ရန်ကုန်မြို့ရှိ Rowe ကုန်တိုက်ကြီးမှ ပြောင်းလဲသွားသော အဆောက်အအုံ


21 November, 2020

အရှေ့တိုင်း၏ Harrods ကုန်တိုက်ကြီးဟု အမည်တွင်ခဲ့သည့် ထိုအဆောက်အဦးဟောင်းကြီးအား မြန်မာနိုင်ငံ၏ အကောင်းဆုံးကုန်တိုက်ကြီးအဖြစ် ရည်မှန်းပြီး ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လမ်းမကြီးနှစ်ခု၏ ထောင့်ချိုးနေရာကို မျက်နှာစာ နှစ်ခုဖြင့် ဖန်တီးထားသော မျှော်စင်ပါ အဆောက်အအုံကြီးသည် ကြွယ်ဝချမ်းသာမှု များကို လှစ်ဟ ပြသနေသည့် ခမ်းနားလှသည့် အဆောက်အအုံ ကြီးလည်း ဖြစ်သည်။

ဗြိတိသျှအုပ်ချုပ်စဉ်အခါက ဒီအဆောက်အအုံကြီးဟာ Rowe & Company စီးပွားရေးလုပ်ငန်းစုကြီး၏ မြန်မာနိုင်ငံအကြီးဆုံး လက်လီဖြန့်ချီရောင်းချရာ ပင်မအဆောက်အဦးကြီးဖြစ်ခဲ့သည်။

မစ္စတာ R.V.Rowe  က ၁၈၆ဝပြည့်နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံ မဂိုရ်လမ်း (ယခုရွှေဘုံသာလမ်း) တွင် ခန်းဆီလိုက်ကာများနှင့် အထွေထွေကုန်ပစ္စည်းတွေကို ရောင်းချသည့် အသေးစားကုန်စုံဆိုင်မှ

စတင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ဆိုင်ကို နေရာအမျိုးမျိုးပြောင်းရွှေ့ခဲ့ရပြီး နောက်ဆုံး Fytche Square ဟုခေါ်သည့် ယခု မဟာဗန္ဓုလပန်းခြံရှေ့  မြို့တော်ခန်းမအဆောက်အအုံ ဘေးနေရာတွင် အတည်တကျ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

 

ထို အဆောက်အဦးကြီးကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က အထင်ရှားဆုံးဗိသုကာပညာရှင် အဖွဲ့ဖြစ်သည့် Charles F. Stevens & Co.က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

Charles Stevens က မွမ်ဘိုင်းမြို့၏ ဗြိတိသျှကိုလိုနီခေတ် အကောင်းဆုံး ဗိသုကာလက်ရာဟုသတ်မှတ်ထားကြသည့် Vitoria Terminus အဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးသော

Frederick W. Stevens ၏ သားတော်စပ်သူဟုလည်း သိရပါသည်။ မြန်မာနိုင်ငံ၏ Rowe & Co. အတွက် Charles က ဗြိတိသျှခေတ်တွင် အကောင်းဆုံးဟုဆိုသည့်

အင်ဂျင်နီယာအတတ်ပညာများနှင့် ဒီဇိုင်းရေးဆွဲဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ စတုရန်းပေ (၂၂ဝဝဝ) ကျယ်ဝန်းသည့် မြေအကျယ်ပေါ်မှာ ရန်ကုန်မြို့ရဲ့ ပထမဆုံးမြေအောက်ခန်းပါ

သံမဏိဘောင်ခံ အဆောက် အအုံကြီးလည်းဖြစ်သည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိခါစအခြေအနေတွင် မြို့တော်၏ ပထမဆုံးလျှပ်စစ်ဓာတ်လှေကားအသုံးပြုအဆောက်အဦးဖြစ်ခဲကာ

မျက်နှာကျက်ပန်ကာများလည်း ပထမဆုံး အသုံးပြုနိုင်ခဲ့သည့် ခေတ်မီအဆောက်အအုံကြီးလည်း ဖြစ်ခဲ့သည်။

အဆောက်အအုံတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းမှပင်တည်ထောင်ထားခဲ့သော Robin-son & Mundy ကန်ထရိုက်တာအဖွဲ့ကို လုပ်ငန်းအပ်နှံခဲ့တာဖြစ်ပါသည်။

