ပြည်ထောင်စုလွှတ်တော်မှာအိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို ပြဋ္ဌာန်းလိုက်ပြီ


03 December, 2020

ပြည်ထောင်စုလွှတ်တော်မှာအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို ပြဋ္ဌာန်းလိုက်ပြီး အခန်း ၁၃ ခန်းပါဝင်တယ် လို့ သိရပါတယ်။

အခန်း (၁) အမည်၊ စတင်အာဏာတည် ခြင်းနဲ့ အဓိပ္ပာယ်ဖော်ပြချက်

(၁)(က) အိမ်ခြံမြေဆိုတာ နေထိုင်ဖို့ သို့ မဟုတ် လုပ်ငန်းလုပ်ကိုင်ဖို့ ဆောက်လုပ် ထားတဲ့အိမ်၊ အိမ်ခန်း၊ တိုက်၊ တိုက်ခန်း၊ ကွန်ဒို၊ စက်ရုံ၊သိုလှောင်ရုံ၊ ပြခန်း၊ ဟိုတယ် ခန်း၊တည်းခိုခန်း၊ ဆိုင်ခန်း စတဲ့

အ ဆောက် အအုံတွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေ၊ ဥပစာတွေ၊ အိမ်မြေ၊ ခြံမြေ၊ စက်မှုလုပ်ငန်း မြေ၊ စီးပွားရေးလုပ်ငန်းသုံးမြေ၊ ဥပဒေနဲ့ အညီ လွှဲပြောင်းရောင်းချခွင့်ရှိတဲ့ မြေအမျိုးမျိုး ကို ဆိုပါတယ်။

(၂)( ခ ) ဝန်ဆောင်မှုဆိုတာ အိမ်ခြံမြေတစ် ခုခုကို ရောင်းဝယ်ငှား ပေးကမ်း လဲလှယ်၊ တစ်နည်းအားနဲ့ လွှဲပြောင်းခြင်း၊ ဘဏ်ချေးငွေရဖို့ ဆောင်ရွက်ရတာတွေ၊ အတိုင်ပင်ခံ တာတွေ၊ တန်ဖိုးသတ်မှတ်တာတွေ၊

ဝန် ဆောင်မှုလုပ်ငန်း အပ်နှံသူကိုယ်စား ကိုယ် စားလှယ်အဖြစ် ဆောင်ရွက်တာတွေ စတဲ့ လုပ်ငန်းစဉ်တစ်ရပ်ရပ်မှာဝန်ဆောင်ခရယူ ပြီး ပါဝင်ဆောက်ရွက်ခြင်းကို ဆိုပါ တယ်။( ဂ ) ဝန်ဆောင်မှုပေးသူဆိုတာ

အိမ်ခြံ မြေ ဝန်ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္မဏီတစ်ခုခုကို ဆိုပါတယ်။ လိုင်စင်ရရှိ သူနဲ့လိုင်စင်ရှိပြီး သဘောတူစာချုပ်တစ်ရပ်ရပ်နဲ့ စည်းကမ်းတွေ သတ်မှတ်ပြီး

အိမ် ခြံမြေအကျိုးဆောင် လုပ်ပိုင်ခွင့်ပေးအပ် ခြင်းခံရတဲ့ အကျိုးဆောင်ကိုယ်စားလှယ်လည်း ပါဝင်ပါတယ်။

(၃)(ဃ) ဝန်ဆောင်ခဆိုတာ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအတွက် ဝန်ဆောင်မှု ပေးသူနဲ့ ဝန်ဆောင်မှုရယူသူနှစ်ဦးသဘော တူ ညှိနှိုင်းသတ်မှတ်ချက်အရ ဝန်ဆောင်မှု ပေးသူက ရပိုင်ခွင့်ရှိတဲ့ အဖိုးအခကို ဆိုပါတယ်။

 

( င ) ဝန်ကြီးဌာနဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကို ဆိုပါတယ်။

 

( စ ) ဦးစီးဌာနဆိုတာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနကို ဆိုပါတယ်။

 

