ရန်ကုန်-မန္တလေးလမ်းပိုင်းဟာ ၃၈၅.၅ မိုင် ရှည်လျားပြီး လမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်းဟာ ရင်းနှီးမြှုုပ်နှံမှု ပမာဏများပြားတာကြောင့် အဆင့်နှစ်ဆင့် ခွဲခြားပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆင့် (၁) ရန် ကုန်-တောင်ငူလမ်းပိုင်း ၁၆၆မိုင်၊ အဆင့် (၂) တောင်ငူ-မန္တလေးလမ်းပိုင်း ၂၁၉.၅ မိုင်တို့ ဖြစ်ပါတယ်။အဆင့်(၁)မှာ ဆောင်ရွက်မယ့် ရန် ကုန်- တောင်ငူလမ်းပိုင်းကို ရန်ကုန်- ပဲ ခူး၊ ပဲခူးညောင်လေးပင်နဲ့ ညောင်လေးပင် - တောင်ငူဆိုပြီးတော့ သုံးပိုင်း ခွဲစိတ်ပြီး တော့ ၂ဝ၁၇ ခုနှစ် မတ်လက တင်ဒါ ခေါ်ခဲ့ပါတယ်။ စီမံကိန်းအဆင့် (၁) မှာပါဝင်တဲ့ ပဲခူး-ညောင်လေးပင်လမ်းပိုင်းမှာ မြို့ပြဆိုင်ရာ လုပ်ငန်းနဲ့ အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းဆိုင်ရာ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။
လက်မှတ်ရေးထိုးပွဲကို မြန်မာ့မီး ရထားဦးဆောင်ညွှန်ကြားရေးမှူး ဦးသူ ရိန်ဝင်းနဲ့ Tekken ကုမ္ဗဏီက Mr.Seiji Yamoto တို့က စာချုပ်ကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ရှေ့မှာ အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ် ကြတာဖြစ်ပါတယ်။
“ဒီနေ့ လက်မှတ်ထိုးတဲ့လုပ်ငန်းကြီး ကတော့ အရမ်းကို ကြီးတဲ့လုပ်ငန်းကြီး ဖြစ်ပါတယ်၊ ကျွန်တော်တို့ မီးရထားအ နေနဲ့ကလဲ အကြီးဆုံး ပထမဦးဆုံးလက် မှတ်ထိုးတဲ့ကိစ္စလဲတစ်ခုဖြစ်ပါတယ်၊ လမ်း ပိုင်းမှာရှိတဲ့ရထားလမ်းတွေအားလုံးကို ဂျပန်နိုင်ငံက အင်ဂျင်နီယာတွေကနေပြီး တော့ ဦးစီးပြီးတော့ ဂျပန်လုပ်ငန်းရှင်အ များဆုံးပါပဲ”လို့ နေပြည်တော်မြန်မာ့မီးရ ထားက စီမံကိန်းဒါရိုက်တာတစ်ဦးလည်း ဖြစ်တဲ့ ဦးဘမြင့် (အထွေထွေမန်နေဂျာ-စစ်ဆေးရေး)က ပြောပါတယ်။
စီမံကိန်းအဆင့် (၁) အတွက် ဂျပန်နိုင် ငံ JICA ရဲ့ ODA ချေးငွေဂျပန်ယန်း ၉၁.၂၉၁ ဘီလျံနဲ့ နိုင်ငံတော်ဘတ်ဂျက်မှ ဂျပန်ယန်း ၂၁.၄၁၈ ဘီလျံ စုစုပေါင်း ခန့် မှန်းစီမံကိန်းကုန်ကျစရိတ် ဂျပန်ယန်း ၁၁၂.၇၀၉ ဘီလျံဖြစ်ပါတယ်။ စီမံကိန်း ကာလကို ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ် အထိ ငါးနှစ်ကြာဆောင်ရွက်ဖို့ လျာထား သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ ODA ချေးငွေရဲ့စည်းကမ်းချက် အနေနဲ့ အတိုးနှုန်း ဝ.ဝ၁ ရာခိုင်နှုန်းကို ပြန်ဆပ်ကာလကတော့ ဆိုင်းငံ့ကာလ ၁ဝ နှစ် အ ပါအဝင် နှစ် ၄ဝ ဖြစ်ပါတယ်။
“ရန်ကုန်- မန္တလေးလမ်းပိုင်းမှာ ဒီစီ မံကိန်းကြီး ပြီးသွားတဲ့အခါမှာ စီးသွားတဲ့ ခရီးသည်တွေဟာဆိုရင် ဒုန်းဒုန်း ဒုန်းဒုန်း ဆိုတဲ့ဆောင့်တဲ့အသံ လုံးဝမကြားရဘဲနဲ့ တစ်မြို့ကတစ်မြို့ကို သွားဖို့အတွက်ကို ဆောင်ကြဉ်းပေးတဲ့ စီမံကိန်းလေးတစ်ခု လို့ ပြောလို့ရပါတယ်၊ ကြာချိန် ရှစ်နာရီ လောက်ပဲပြေးပြီးတော့ ငြိမ့်ငြိမ့်ညောင်း ညောင်းနဲ့ လုံးဝ အသံမကြားရဘဲနဲ့ ငြိမ် ငြိမ်လေး စီးသွားပြီးတော့ ဘေးအန္တရာယ် ကင်းကင်းနဲ့ လုပ်ပေးနိုင်မယ့် စီမံကိန်း ကြီးဖြစ်တာကြောင့် ကျွန်တော်တို့တိုင်း ပြည်နဲ့ ခရီးသည်တွေအပေါ်မှာ အများ ကြီး အကျိုးပြုပေးနိုင်မယ့်စီမံကိန်းကို ဒီ နေ့စာချုပ်ချုပ်တဲ့လုပ်ငန်းကြီးနဲ့ စတင် လိုက်တယ်လို့ ပြောလိုရပါမယ်”လို့ ဦးဘမြင့်က ပြောပါတယ်။
