ဌာနတည်နေရာ ။ ။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် (ကံဘဲ့) ရှိ ရန်ကုန်တိုင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန။
အခွန်တံဆိပ်ခေါင်းကပ်ခြင်း
*****************
ယခင်က မြေနှင့်အိမ်တန်ဖိုးကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၊ ရာဖြတ်ဌာနမှ သတ်မှတ်ပေးပါသည်။ ထိုသတ်မှတ် တန်ဖိုးအတိုင်း (၇ %) တံဆိပ်ခေါင်းခွန် ကပ်နှိပ်ရပါသည်။ ( ငွေ ၁၀ဝိ တန်လျှင် အခွန်တံဆိပ်ခေါင်း(ရိ)ကပ်ပေးရပါသည်။)(မှတ်ချက်- ကာလပေါ ်မှုတည်ပြီး အခွန်တန်ဖိုးပြောင်းနိုင်ပါသည်) (ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းသာ)
ယခုအချိန်တွင် မြေနှင့်အိမ်တည်နေရာရှိ ခရိုင်အခွန် ဦးစီးဌာနမှူး ပါဝင်သောအဖွဲ့မှ အဆိုပါမြေနှင့်အိမ်၊ မြေကွက်ကို တန်ဖိုး သတ်မှတ်ပေးပြီးစာချုပ်တွင် ကပ်နှိပ်ရန်အတွက် အခွန်တံဆိပ်ခေါင်း ရောင်းချပေးပါသည်။
စာချုပ်ကိုမှတ်ပုံတင်ခြင်းလိုအပ်ချက်များ
************************
၁. ပထမဦးစွာ လျှောက်လွှာတစ်ဆောင် ဝယ်ယူရမည်။ လျှောက်လွှာတွင် အခွန်တံဆိပ်ခေါင်းတစ်လုံး ကပ်နှိပ်ပါ ။
၂. ရောင်းသူ /ဝယ်သူ/သက်သေ(၂)ဦးတို့တွင် မူရင်းအမျိုးသား(သို့မဟုတ်)နိုင်ငံသားကဒ်ပါရမည်။ ရောင်းသူ/ဝယ်သူနှစ်ဦးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည်။
၃. တံဆိပ်ခေါင်းကပ်နှိပ်ပြီး စာချုပ်တွင် ရောင်းသူ/ဝယ်သူ သက်သေ(၂)ဦးတို့ လက်မှတ်ရေးထိုးရမည်။ အဆိုပါစာချုပ်အား မိတ္တူ(၁)စုံကူးပါ။
၄. မြေပုံမြေရာဇဝင်မူရင်းတင်ပြရမည်။ အဆိုပါမြေပုံနှင့် မြေရာဇဝင်ကိုလည်း မိတ္တူ (၁)စုံကူးပါ။
၅. မူရင်းမြေဂရန်ယူလာရမည်။ အဆိုပါ မြေဂရန်အား မိတ္တူ(၁)စုံကူးပါ။
၆. အဆင့်ဆင့်ရောင်းချခြင်းရှိလျှင် တရားဝင်ဆက်စပ်စာချုပ်များယူလာရမည်။ ၎င်းတို့ကိုလည်း မိတ္တူ(၁)ကူးပါ။ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးမှ စစ်ဆေးပြီးမှတ်ပုံတင်ပေးမည် ဖြစ်သည်။
# ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနသို့သွားရောက်၍ ကျသင့်ငွေသွင်းခြင်း၊ ရောင်းသူ/ဝယ်သူ/သက်သေတို့လက်ဗွေနှိပ်ခြင်းများ ပြုလုပ်ပြီးလျှင် ရောင်းဝယ်ခြင်း ကိစ္စ အထမြောက်ပါသည်။
#ဌာနမှချိန်ဆိုထားသောရက်တွင် စာချုပ်အားသွားရောက်ထုတ်ယူနိုင်ပါသည်။ ထုတ်ယူရာတွင် စာချုပ်တွင်အမည်ပါဝင်သူများသာ ထုတ်ယူခွင့်ရှိပါသည်။
မှတ်ချက်
****
အရောင်းအဝယ်စာချုပ်ချုပ်ဆိုသည့်နေ့မှ (၄)လ အတွင်းမှတ်ပုံတင်ရမည်။
မြေပုံနှင့်မြေရာဇဝင်သက်တမ်းသည် ဌာနမှထုတ်ပေးသည့်နေ့မှစ၍ (၁)နှစ်သာ သက်တမ်းရှိပါသည်။
မှတ်ပုံတင်ကိုယ်စားလှယ်စာ SP , GP ရသူသည် လွှဲအပ်သူကိုယ်စား လက်မှတ်ရေးထိုးနိုင်သည်။
ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာခြင်း
************************
ဂရန်အမည်ပေါက်သူကွယ်လွန်လျှင်
ဇနီးသို့မဟုတ်ခင်ပွန်း (သားသမီး) ကျန်ရစ်သူဆွေမျိုးသားချင်းများက လျှောက်ထားခြင်း ပထမဦးစွာ လျှောက်လွှာ (၂)စုံဝယ်ယူ၍ (၁)စုံစီတွင် အခွန်တံဆိပ်ခေါင်းကပ်ရပါမည်။
စာချုပ်ကိုမှတ်ပုံတင်ခြင်း
***************
၁. ကျန်ရစ်သူ (သို.မဟုတ်)ပိုင်ဆိုင်ကြောင်း ကြေညာမည့်သူ၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။ သက်သေ(၂)ဦး၏ မှတ်ပုံတင်မူရင်းပါရမည်။
၂. မြေဂရန်မူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။
၃. မြေပုံနှင့်မြေရာဇဝင်မူရင်း ပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ။
၄. သေစာရင်းမူရင်းပါရှိရမည်။ ၎င်းကိုမိတ္တူကူးပါ
၅. ကြေငြာစာချုပ်ကို မိတ္တူတစ်စုံကူးပါ။
၆. ကျန်ရစ်သူသည် ကွယ်လွန်သူနှင့် မည်ကဲ့သို့တော်စပ်ကြောင်း၊ အမွေဆက်ခံခွင့်ရှိကြောင်း ကိုယ်တိုင် ကတိသစ္စာ ပြုလွှာသို့မဟုတ် ကျမ်းကျိန်လွှာမူရင်း ( ထိုကျမ်းကျိန်လွှာသည် ကျိန်ဆိုသည့်နေ့မှ (၄)လ အတွင်းဖြစ်ရမည်။ ၎င်းကိုမိတ္တူကူးပါ။
၇. စာရွက်စာတမ်းများပြည့်စုံလျှင် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနမှူးက မှတ်ပုံတင်းပေးပါမည်။ ပြီးလျှင် မှတ်တမ်းဌာန ၊ ငွေစာရင်းဌာနများသို့သွား၍ ငွေသွင်းခြင်း ၊ လက်ဗွေနှိပ်ခြင်းများ ဆောင်ရွက်ရပါမည်။
၈. စာချုပ်စာတမ်းကိုစာချုပ်တွင် ပါဝင်သူတစ်ဦးဦးက ချိန်းဆိုသောရက်တွင် သွားရောက်ထုတ်ယူနိုင်ပါသည်။
Source:ဦးသန်းညွန့်အောင် ( တရားလွှတ်တော် ရှေ့နေ)