(ဆ) ဗဟိုကော်မတီဆိုတာ ဥပဒေအရ ဖွဲ့စည်းတဲ့ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ကြီးကြပ်ရေးဗဟိုကော်မတီကို ဆိုပါတယ်။

 

( ဇ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေးကော်မတီဆိုတာ ဥပဒေ အရ ကော်မတီက ဖွဲ့စည်းတဲ့ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် အိမ်ခြံမြေဝန် ဆောင်မှု ကြီးကြပ်ရေးကော်မတီကို ဆိုပါ တယ်။

နေပြည်တော်ကောင်စီနယ်မြေ ကြီး ကြပ်ရေးကော်မတီလည်း ပါဝင်ပါတယ်။

 

( ဈ )လိုင်စင်ဆိုတာ အိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်မှု ကော်မတီက ဥပဒေနဲ့အညီ ထုတ်ပေးတဲ့ ယာယီခွင့်ပြုလက်မှတ်ပါတယ်။

 

(ည) ယာယီလိုင်စင် ဆိုတာအိမ်ခြံ မြေဝန် ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်မှုကော်မတီက ဥပဒေနဲ့အညီ ထုတ်ပေးတဲ့ ယာယီခွင့်ပြုလက်မှတ်ဖြစ်ပါ တယ်။

 

( ဋ ) ဝန်ဆောင်မှုရယူသူ ဆိုတာ ဝန် ဆောင်မှုလုပ်ငန်းတစ်ရပ်ရပ်အတွက် ဝန်ဆောင်မှုပေးသူကို အဖိုးစားနားပေးပြီး လုပ်ငန်းအပ်နှံသူကို ဆိုပါတယ်။

အခန်း (၂) ရည်ရွယ်ချက်များ

(၄)ဥပဒေ ရဲ့ ရည်ရွယ်ချက်တွေမှာ

(က) စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျဆောင်ရွက်မယ့် အိမ်ခြံမြေဝန်ဆောင်မှုပေါ်ထွန်းလာစေဖို့ ၊ (ခ) အိမ်ခြံမြေ ဈေးကွက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြနိုင်ဖို့၊

( ဂ )ဝန်ဆောင်မှု ပေးသူနဲ့ ဝန်ဆောင်မှုရယူသူ နှစ်ဦးနှစ်ဖက် ဥပဒေနဲ့အညီ အကျိုးခံစားခွင့်ရှိစေဖို့၊ (ဃ) ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်း၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊

ပြည်တွင်းပြည်ပအဖွဲ့အစည်းနဲ့ ပုဂ္ဂလိကတွေအကြား ပူးပေါင်းဆောင်ရွက်မှု တွေ တိုးမြှင့်နိုင်စေရန် ဖြစ်ပါတယ်။

အခန်း (၃) ဗဟိုကော်မတီဖွဲ့စည်းခြင်းနဲ့ လုပ်ငန်းတာဝန်များ

(၅) ပြည်ထောင်စုအစိုးရအဖွဲ့မှာ-(က) ဥပဒေ ပါ ပြဋ္ဌာန်းချက်တွေကို ထိထိ ရောက် ရောက် အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး အတွက် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ် ဦးကို ဥက္ကဋ္ဌ အဖြစ်လည်း ကောင်း၊

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေး မှူး အဖြစ် သက်ဆိုင် ရာ အစိုးရဌာနနဲ့ စည် ပင် သာယာရေးကော် မတီက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အိမ်ခြံ မြေဝန်ဆောင်မှု

လုပ်ငန်းဆိုင်ရာ အသင်း အဖွဲ့တွေက ရွေး ချယ် ပေးတဲ့ ကိုယ်စားလှယ်တွေက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အိမ် ခြံမြေဝန်ဆောင်မှု လုပ်ငန်းကြီးကြပ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းတဲ့ ဗဟိုကော်မတီကို လိုအပ်ရင်ပြင် ဆင်ဖွဲ့စည်းနိုင်ပါ တယ်။

(၆)ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘော တူညီချက်နဲ့ အိမ်ခြံမြေဝန်ဆောင်မှု လုပ် ငန်း ဆိုင်ရာ မူဝါဒတွေ ချမှတ်တာတွေ၊

