သုံးနှစ်နီးပါးကာလထိအေးစက်နေခဲ့သည့်အိမ်ခြံမြေဈေးကွက်သည် သုံးလအတွင်းအရောင်းအဝယ်နှင့်အငှား အားလုံးပြန်လည်လှုပ်လာခဲရာယခုကာလသည် အိမ်ခြံမြေဈေးကွက်ပြန်လည်အားကောင်းရန်တာဆူနေပြီ ဖြ စ်ကြောင်းရန်ကုန်အိမ်ခြံမြေအသင်းချုပ်ထံမှသိရသည်။
၂၀၁၄ ဇွန်လမှစတင်၍ ၂၀၁၇ နှစ်မတ်လထိအိမ်ခြံမြေဈေးကွက်အရောင်းအဝယ်မှာအေးနေခဲ့ပြီး အငှားဈေးကွက်သာအတင့်အသင့်ရှိနေခဲ့ကြောင်းသိရသည်။
ယင်းအခြေအနေမှာလည်းနိုင်ငံ၏ဖြစ်ပေါ်နေသည့်နိုင်ငံရေး စီးပွားရေးအနေအထားအားမကောင်းသည့် အတွက်ကြောင့်ဖြစ်ကြောင်းအိမ်ခြံမြေလုပ်ငန်းရှင်အများစုကသုံးသပ်ကြသည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအချို့ကလည်းရင်းနှီးမြှုပ်နှံရန်ပြန်လည်ဈေးကွက်ကောင်းမွန်လာမည့်အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပြီးအစိုးရ၏ အခွန်နှုန်းထားများကိုစောင့်ကြည့်လျက်ရှိကြောင်းလည်းသိရသည်။
imyanmarhouse