ချက်သမ္မတနိုင်ငံအခြေစိုက် Pinup Houses ကုမ္ပဏီမှအသင့်တပ်ဆင်နေထိုင်နိုင်မည့် နေအိမ်များကို ထုတ်လုပ်ရောင်းချလျက်ရှိပြီးအရွယ်အစားအလိုက်တန်ဖိုးအမျိုးမျိုးဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
Mary Garden Tool Shed Plansအမည်ရှိ နေအိမ်အမျိုးအစားမှာနေအိမ်တစ်လုံးလျှင်ကန်ဒေါ်လာ ၇၉ ဒေါ်လာ (မြန်မာငွေ ၁၀၈၄၄၄ ကျပ်ဖေဖော်ဝါရီ ၂၀ ရက် ပေါက်ဈေး အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာငွေ ၁၃၇၂ ဒသမ ၇နှုန်းခန့်) သာကျသင့်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြထားကြောင်းသိရသည်။
ယင်းနေအိမ်၏ အကျယ်အဝန်းမှာ ၄၉ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ပြီး အလျား ၈ ပေ၊ အနံ ၆ ပေ ၂ လက်မ အကျယ်အဝန်းရှိသည်။
ကန်ဒေါ်လာ ၁၂၉ ဒေါ်လာ (မြန်မာငွေ တစ်သိန်း ၇ သောင်းကျော်) သတ်မှတ်ထားသည့် France Tiny House Plans အမည်ရှိနေအိမ်မှာမူ အကျယ်အဝန်း ၈၆ စတုရန်းပေ ကျယ်ဝန်းပြီး အလျား ၁၃ ပေ၊ အနံ ၇ ပေ ၁ လက်မ ကျယ်ဝန်းပြီး ကြမ်းပြင်မှအမိုးအကြားအကွာအဝေးမှာ ၁၀ ပေ ၂ လက်မ ရှိမည်ဖြစ်သည်။
ယင်းနေအိမ်အတွက် အစိတ်အပိုင်းပေါင်း ၂၁ မျိုးပါဝင်ပြီး နေ့တစ်ဝက်တာအတွင်း အလွယ်တကူတပ်ဆင် နိုင်သည်ဟုသိရသည်။
နေအိမ်၏အသွင်သဏ္ဍာန်ကြောင့် ပြင်သစ် (France) ဟူသော အမည်ပေးထားခြင်းဖြစ်သည်။
Pinup Houses မှ ထုတ်လုပ်သည့် အသင့်နေအိမ်အားလုံးကို အလွယ်တကူဖြုတ်နိုင်တပ်နိုင်ပြီး ပြောင်းရွှေ့လိုသည့် မည်သည့်နေရာကိုမဆို အလွယ်တကူပြောင်းရွှေ့နိုင်သည်ဟု သိရသည်။
ဗိသုကာပညာရှင် ဂျိုရွှာ ဝုဒ်စ်မန်းမှ ၁၂၉ ဒေါ်လာနေအိမ်များကို ဒီဇိုင်းရေးဆွဲပေးခြင်းဖြစ်သည်။
စတင်ရောင်းချစဉ်က ကန်ဒေါ်လာ ၂၁၀၀ ဖြင့်ရောင်းချခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ ၁၂၉ ဒေါ်လာဖြင့်သာရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုနေအိမ်ကို ဝယ်ယူလိုသူများအနေဖြင့် http://www.pinuphouses.com/checkout/ လျှောက်လွှာပုံစံတွင် အမည်၊အီးမေးလိပ်စာတို့ဖြည့်သွင်း၍ဝယ်ယူနိုင်သည်ဟုသိရသည်။
Pinup Houses သည် ကမ္ဘာတစ်ဝန်းမှ ဖောက်သည်များစွာထံ အသင့်ဆောက်လုပ်ပြီး နေအိမ်ပေါင်းများစွာ တင်ပို့ရောင်းချခဲ့ပြီးလည်း ဖြစ်ကြောင်းသိရသည်။
Source:imyanmar house