(ခ) အိမ်ခြံမြေဝန်ဆောင်မှု အသင်း ဖွံ့ဖြိုး တိုး တက်လာစေဖို့ ကြီးကြပ်တာတွေ၊ (ဂ) အိမ် ခြံမြေဝန်ဆောင်မှု လုပ်ငန်းနဲ့ စပ်လျဉ်း ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့ အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့

ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်တာတွေ၊ (ဃ) အိမ်ခြံ မြေ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ သင်တန်းတွေနဲ့ စပ်လျဉ်းပြီး ပြဋ္ဌာန်းသင့်တဲ့ဘာသာရပ်၊သင်ရိုးညွှန်းတမ်း၊ သင်တန်းကာလနဲ့ သင်တန်းအမျိုးအစား၊

သင်တန်းအောင် မြင် မှု အဆင့်အတန်းတွေကို သတ်မှတ်ပေး ခြင်းဖြစ်ပါတယ်။

( င ) အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူတွေက လိုက်နာ စောင့်ထိန်းရမယ့် စည်းကမ်းတွေကို သတ်မှတ်ပေးတာတွေ၊ (စ) ပြည်တွင်းပြည်ပ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက် သွယ်ပေးတာတွေ၊

(ဆ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးကော်မ တီတွေက ဖွဲ့စည်းတာဝန်ပေးအပ်တာတွေ၊ (ဇ) လိုင်စင်အမျိုးအစား၊ လိုင်စင် ကြေးနဲ့ လိုင် စင် စည်းကမ်းတွေ သတ်မှတ် ပေးတာတွေ၊ (ဈ) မိမိရဲ့ အဖွဲ့ဝင်ပဲဖြစ်ဖြစ်၊

အခြားသင့်လျော်တဲ့ နိုင်ငံသားပဲဖြစ်ဖြစ် လိုအပ်တဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ ဖွဲ့ စည်း ပြီး လုပ်ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်မှတ် ပေးတာတွေ၊ (ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေး ကော်မတီရဲ့

လုပ်ငန်းတွေကို ကြီးကြပ်တာ နဲ့လိုအပ်ရင် စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။

အခန်း (၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးကော်မတီဖွဲ့စည်းတာနဲ့ လုပ်ငန်းတွေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်

(၇)ဗဟိုကော်မတီမှာ “(က) ဥပဒေပါ ပြဋ္ဌာန်း ချက်တွေကို အကောင်အထည် ဖော် ဆောင်ရွက်ရန်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေးကော်မတီ တွေကအောက်ပါအတိုင်း ဖွဲ့စည်းရမှာ ဖြစ်ပါ တယ်။

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အစိုးရအဖွဲ့ဝန်ကြီး-ဥက္ကဋ္ဌ သို့မဟုတ် နေပြည်တော်ကောင်စီ၊ (၂) ညွှန်ကြားရေး မှူး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန- အဖွဲ့ဝင် (၃) တိုင်းဒေသကြီး

သို့မဟုတ် ပြည်နယ် ဦးစီးဌာနမှူး လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်း အင်း ဦးစီးဌာန-အဖွဲ့ဝင်၊(၄) တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီး ဌာနမှူး ပြည်တွင်းအခွန်များဦးစီးဌာန အဖွဲ့ဝင်၊

(၅) ဌာနမှူး နေပြည်တော်စည်ပင် သာယာရေး ကော်မတီ -အဖွဲ့ဝင်၊ (၆) ဌာန မှူး မြို့တော် စည်ပင်သာယာရေး ကော်မ တီ သို့မဟုတ် ညွှန်ကြားရေးမှူး တိုင်း ဒေ သကြီး-အဖွဲ့ဝင်၊

