အကျဈေးနှုန်းဖြင့် လည်းအဝယ်လိုက်နေသော အိမ်ခြံမြေ ဈေးကွက်


14 November, 2020

တောင်ဒဂုံမြို့နယ်မှ မြေကွက်များစျေးနှုန်းကျဆင်းနေသော်လည်း ထိုအကျစျေးနှုန်းဖြင့် အဝယ်လိုက်နေကြောင်း အိမ်ခြံမြေစျေးကွက်အတွင်းမှ သိရသည်။

ဒီရက်ပိုင်းအတွင်း လုပ်ငန်းရှင်တစ်ဦးမှ စက်မှုဇုန်လေးဧကဝယ်ယူပြီးချိန်မှ စ၍ မြေကွက်များအဝယ်လိုက်လာခြင်းဖြစ်ကြောင်းသိရသည်။

မြေကွက်စျေးနှုန်းများမှာ သိသိသာသာ ကျဆင်းနေပြီးမြေကွက်ပိုင်ရှင်အများစုမှ အရှုံးခံရောင်းချနေကြခြင်းဖြစ်ကြောင်း သိရသည်။

လမ်းမတန်းပေါ်တွင် ပေ၄ဝ×ပေ၆ဝ မြေတစ်ကွက်အား ကျပ်သိန်း၂၈ဝခန့် ပေါက်စျေးနှင့် အရောင်းအဝယ်ဖြစ်နေပြီး အရင်ချိန်က ထိုမြေကွက်တစ်ကွက်လျှင်အနည်းဆုံးသိန်း ၄ဝဝခန့်ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေစျေးကောင်းခဲ့ချိန်တွင် စျေးနှုန်းကြီးမြင့်စွာဖြင့်မြေကွက်များဝယ်ယူထားသူများပင်လျှင် အကျစျေးနှုန်းဖြင့် မြေကွက်များပြန်လည်ရောင်းချနေကြကြောင်း သိရသည်။

မြေစျေးထပ်မတက်နိုင်ဟုယုံကြည်နေသောကြောင့် မြေကွက်များ စျေးကစားရန်ဆက်ရင်းနှီးမမြှုပ်နှံလိုခြင်းကြောင့် အကျစျေးဖြင့်ပင်ရောင်းကြသည်ဖြစ်နိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မြို့သစ်များချဲ့ထွင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအကောင်အထည်ဖော်မှုများ ပြုလုပ်လာသည့်အပြင် မြေစျေးနှုန်းများ ဆက်လက်မမြင့်တက်စေရန် စျေးနှုန်းထိန်းမည်ဟု ပြောဆိုမှုများလည်း ရှိသည့်အတွက် မြေကွက်စျေးများ မမြင့်တက်လာနိုင်ဟုအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက ယုံကြည်လာကြခြင်းဖြစ်သည်ဟု မြောက်ဒဂုံမြို့နယ်ရှိ အကျိုးဆောင်တစ်ဦးထံမှ သိရသည်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူအများစုသည် မြေစျေးအတက်ဘက်ထက်အကျဘက်ကိုသာ ဦးတည်နေသည်ဟုယုံကြည်ကြသည်။အကျဘက်ဦးတည်နေသည့်အတွက် ရင်းနှီးမြှုပ်နှံရန်ဝယ်ယူသူမရှိဘဲ နေထိုင်ရန်စီးပွားရေးလုပ်ငန်းလုပ်ရန်သာမြေကွက်များဝယ်ယူလာကြသည်။

အရှေ့ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များတွင်လည်း မြေကွက်များစျေးနှုန်းကျဆင်းပြီးနေထိုင်ရန်ဝယ်ယူလိုသူများ ရှိကြောင်းသိရသည်။

အရှေ့ဒဂုံမြို့နယ်တွင် ပေ၄ဝ×ပေ၆ဝမြေတစ်ကွက်ကို ယခင်က သိန်း၅ဝဝ ခန့်ပေါက်စျေးရှိပေမဲ့ ယခုတွင် သိန်း ၃၅ဝ ခန့်သာ စျေးရှိတော့ကြောင်း၊မြောက်ဒဂုံမြို့နယ်တွင် ပေ၄ဝ×ပေ၆ဝ ရှိသော မြေကွက်သည် ယခင် သိန်း၈ဝဝပေါက်စျေးရှိခဲ့ပြီး ယခုတွင် သိန်း၄၅ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

imyanmar House

Real Estate & Properties Read 68 times