အကြမ်းဖျဉ်းအနေနဲ့စီမံကိန်းတစ်ခုစီ ကို ဒေါ်လာသန်း ၂ဝဝ နီးပါး ကုန်ကျခံ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။ အဲသည်ထဲမှာ သံလမ်းဝယ်ယူမယ့် တန်ဖိုးတွေ ရောမှာဖြစ်ပြီး သံလမ်းကို ဂျပန်နိုင်ငံကနေ ဝယ်ယူမှာဖြစ်တယ်လို့ သိ ရပါတယ်။ ရထားသံလမ်းတွေကို heavy ဖြစ်တဲ့တန်တွေ သယ်နိုင်အောင်အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။ စီမံကိန်းကြီး ပြီးသွားရင် တွဲရော စက်ခေါင်းရောပါတဲ့ သံလမ်းပြေးကားတွေ နဲ့ ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါ တယ်။ စုစုပေါင်း ၂၀၄ စင်း ပြေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
JICA က Kotaro NISHIGATA က “ဂျပန်နည်းပညာတွေနဲ့ ဂျပန်ကန်ထရိုက် တာတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အဲဒီမှာ မြန်မာအင်ဂျင်နီယာတွေကလဲ ပူး တွဲဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ သူ တို့လဲ အတွေ့အကြုံတွေရမှာ ဖြစ်ပါတယ်၊ ဒီရထားလမ်းတင်မကသေးဘူး၊ ရထားတွေတိုးတက်ပြုပြင်တာတွေကိုလဲ ဆောင် ရွက်သွားမှာဖြစ်ပါတယ်၊ တချို့ အပိုင်း တွေ က စတင်ဆောင်ရွက်နေပြီဖြစ် ပါတယ်၊ ပဲခူးကနေ ညောင်လေးပင်အပိုင်းကို အောက်တိုဘာလောက်မှာ စတင်ဆောင် ရွက်မှာဖြစ်ပါတယ်၊ လေးနှစ်စီမံကိန်းလို့ လျာထားပါတယ်၊ အခုစီမံကိန်းဟာ ခေတ် မီ နည်းပညာတွေနဲ့ ဆောင်ရွက်တာ ဖြစ် တဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်သူ ပြည်သားတွေအတွက် အများကြီးအကျိုး ရှိပါမယ်၊ ဥပမာဆိုရင် အချိန်ပို မှန်လာ မယ်၊လုံခြုံမှုရှိရှိနဲ့ သွားလို့ ရမယ် နောက် ပိုင်းမှာဆိုရင် ဒီထက်ပိုမိုပြီး တိုးတက် ကောင်းမွန်လာပါမယ်”လို့ ပြောပါတယ်။
အခုအချိန်မှာ ရန်ကုန်ကနေ မန္တ လေးကို ရထားနဲ့သွားမယ်ဆိုရင် ရန်ကုန် ကနေ ညနေ ၃းဝဝ နာရီက ထွက်တဲ့ ရထား ဟာ မန္တလေးကို နောက်တစ်နေ့ နံနက် ၅းဝဝ နာရီလောက်မှ ရောက်တာ ကြောင့် ကြာချိန် ၁၄ နာရီ ကြာမြင့်နေ တာ ဖြစ်ပါ တယ်။ စီမံကိန်း ပြီးစီးသွားရင် တော့ ကြာ ချိန် ရှစ်နာရီပဲကြာတော့မှာ ဖြစ် တာကြောင့် ရန်ကုန်- မန္တလေးကို နေ့ချင်း ပြန် ခရီးတောင် သွားလို့ရလာမှာ ဖြစ်ပါ တယ်။
အဲသည်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံ JICA ရဲ့ ODA ချေးငွေနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းတွေက မြို့ပြ အင်ဂျင်နီယာတည်ဆောက်ရေးလုပ်ငန်း၊ ခေတ်မီအချက်ပြနဲ့ ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်းလုပ်ငန်း ခေတ်မီ DEMU ရထားတွဲဆိုင်းဝယ်ယူခြင်းလုပ်ငန်း၊ DEMU ရထားတွဲဆိုင်း ပြုပြင်ထိန်းသိမ်း ရေးအလုပ်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ အချက်ပြနဲ့ ဆက်သွယ်ရေးလုပ်ငန်းအ တွက် လိုအပ်တဲ့လျှပ်စစ်ဓါတ်အားပေးရေး လုပ်ငန်း၊ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ ငှား ရမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်မှာဖြစ် တယ်လို့ သိရပါတယ်။
နိုင်ငံတော်ဘတ်ဂျက်ကနေ ကျခံပြီး တော့ ဆောင်ရွက်မယ့်လုပ်ငန်းတွေက ကွန်ကရစ်ဇလီဖားထုတ်လုပ်တဲ့လုပ်ငန်း၊ လမ်းခင်းကျောက် ဝယ်ယူစုဆောင်းတဲ့ လုပ်ငန်း၊ လမ်းပိုင်းတစ်လျှောက်ခြံစည်းရိုး ကာရံတဲ့လုပ်ငန်း၊ စီမံကိန်းဆိုင်ရာ လိုအပ် တဲ့ အဆောက်အအုံဆောက်လုပ်တဲ့လုပ် ငန်းတွေဖြစ်ပါတယ်လို့ သိရပါတယ်။