(၇) အိမ်ခြံမြေဝန် ဆောင် မှု လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေက ရွေးချယ်တာဝန်ပေး တဲ့ ကိုယ်စားလှယ် နှစ် ဦး- အဖွဲ့ဝင်၊ (၈) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ညွှန်ကြားရေးမှူး  -အတွင်းရေး မှူး ဖြစ်ရမှာ ဖြစ်ပါတယ်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (ခ)  ပုဒ်မ (က)အရ ဖွဲ့စည်းတဲ့ တိုင်းဒေသ ကြီးသို့မဟုတ်  ပြည်နယ်ကြီးကြပ်ရေးကော်မတီကို လိုအပ်ရင် ပြင်ဆင်ဖွဲ့စည်း နိုင်ပါတယ်။

(၈)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကြီးကြပ်ရေးကော်မတီရဲ့လုပ်ငန်းတာဝန် တွေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(က) ဗဟိုကော်မတီ က ချမှတ်တဲ့ မူဝါဒ တွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်တာတွေ (ခ) အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြီး ကြပ်ဆောင်ရွက်တာတွေ

(ဂ) အိမ်ခြံမြေ ဝန် ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ် သို့မဟုတ် ကုမဏီတွေကို ကြီးကြပ်တာ တွေ (ဃ) အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက် နဲ့ အခက်အခဲတွေကို

ဗဟိုကော်မတီကို တင်ပြတာ တွေ(င) ယာယီလိုင်စင်လျှောက်ထားချက် တွေကို စိစစ်တာတွေ၊ မှတ်ပုံတင်တာတွေ၊ ယာယီလိုင်စင် ထုတ်ပေးတာတွေ သို့မ ဟုတ် ထုတ်ပေးရန် အတွက် ငြင်းဆိုခြင်း ၊

လိုင်စင်ဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်တာ တွေ (ဆ) လိုင်စင်လျှောက်ထားချက်တွေ ကို စိစစ်တာတွေ ၊ မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းဆိုခြင်း(ဇ) ဝန်ဆောင်မှု ပေးသူကို

တိုင်ကြားလာရင် မှန်ကန်မှု ရှိ မရှိ စိစစ်ဆုံးဖြတ် ခြင်းနဲ့ လိုအပ်တဲ့  အရေးယူမှုတွေ ဆောင်ရွက်တာတွေ (ဈ) လိုင်စင်စည်းကမ်း ဖောက်ဖျက်ကြောင်း စိစစ်တွေ့ရှိရင် လိုင်စင်ကို ကန့်သတ်ထားတဲ့ ကာလအတွင်း

ယာယီရပ်ဆိုင်းတာတွေ သို့မဟုတ် လိုင်စင်ရုပ်သိမ်းခြင်းတွေ ဖြစ်ပါတယ်။

အခန်း(၅) ဝန်ဆောင်မှုပေးသူရဲ့ အရည်အချင်းသတ်မှတ်ချက်များ

(၉) အိမ်ခြံမြေ ဝန်ဆောင်မှု ပေးသူမှာအောက်ပါအရည် အချင်းနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

 

(က)  အသက် ၁၈ နှစ် ပြည့်ပြီး သူ မြန် မာနိုင်ငံသား ဖြစ်ရမယ်။ (ခ) ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန် ယာယီလိုင်စင် သို့မဟုတ် လိုင်စင်ရရှိထားသူ ဖြစ်ရမယ်။

(ဂ) ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီ မှာ နိုင်ငံခြားသားနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ကုမ္မဏီဖြစ်ရင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ် နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုမိန့် ရရှိပြီး ဖြစ်ရမယ်။

(၁၀) ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်ကိုင် ခွင့် မရှိစေရသူတွေမှာ (က)စိတ် ပေါ့သွပ်သူ၊(ခ)လူမွဲ အဖြစ် တရားရုံးတစ် ခုခု က ကြေညာခြင်းခံရ သူ (ဂ) သာသနာ့ ဘောင် ကို အမြဲ တမ်းကူးပြောင်းသွားသူ

(ဃ) အကျင့် သိက္ခာ ပျက်ပြားသူ (င) ယာယီ လိုင်စင် သို့မဟုတ် လိုင်စင် မရှိသူ  ဖြစ်ပါ တယ်။

