အိမ်ခြံမြေ ဈေးကွက်မကောင်းသည့်အတွက် အခွန်နှင့်ပတ်သက်၍ ပြန်စဉ်းစားသုံးသပ်ရန်လိုအပ်


17 November, 2020

ပြည်တွင်းအိမ်ခြံမြေစျေးကွက်ပြန်လည်အသက်ဝင်လာရေးအတွက် အဓိကအရေးကြီးဆုံးအချက်မှာ အခွန်နှုန်းထားလျှော့ချပေးရန်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

အိမ်ခြံမြေစျေးကွက်မှာ အခွန်နှုန်းထားမြှင့်တင်လိုက်သည့်အချိန်မှ စတင်ပြီး တဖြည်းဖြည်းငြိမ်သက်လာသကဲ့သို့စျေးနှုန်းများလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်၊သြဂုတ်က ဝန်ကြီးမှ အိမ်ခြံမြေစျေးကွက်မကောင်းသည့်အတွက်အခွန်နှင့်ပတ်သက်၍ပြန်စဉ်းစား သုံးသပ်မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းထိ လျှော့ချလိုက်သည်ကလွဲလျှင် ဘာမှ မထူးကြားကြောင်း သိရသည်။တစ်ပေပတ်လည် စံနှုန်းကိုလည်း ၁ဝရာခိုင်နှုန်းသာ လျှော့ချလိုက်ကြောင်း သိရသည်။

အိိမ်ခြံမြေစျေးပကတိအခြေအနေမှာ ၂ဝ၁၃အမြင့်ဆုံးစျေးနှုန်းများနှင့်ယှဉ်လျှင် အနည်းဆုံး ၃ဝရာခိုင်နှုန်း၊၄ဝရာခိုင်နှုန်းအောက် ရောက်နေပြီဖြစ်ပြီး အဓိက အခွန်ဖြစ်ကြောင်း သိရသည်။

အခွန်မြှင့်တင်ထားသည့်အတွက် မဝယ်နိုင်ကြောင်းသိရသည်။အလွှာအလိုက်၊အဆင့်အလိုက်ကဏ္ဍအလိုက် နေနိုင်သော နှုန်းမျိုးဖြစ်စေချင်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနဘက်မှ လည်းအိမ်ခြံမြေရောင်းဝယ်ခွန်နှင့် ပတ်သက်၍ကောက်ခံရရှိမှု တဖြည်းဖြည်း လျော့ကျလာကြောင်း၊အိမ်ခြံမြေရောင်းဝယ်ခွန်နှင့် ပတ်သက်၍ ဝင်ငွေခွန်ရရှိမှုမှာ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၁ဝကျော်၊ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၁၂ဝကျော်၊၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် ကျပ် ၆၅ဘီလျံ၊၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်ဝက်အထိကျပ် ၂၅ဘီလျံအထိကျဆင်းလာကြောင်းသိရသည်။

၂ဝ၁၅-၂ဝ၁၆က မူလနှုန်းထားအတိုင်းသွားနေပြီး ၂ဝ၁၆ခုနှစ် ဧပြီကစပြီး ၃၅ရာခိုင်နှုန်းထားအမြင့်ကို ကျင့်သုံးလိုက်ချိန်တွင် အခွန်ဘဏ္ဍာရရှိငွေထိုးဆင်းသွားကြောင်း သိရသည်။

အခွန်စနစ်ကို မြှင့်တင်လိုက်ချိန်၊အထူးသဖြင့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး ဝင်ငွေခွန်ကို မြှင့်တင်လိုက်သည့်အချိန်တွင် အိမ်ခြံမြေဆိုင်ရာ အခွန်ရရှိမှုကျသွားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Local Read 52 times