ဓညဝတီ ရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦးရထားလမ်းပိုင်းပြန်လည် ဖျက်သိမ်းခြင်းနှင့် ရထားလမ်းပိုင်းအား စိုက်ပျိုးမြေအဖြစ် မြေညှိခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
ဓညဝတီ ရှေးဟောင်းဇုန်ထဲတွင် ကျရောက်သည့် ကျောက်တော်-မြောက်ဦးရထားလမ်းပိုင်းပြန်လည် ဖျက်သိမ်းခြင်းလုပ်ငန်း တွင်ကျောက်တော်မြို့နယ် မဟာမုနိ ဘူတာမှ မြောက်ဦးဘက်သို့ လမ်းပိုင်းအား လယ်ယာမြေ အဖြစ်ပြန်လည်လုပ်ကိုင်ရန်
မြေညှိခြင်းလုပ်ငန်းကို မေ ၁၆ ရက်မှ စပြီးလက်ရှိတွင် ပေ ၅ဝဝအထိပြီးစီးနေပြီဖြစ်ကြောင်း နှင့်မြေညှိပေးနေသည်မှာ မဟာမြတ်မုနိ ဘူတာမှ မြောက်ဦးဘက်သို့ တစ်မိုင်ခန့် မြေညှိပေးမည်ဖြစ်ပြီး
ဘဏ္ဍာနှစ်အလိုက်ဘတ်ဂျက်အပေါ်မူတည်ပြီး ရထားလမ်းပိုင်းအား မြေညှိပေးသွားမည် ဟုစစ်တွေ-မင်းဘူးရထားလမ်း စီမံကိန်းရုံးမှ မန်နေဂျာမှ ပြောကြားကြောင်းသိရသည်။
စစ်တွေ-မင်းဘူးရထားလမ်းစီမံကိန်းရုံးမှ ယခုဓညဝတီ ရှေးဟောင်းနယ်မြေ ထဲမှ ဖျက်သိမ်းနေပြီလောလောဆယ် ပေ ၅ဝဝ၊ပေ ၇၅ဝ ခန့် မြေညှိပြီးပါပြိ လမ်းပိုင်းစလုပ်တာသည် ၂ဝဝ၉ တွင် စလုပ်သည်။
၂ဝ၁၄ ခုနှစ်တွင် ဒေသခံများ မှ တောင်းဆိုသည့်အတွက် ရထားလမ်းကို ယာယီရပ်ဆိုင်းလက်သည်။ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်တွင် ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းကို ဖျက်သိမ်းရန် ညွှန်ကြားချက်ရောက်သည်။
ထို ကတည်းက စပြီးဖျက်သိမ်းလိုက်သည်။ဖျက်သိမ်းလိုက်သည့်အခါ ဒေသခံတောင်သူများသည် ထိုလမ်းမြေ များအားပြန်ပြီး စိုက်ပျိုး၍ရအောင် လုပ်ပေးပါဟုတောင်းဆိုသည့်အတွက် ရထားလမ်းမြေများကို ပြန်ညှိပေးခြင်းဖြစ်သည်။
မြေညှိခြင်းကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ဘတ်ဂျက်တွင် တစ်မိုင်လောက်ညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်တွင်မူတည်ပြီး ဆက်လက်မြေညှိပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ-ရေချမ်းပြင်၁၁မိုင်လမ်းပိုင်း၊ပုဏ္ဏားကျွန်း(ကွမ်းတောင်)-ကျောက်တော် ၄၃ မိုင် လမ်းပိုင်းစုစုပေါင်း ၅၄မိုင်တွင် ရထားများ ပုံမှန်ပြေးဆွဲပေးနေကြောင်းနှင့် ဖျက်သိမ်းလိုက်သည့်
ကျောက်တော်-မြောက်ဦး လမ်းပိုင်းသည် ၃၂ မိုင်ခွဲ ရှိကြောင်းသိရသည်။