝင်သောရုံးခန်းတာဝန်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

စီမံကိန်းတွင် ပါဝင်သော ရုံးခန်းတာဝါတွင် အထပ်ပေါင်း ၂၃ ထပ်နှင့် basement ၃ ထပ်ပါဝင်မည်ဟု သိရသည်။

ယင်းစီမံကိန်းတွင်ပါဝင်သောရုံးခန်းတာဝါ၏ မြေညီထပ်မှငါးလွှာအထိ shopping centre ထားရှိမည်ဟု သိရသည်။

ထိုရုံးခန်းတာဝါ၏ basement ၃ ထပ်တွင် ကားပါကင်ထားရှိမည်ဟုသိရသည်။

ယင်းတာဝါတွင် ပါဝင်သောအခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၆၀၀ မှ စတုရန်းပေ ၂၀၀၀ ကျော်အထိရှိမည် ဖြစ်ကြောင်းသိရသည်။

ထိုတာဝါတွင်ပါဝင်သော အခန်းpricing မှာ စတုရန်းတစ်ပေလျှင် အမေရိကန်ဒေါ်လာ ၆၀၀ ကျသင့်မည်ဖြစ်ပြီး ငွေပေးချေမှုမှာ သုံးနှစ်အရစ်ကျပေးချေရမည်ဟု သိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from nobletwindragons website,tsc website,dot property,the jarkatarpost website.

Mixed Use and Urban Read 94 times