အခန်း (၆) ဝန်ဆောင်မှု ပေးသူက လိုက်နာရမယ့် စည်းကမ်းတွေမှာ

(၁၁) ဝန်ဆောင်မှု ပေးသူမှာ (က) ယာယီ လိုင်စင် သို့ မဟုတ်  လိုင်စင်ပါ စည်းကမ်း တွေကို လိုက်နာရမယ်(ခ)  ဝန်ဆောင်မှု လုပ်ငန်းနဲ့ စပ်လျဉ်းပြီး ဥပဒေနဲ့ အခြား တည်ဆဲ ဥပဒေတွေကို လိုက်နာရမယ်

(ဂ) ဝန်ဆောင်မှုရ ယူသူက အမှန်တကယ် ရောင်းချခွင့်ပြုတဲ့ ဈေးနှုန်းထက်ပိုပြီး ရောင်းချခွင့်မပြုရ။

အခန်း (၇) ဝန်ဆောင်မှုပေးသူရဲ့ အခွင့် အလမ်းနဲ့ တာဝန်တွေမှာ

(၁၂) ဝန်ဆောင် မှု ပေး သူရဲ့ အခွင့်အရေးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(က) ဝန်ဆောင်မှုလုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ရှိတယ်။ (ခ) ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ်ရပ်အတွက် လိုအပ်ချက်တွေကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေကို

သတ်မှတ်ချက်တွေနဲ့အညီ မေးမြန်း စုံစမ်းနိုင်ခွင့်ရှိရမယ်။ (ဂ) ဝန်ဆောင်မှု ဆိုင်ရာ  သင်တန်းတွေတက်ရောက်ခွင့် ရှိတယ်။ (ဃ) ဝန်ဆောင်မှုလုပ်ငန်းနဲ့ စပ်လျဉ်းပြီး ဝန်ဆောင်မှုရယူသူရဲ့သဘောတူ ညီချက်နဲ့

သတင်းစာ၊ ဂျာနယ်၊ စာစောင်နဲ့ သင်ပုန်းတစ်ခုခုမှာဖြစ်စေ၊ မီဒီယာတစ် ခု မှာဖြစ်စေ ဝန်ဆောင်မှုရယူသူ ကိုယ်စား ကြေညာခွင့်ရှိပါတယ်။

(င) အိမ်ခြံမြေကို ဥပဒေနဲ့ အညီ နိုင်ငံပိုင် သို့ မဟုတ် ပုဂ္ဂလိက ပိုင်ဘဏ်တစ်ခုခု မှာ ချေးငွေရယူရန်အတွက် ဝန်ဆောင်မှု ရယူသူက တာဝန်ပေး လွှဲအပ်ပါက ကိုယ်စားဆောင်ရွက်ခွင့်ရှိတယ်။

(စ) အိမ်ခြံမြေ ကို နှစ်ချုပ် စနစ်နဲ့ ငှားရမ်းခြင်းဝန်ဆောင် မှုအတွက် လုပ်ငန်းအပ်နှံခြင်း စာချုပ်မှာသဘောတူညီထားတဲ့အတိုင်း ဝန်ဆောင် ခွင့် ရယူခွင့် ရှိတယ်။

၁၃။ ဝန်ဆောင်ပေးသူရဲ့ တာဝန်တွေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (က) လိုင်စင်သို့မဟုတ် ယာယီလိုင်စင်ရရှိရန် သတ်မှတ်ချက်နဲ့အညီ လျှောက်ထားရ မယ်။

(ခ) အိမ်ခြံမြေရောင်းဝယ်ငှားရမ်းမှု မှာ သဘောတူညီထားတဲ့ ဈေးနှုန်းထက်ပို ပြီး ရောင်းချ ငှားရမ်းခြင်းမပြုကြောင်း တာဝန်ခံရမယ်။ (ဂ) ဝန်ဆောင်မှုနဲ့  စပ်လျင်းတဲ့ ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေ

မှန်ကန်မှုရှိမရှိကို သက်ဆိုင် ရာ ဌာနကို သွားရောက်စုံစမ်းပေးရမယ်။ (ဃ) ရောင်းချမယ့် အိမ်ခြံမြေကို ဝယ်ယူငှားရမ်း မယ့်သူကို လိုက်လံပြသပေးရမယ်။

