Pyay Garden စီမံကိန်းကို အမှတ် ၃၄၆/၃၅၄၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်တွင် တည်ဆောက် ထားကြောင်း သိရသည်။
ယင်းစီမံကိန်းကို စင်ကာပူနိုင်ငံမှ ADDP Architects မှ ဒီဇိုင်းရေးဆွဲထားပြီး ဇေကမ္ဘာကုမ္ပဏီအုပ်စုမှ တာဝန်ယူဆောက်လုပ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို ၂၀၀၀ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး တာဝါနှစ်ခု ပါဝင်ပါသည်။
ထိုစီမံကိန်းအကျယ်အဝန်းမှာ ၂.၇၉ ဧကရှိပြီး အထပ်ပေါင်း ၉ ထပ်ပါဝင်သော Office Tower တစ်ခု၊ အထပ်ပေါင်း ၂၅ ထပ်ပါဝင်သော လူနေအဆောက်အဦး တစ်လုံးပါဝင်ကြောင်းသိရသည်။
Pyay Garden Office Tower
ထိုတာဝါ ကို ၂၀၁၅ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ယင်းတာဝါတွင် အလွှာပေါင်း ၇ လွှာပါဝင်ပြီး basement တွင် canteen ၄ ခုနှင့် ground floor တွင် စားသောက်ဆိုင်ပါဝင်ကြောင်းသိရသည်။
အခန်းအကျယ်အဝန်းမှာ ၅၀ စတုရန်းမီတာမှ ၂၀၀ စတုရန်းမီတာခန့်အထိကျယ်ဝန်းပြီး ၁ စတုရန်းပေလျှင် ၅၀ ဒေါ်လာခန့် ရှိနိုင်ကြောင်းသိရသည်။
ငှားရမ်းမှုမှာ တစ်နှစ်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး ၃ လ deposit ထားရမည်ဖြစ်သည်။
အခန်းငှားရမ်းခကို ၃ လတစ်ကြိမ်ဖြင့် ၄ ကြိမ်ခွဲပေးနိုင်ကြောင်းသိရသည်။
အခန်းငှားခမှာ တစ်လလျှင် ၂,၇၈၇ ဒေါ်လာမှ ၄၇,၇၅၀ ဒေါ်လာခန့်အထိ ရှိကြောင်းသိရသည်။
ကားတစ်စီးအတွက် ဒေါ်လာ ၄၀ ဖြင့် ကားပါကင်နေရာကို ဝယ်ယူရမည်ဟု သိရသည်။
Pyay Garden Residence
ယင်းတာဝါတွင် အထပ်ပေါင်း ၂၅ ထပ်ပါဝင်ပြီး ၁ လွှာတွင် ၈ ခန်း ပါဝင်ကြောင်းသိရသည်။
ထိုအဆောက်အဦး၏ ၂၂ လွှာထိကို ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ၂၄ လွှာနှင့် ၂၅ ထပ်တွင် Penhouse ထားရှိသည်ဟု သိရသည်။
အဆောက်အဦး၏ ground floor တွင် ရေကူးကန် ပါဝင်မည်ဖြစ်ပြီး ၂ လွှာတွင် spa နှင့် ကလေးအားကစားခန်းစသော facilities များ ပါဝင်ကြောင်းသိရသည်။
ယင်းတာဝါ၏ သုံးလွှာတွင် အားကစားခန်းမ၊ စားသောက်ဆိုင်များလည်း ပါဝင်မည် ဖြစ်သည်။
ထိုအဆောက်အဦးတွင် C1 နှင့် C2 အခန်းအမျိုးအစားနှစ်မျိုးပါဝင်ပါသည်။C1 မှာ ၁၂၈၃ စတုရန်းပေ နှင့် C2 မှာ ၁၄၀၄ စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်းသုံးခန်းပါဝင်ပါသည်။
အခန်းငှားရမ်းခမှာ တစ်လလျှင် ဒေါ်လာ ၃,၀၀၀ ကျော်မှဒေါ်လာ၅,၀၀၀ ကျော်ထိရှိပြီး အလွှာမြင့်လေ ဈေးပိုမြင့်လေ ဖြစ်သည်။
အခန်းဝယ်ယူပါက အခန်းpricing မှာ စတုရန်းတစ်ပေလျှင် ကျပ် လေးသိန်းကျသင့်မည် ဖြစ်ကြောင်းသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from phone, Myanmar times.