မန္တလေးအောင်မြေသာစံမြို့နယ် ၁၄ လမ်း၊၆၂ လမ်းနှင့် ၆၆လမ်းကြားအတွင်းပြည်သူလူထုအပန်းဖြေအနားယူပြီးစားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်နိုင်ရန်အတွက် နေ့၊ည ဈေးတန်းတစ်ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဈေးတန်းတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်၊ဒေသထွက်ကုန်ပစ္စည်းမျိုးစုံဆိုင်၊စာအုပ်ဆိုင်တန်း၊စားသောက်ဆိုင်တန်း၊သစ်ပင်ပန်းမန်များ စိုက်ပျိုးထားသည့် အပန်းဖြေဥယျာဉ် စနစ်တကျ ကားရပ်နားရန်နေရာများ ပါဝင်သည့် ခေတ်မီဒီဇိုင်းဖြင့်တည်ဆောက်သွားမည်ဖြစ်ပြီး ဒီဇိုင်းပြိုင်ပွဲကိုလည်း ကျင်းပ သွားရန် စီစဉ်ထားကြောင်း သိရသည်။
မြို့တော်နေလူထုအတွက်သာမက နိုင်ငံခြားသားခရီးသွားများအတွက်ပါ အပန်းဖြေနေရာအနေနှင့် အထောက်အပံ့ဖြစ်စေမှာပါ။ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေမှာပါ။နန်းတော်ရှေ့အပန်းဖြေဈေးတန်းတည်ဆောက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားကြောင်း လည်း သိရသည်။
တည်ဆောက်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန အလိုက်မြေပြင်အခြေအနေကို ကွင်းဆင်းတိုင်းတာခြင်း၊ဈေးတန်းတည်ဆောက်မည့် မြေပြင်တွင်လမ်းတံတား၊ရေမြောင်း၊ယာဉ်ရပ်နားရန်နေရာ၊ဈေးဆိုင်ခန်းများ၊ပန်းခြံများ၊မီးတိုင်များပါဝင်သည့် ခေတ်မီဒီဇိုင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးနန်းမြို့ ကျုံးအရှေဘက်ခြမ်းတွင်လည်း အနားယူအပန်းဖြေနိုင်ရန် ပလက်ဖောင်းပြုပြင်ခြင်း၊ကျုံးလက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။