(င) ဝယ်ယူ ငှားရမ်းမယ့်သူကို ဝန်ဆောင်မှုရယူသူနဲ့ ဆက်သွယ်ညှိနှိုင်းပေး ရမယ်။ (စ) ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ အိမ်ခြံမြေလွှဲပြောင်းမှု တရားဝင်ခိုင်မာစေ ရန် လိုအပ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကို

ပြီးစီးတဲ့အထိ ဆောင်ရွက်ပေးရမယ်။ (ဆ) ဝန်ဆောင်မှုပေးသူက ဝန်ဆောင်မှုရယူသူ ကို အခွန်အခ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အသိပေးရမယ်။ (ဇ) ဝန်ဆောင်မှုရယူသူ က မိမိငှားရမ်းရောင်းချလိုတဲ့

အိမ်ခြံမြေကို မမှန်မကန် ပြသငှားရမ်းရောင်းချခဲ့ရင် ဝန်ဆောင်မှုပေးသူမှာ တာဝန်မရှိစေရ။ ဝန် ဆောင်မှုပေးသူက မမှန်မကန် ပူးပေါင်း ဆောင်ရွက်ခဲ့ရင် ၎င်းမှာတာဝန်ရှိစေရမည်။

အခန်း (၈) ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်များ

(၁၄) ဥပဒေအရဝန် ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူ တွေမှာ သတ်မှတ်ချက် တွေနဲ့အညီ ဆောင်ရွက်ရမယ်။

(က) ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ရာမှာ နှစ်ဦးသဘောတူလုပ်ငန်းအပ်နှံခြင်းချုပ်ဆိုရမယ်။ (ခ) ဝန်ဆောင်မှုရယူသူ မှာ လုပ်ငန်းအပ်နှံခြင်းစာချုပ်မှာ နှစ်ဦး သဘောတူထားတဲ့အတိုင်း ဝန်ဆောင်ခ ပေးရန် တာဝန်ရှိတယ်။

(ဂ) လုပ်ငန်းအပ်နှံ ခြင်းစာချုပ်ချုပ်ဆိုရာမှာ ဝန်ဆောင်ခတွေကို ဖော်ပြပါရှိရမယ်။

(ဃ) ဝန်ဆောင်မှုပေးသူမှာ အရောင်း အဝယ် ကိစ္စတွေအတွက် ဝန်ဆောင်ခကို ရောင်းချသူထံကသာ ရယူခွင့်ရှိတယ်။ ဝယ်သူအတွက် လုပ်ငန်းလိုအပ်ချက်အရ သီးခြားဝန်ဆောင်မှုဆောင်ရွက်ပေးရပါက လုပ်ငန်းအတွက်

ဝယ်ယူသူထံက သီးခြား ဝန်ဆောင်ခရယူခွင့်ရှိတယ်။ (င) မည်သည့် ဝန်ဆောင်မှုရယူသူမဆို ဝန်ဆောင်မှုပေး သူနဲ့ လုပ်ငန်းအပ်နှံခြင်းစာချုပ်ချုပ်ဆိုပြီး ဝန်ဆောင်မှုရယူပြီးနောက် လုပ်ငန်းအပ်နှံ ခြင်းကို ပြန်ရုပ်သိမ်းလိုကြောင်း

အသိပေး အကြောင်းကြားရန် ပျက်ကွက်ရင် နှစ်ဦး သဘောတူထားတဲ့ဝန်ဆောင်ခအပြည့် အဝကို ဝန်ဆောင်မှုပေးသူထံပေးအပ်ရ မယ်။

(စ) ဝန်ဆောင်မှုပေးသူမှာ ဝန်ဆောင် ခရယူထားရင် လုပ်ငန်းအပ်နှံခြင်း စာချုပ် အရ တာဝန်ယူထားတဲ့ဝန်ဆောင်မှုလုပ် ငန်းကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ဆောင်ရွက်ပေးရန် ပျက်ကွက်ရင် ရယူထားတဲ့ ဝန်ဆောင်ခ အပြည့်အဝကို

