လာမည့်နှစ်တွင် ဖွင့်လှစ်မည့် ကော့သောင်းမြို့ဗျူးပွိုင့် အပန်းဖြေရင်ပြင်


14 November, 2020

ထိုင်းနိုင်ငံနှင့် သာယာလှပသောပင်လယ်ပြင်မြင်ကွင်းများကို တွေ့မြင်နိုင်သော ကော့သောင်းမြို့ဘုရင့်နောင်ရုပ်တုကုန်းမြေတောင်ပတ်လမ်းနှင့်

ဗျူးပွိုင့်အပန်းဖြေရင်ပြင်အား လာမည့် ၂ဝ၁၈ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းကော့သောင်းမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ခရီးသွားသူများနှင့်ဒေသခံများအပန်းဖြေနိုင်ရန်နေရာသစ်ဆောင်ရွက်မှုအဖြစ် ဘုရင့်နောင်ရုပ်တုကုန်းမြေကို ဖော်ဆောင်ခြင်းဖြစ်ကာ ကွန်ကရစ်ခင်းခြင်း၊ကုန်းမြေမှ

ကမ်းနားလမ်းဆိပ်ကမ်းသာပန်းခြံသို့လှေကားအဆင်းလမ်းတည်ဆောက်ခြင်း၊လမ်းမီးတိုင်များဖြင့်အလှဆင်ခြင်း၊အများပြည်သူအပန်းဖြေအနားယူနိုင်ရန်

ရင်ပြင်တည်ဆောက်ခြင်း၊ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းအတွက် အပန်းဖြေနိုင်ရန်ကော့သောင်းမြို့၏နေရာသစ်တစ်ခုအဖြစ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။ယခုတော်တော်များများပြီးနေပြီဖြစ်ကြောင်း

လာမည့်ပွင့်လင်းရာသီတွင်ဖွင့်လှစ်မည်ဖြစ် ကြောင်းသိရသည်။

အပေါ်စီးကဖြစ်သည့်အတွက်ရှုခင်းကောင်းကောင်းမြင်တွေ့နိုင်ပါသည်။ထိုင်းနိုင်ငံကိုမြင်တွေ့နိုင်သလို လှပသောပင်လယ်ပြင်ကိုလည်းမြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

တောင်ပတ်လမ်းနှင့် ဗျူးပွိုင့်အပန်းဖြေရင်ပြင်တည်ဆောက်မှုကို ၂ဝ၁၇-၁၈ဘဏ္ဍာရေးနှစ် မြန်မာ-ထိုင်းနယ်စပ်ဖြတ်သန်းခရရှိငွေမှ

၁ဝရာခိုင်နှုန်း၊တိုင်းဒေသကြီးဘတ်ဂျက်နှင့်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ယူပူးပေါင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Pyi Myanmar

Local Read 35 times