တောင်ငူ၏ အိမ်ခြံမြေ ဈေးကွက် အခြေအနေ


16 November, 2020

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ရှိအိမ်၊ခြံ။မြေစျေးကွက်တွင် အကျိုးဆောင်မပါဘဲ ပိုင်ရှင်နှင့်ဝယ်သူတို့တိုက်ရိုက်ဝယ်ယူမှုများလာကြောင်း တောင်ငူ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

တောင်ငူမြို့လယ်ဟု ဆိုနိုင်သော ဗိုလ်မှူးဖိုးကွန်း၊စျေးလမ်းစသည့်နေရာများတွင် မျက်နှာစာအဖွင့်ပေ ၃ဝကျော်နှင့် ပေ ၁ဝဝ ပတ်လည်အိမ်ခြံမြေများကို သိန်း ၃ဝဝဝကျော် အထက်ဖြင့်

ယခုရက်ပိုင်းတွင် အကျိုးဆောင်မပါဘဲ ရောင်းချမှုများရှိကြောင်း၊လတ်တလောတွင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်နှင့် မြို့လယ်အကွက်အကွင်းကောင်းသော နေရာများတွင် ရောင်းသူဝယ်သူကြားတွင်အကျိုးဆောင်မထားဘဲ လုပ်ကိုင်နေသဖြင့် အကျိုးဆောင်များ အခက်တွေ့နေကြောင်း တောင်ငူမြို့ခံ အကျိုးတော်ဆောင်မှ ပြောကြားကြောင်း သိရသည်။

လွန်ခဲ့သည့်သုံးနှစ်ကျော်က တောင်ငုမြို့ လူစည်ကားရာ ရပ်ကွက်များဖြစ်သော အမှတ် ၁၆၊၁၇ ရပ်ကွက်၊စျေးလမ်း ကုန်သည်လမ်း၊ဗိုလ်မှူး ဖိုးကွန်းလမ်းမကြီးများပေါ်ရှိ မျက်နှာစာ

အိမ်၊ခြံ၊မြေ တစ်ပေစျေးနှုန်းမှာ ကျပ်သိန်းတစ်ရာအောက်သာရှိခဲ့သော်လည်း လက်ရှိအရောင်းအဝယ်ကောင်းမွန်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်သည့် မြေနေရာများတွင် တစ်ပေလျှင် ကျပ်သိန်း ၁ဝဝမှ ၁၅ဝအထက်ပေးမှ သာ ရရှိနိုင်ကြောင်း သိရသည်။

တောင်ငူစျေးကွက် စျေးတက်ရသည့်အဓိက အချက်မှာ ပုဂ္ဂလိက ဘဏ်ကြီးများကြောင့်ဖြစ်ကြောင်းသိရသည်။ယခု ရန်ကုန်-တောင်ငူ-မန္တလေးလမ်းဟောင်းပေါ်ရှိ

ထီးနီကုန်း ၊မင်းကြီးကုန်းကဲ့သို့ နေရာများတွင် ခြံမြေစျေးမှာ ကျပ်သိန်း ၂ဝဝဝအထက်ရောက်သွားကြောင်း သိရသည်။

တောင်ငူမြို့ပေါ် လမ်းမတန်းများနှင့်အချက်အချာကျသည့်မြေနေရာများတွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာတွင် ရှေ့မျက်နှာစာမြေအကျယ်ကို တစ်ပေနှုန်းဖြင့်

တွက်ချက်ကာ ရောင်းချလေ့ရှိကြောင်း၊ရပ်ကွက်များတွင်မှု မြေတစ်ပေပတ်လည်စျေးနှုန်း (သို့မဟုတ်) အလျား၊အနံမြေအကျယ်အဝန်းဖြင့် တွက်ချက်ကာရောင်းချလေ့ရှိကြောင်း သိရသည်။

ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတွင် အိမ်ခြံမြေစျေးနှုန်းများ ကန့်သတ်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အိမ်၊ခြံ၊မြေစျေးအနည်းငယ်ကျဆင်းသော်လည်း တောင်ငူမြို့တွင်

စျေးကွက်ကို ထိန်းချုပ်ခြင်းမရှိသဖြင့် ကြိုက်ရောင်းကြိုက်ဝယ်သဘောဆောင်နေကြောင်း၊ယင်းကြောင့် လက်ရှိအနေအထားထက် ပိုမိုကျဆင်းနိုင်ဖွယ်မရှိကြောင်း မြို့ခံအိမ် ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

Source:The Voice

Real Estate & Properties Read 422 times