ဝန် ဆောင်မှုရယူသူထံ ပြန်လည်ပေးအပ်ရ မယ်။ (ဆ) ဘယ်အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းမှာမဆို ဝန်ဆောင်မှုရယူသူဟာ လုပ်ငန်းအပ်စာချုပ်အရ ဝန်ဆောင်မှုကို ရယူထားပါလျက်ဝန်ဆောင်မှုပေးသူရဲ့ နောက်ကွယ်မှာ ဝယ်ယူခြင်း၊

ရောင်းချ ခြင်း၊ ငှားရမ်းခြင်းပြုခဲ့ရင် နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ဝန်ဆောင်ခကို ဝန်ဆောင်မှုပေးသူထံကို ပေးအပ်ရမယ်။

အခန်း(၉)မှတ်ပုံတင်ခြင်း၊ယာယီလိုင်စင်နဲ့ လိုင်စင်ထုတ်ပေးခြင်း

(၁၅) ဥပဒေ စ ပြီး အာဏာတည်တဲ့ အချိန် မှာဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်လိုသူ တွေဟာ တစ်နှစ် အတွင်း လုပ်ငန်းမှတ်ပုံ တင်တာတွေနဲ့ ယာယီလိုင်စင်လျှောက် ထား ခြင်းကို သတ်မှတ် ချက်တွေနဲ့အညီ ဆောင်ရွက်ရမယ်။

(၁၆) ယာယီလိုင်စင်ရဲ့ သက်တမ်းမှာ သုံးနှစ် ဖြစ် တယ်။ (၁၇) ယာ ယီလိုင်စင်ရရှိသူဟာ သုံး နှစ်သက်တမ်း ကာလအတွင်း သတ်မှတ် ထား တဲ့ သင် တန်း ကို တက်ရောက်ပြီး လိုင်စင် လျှောက် ထားနိုင်တယ်။

(၁၈)ပုဒ်မ ၁၅ အရ ယာယီ လိုင် စင် လျှောက်ထားခွင့် ကာလတစ်နှစ်ကုန်ဆုံးပြီးနောက် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူမှာမှတ်ပုံတင်ပြီး သတ်မှတ် ထားတဲ့ သင်တန်းတက် ရောက် ပြီး လိုင်စင်လျှောက်ထားနိုင်တယ်။

အခန်း (၁၀) ရန်ပုံငွေထူထောင်ခြင်း

(၁၉) ဗဟို ကော်မတီမှာ ဤဥပဒရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော် ဆောင်ရွက်ရန် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ရန်ပုံငွေကို အောက်ပါ ရ ငွေတွေနဲ့ ထူထောင်ခွင့်ရှိတယ်။

(က) နိုင်ငံ တော် အစိုးရ ထောက်ပံ့ငွေ (ခ)၊ အလှူငွေ၊ (ဂ) မှတ်ပုံတင် ကြေး ၊ လိုင်စင်ကြေးနဲ့   အ ခြား ရငွေတွေ ဖြစ် ပါတယ်။

(၂၀)ဗဟိုကော်မတီမှာ ဘဏ္ဍာရေး  အဖွဲ့ကိုသင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ် ပေးရမယ်။ ဘဏ္ဍာရေးအဖွဲ့ဟာ ရန်ပုံငွေထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတွေနဲ့ စပ်လျဉ်း ပြီး

ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်ရမယ်။

အခန်း  (၁၁) ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

(၂၁) မည်သူမျှ ယာယီ လိုင်စင် သို့မဟုတ် လိုင်စင်မရှိဘဲ အသက်မွေးဝမ်း ကျောင်း အဖြစ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။ (၂၂) ဝန်ဆောင်မှုရယူသူ မည်သူမျှလုပ်ငန်းအပ်နှံခြင်း စာချုပ်မှာ

နှစ်ဦးနှစ်ဖက် သဘောတူညီထား တဲ့အ တိုင်း ဝန် ဆောင်ခပေးရန် ပျက်ကွက်ခြင်း မရှိစေရ။ (၂၃) ဝန်ဆောင်မှု ရယူသူ မည်သူ မျှ ဝန်ဆောင်မှုပေးသူထံ လုပ်ငန်းအပ်နှံ ခြင်း ကို ပြန်လည်ရုပ်သိမ်းလိုကြောင်း

အ ကြောင်းကြားချက်မရှိဘဲ အခြားဝန် ဆောင် မှု ပေးသူနဲ့ ဆက်သွယ်ဆောင်ရွက်ပါက မူလဝန်ဆောင်မှုပေးသူကို လုပ်ငန်းအပ်နှံ ခြင်း စာချုပ်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့အတိုင်း ဝန်ဆောင်ခအပြည့် အဝကို

ပေးဆောင်ရန် ပျက်ကွက်ခြင်း မရှိ စေရ။ (၂၄) ဝန်ဆောင်မှုပေးသူ မည်သူမျှ ဝန်ဆောင်ခ ရယူထားပြီး လုပ်ငန်းအပ်နှံ ခြင်း စာချုပ်အရ တာဝန်ယူထားပြီး ဝန်ဆောင်မှုလုပ်ငန်းကို ခိုင်လုံတဲ့အကြောင်း ပြချက်မရှိဘဲ

ဆောင်ရွက်ပေးစဉ် ပျက်ကွက်ရင် ရယူထားတဲ့ဝန်ဆောင်ခအပြည့်အဝကို ဝန်ဆောင်မှုရယူသူထံကို ပြန်ပေး အပ်ရန် ပျက်ကွက်ခြင်းမရှိစေရ။

(၂၅) ဝန်ဆောင်မှုရယူသူ မည်သူမျှ လုပ်ငန်းအပ်နှံခြင်း စာချုပ်အရ ဝန်ဆောင် မှုရယူထားပြီး ဝန်ဆောင်မှုပေးသူရဲ့ နောက်ကွယ်မှာ ဝယ်ယူခြင်း၊ ရောင်း ချခြင်း၊  ငှားရမ်းခြင်း ပြုခဲ့ရင်လုပ်ငန်းအပ်နှံ ခြင်း စာချုပ်မှာနှစ်ဦးနှစ်ဖက်

သဘောတူ ထားတဲ့ ဝန်ဆောင်ခကို ဝန်ဆောင်မှုပေးသူထံ ပေးအပ်ရန် ပျက်ကွက်ခြင်းမရှိစေရ။

အ ခန်း (၁၂) အရေးယူဆောင်ရွက်ချက်များ

(၂၆) မည်သူမဆိုပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထိုသူကို ခြောက်လအထိထောင်ဒဏ် ဖြစ်စေ၊  ကျပ်သိန်း ၃ဝအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချ မှတ်ရမယ်။

(၂၇) မည်သူမဆို ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၄နဲ့ ပုဒ်မ ၂၅ပါ ပြဋ္ဌာန်း ချက်တွေကို လိုက်နာရန် ပျက်ကွက်ရင် ထိုသူကို တရား မကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရ ဖြစ်စေအရေးယူ ဆောင်ရွက်ရမယ်။

အခန်း (၁၃) အထွေထွေ

(၂၈)ဤဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ ရှေ့နေရပ်တို့ရဲ့ လုပ်ငန်းဆိုင်ရာတွေနဲ့ သက်ဆိုင်မှုမရှိစေရ။

(၂၉)လိုင်စင် ရရှိရန် လျှောက်ထားသူ သို့မဟုတ် လိုင်စင်ရရှိထားသူဟာ လိမ်လည်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း တရားရုံးက ပြစ်ဒဏ် ချမှတ်ခံရရင် လိုင်စင် ကို ရုပ် သိမ်းခံရမှာ ဖြစ်ပါတယ်။

(၃၀) ဗဟို ကော်မတီမှာ အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက္ကသိုလ် သို့မဟုတ် ကောလိပ်တွေမှာ အိမ်ခြံမြေဝန် ဆောင်မှု လုပ်ငန်းတွေကို ဘာသာရပ် တစ်ခု အနေနဲ့ ထည့်သွင်း ပို့ချနိုင်ရေး စီစဉ် ဆောင်ရွက် နိုင်ပါတယ်။

Region Laws and Regulations Read 163 times