ထိုဆောက်လုပ်ရေးအဖွဲ့တွင် မြို့ပြအင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးအဖွဲ့များပေါင်းစည်းထားပြီး ရန်ကုန်မြို့ တွင် ၁၈၇ဝခုနှစ်မှာ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော်ကုမ္ပဏီတွေဖြစ်ကြသည့် J.&F. Graham shipping Company နှင့် Finlay Fleming & Company တို့အပါအဝင် စီးပွားရေးလုပ်ငန်းစု အတော်များများအတွက်

ခေတ်မီခမ်းနားသည့်အဆောက်အအုံများကို တည်ဆောက်ပေးနိုင်ခဲ့သည့် အဖွဲ့လည်း ဖြစ်ပါသည်။ ဥရောပနှင့် ချမ်းသာကြွယ်ဝသည့် အာရှနိုင်ငံသားများ

Rowe & Co.၏ ကုန်တိုက်ကြီးဆီ ကုန်ပစ္စည်းတွေအပြိုင်အဆိုင်သွင်းလို့ ရောင်းချလာခဲ့ကြပါသည်။

၁၉၅၀ပြည့်လွန်နှစ်များမှာ Rowe ကုန်တိုက်ကြီးက လူချမ်းသာများ အကြိုက်ဆုံးနေရာအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါသည်။

ကမ္ဘာပေါ်ရှိ အကောင်းဆုံးကုန်ပစ္စည်းတွေ ဆိုတာ Rowe ကုန်တိုက်ဆီမှာ မရနိုင်တာမရှိဆိုတာ Rowe & Co. ရဲ့ ဂုဏ်ယူစရာအကောင်းဆုံးဝန်ဆောင်မှုပဲဖြစ်ပါတယ်။

ကုန်တိုက်မှရှားပါးပါးဖြစ်ခေါင့်ဖြစ်ခဲ့ မရှိခဲ့ဘူးဆိုသည့် ပစ္စည်းများကိုလည်း Rowe တာဝန်ရှိသူများက အဲ့ဒီပစ္စည်းထုတ်တဲ့နိုင်ငံဆီကနေ မရရအောင် မှာယူပေးသည်။

ထိုကြောင့် ဒီကုန်တိုက်ကြီးကို လန်ဒန်မြို့က အကျော်ကြားဆုံးကုန်တိုက်ကြီးဖြစ်တဲ့ Harrods ကုန်တိုက်နဲ့ နှိုင်းယှဉ်လို့ အရှေ့တိုင်းရဲ့ Harrods ကုန်တိုက်ကြီးအဖြစ် တင်စားနိုင်သည်။

၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းအထိ မြန်မာနိုင်ငံမှာ Rowe & Co. လုပ်ငန်းစုကြီးတည်ရှိနေနိုင်ခဲ့ပြီး ၁၉၆၄ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်လုပ်ငန်း

(၁၂၂ဝဝ) ကျော် နိုင်ငံပိုင်သိမ်းသည့်အထဲ Rowe ကုန်တိုက်ကြီးနှင့် ကုန်တိုက်ခွဲများအားလုံးပါသွားခဲ့ခြင်းဖြစ်ပါသည်။ ဆိုရှယ်လစ်ခေတ်ထဲမှာ ဒီအဆောက်အဦး ကြီး၏

တစိတ်တပိုင်းကို အလုပ်သမားများကောလိပ်၏ စာကြည်အဖြစ်ဖွင့်လှစ်ထားခဲ့ပြီး နောက်ပိုင်းတွင်တော့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဌာနအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါသည်။

ဗြိတိသျှအုပ်ချုပ်စဉ်အခါက ဒီအဆောင်အအုံကြီးဟာ Rowe & Company စီးပွားရေးလုပ်ငန်းစုကြီး၏ မြန်မာနိုင်ငံအကြီးဆုံး လက်လီဖြန့်ချီရောင်းချရာ

ပင်မအဆောက်အဦးကြီးဖြစ်ခဲ့ပါသည်။ မစ္စတာ R.V.Rowe  က ၁၈၆၀ပြည့်နှစ်လယ်ပိုင်းတွင် မြန်မာနိုင်ငံ မဂိုရ်လမ်း (ယခုရွှေဘုံသာလမ်း) တွင် ခန်းဆီလိုက်ကာများနှင့်

အထွေထွေကုန်ပစ္စည်းတွေကို ရောင်းချသည့် အသေးစားကုန်စုံဆိုင်ကနေ စတင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ဆိုင်ကို နေရာအမျိုးမျိုးပြောင်းရွှေ့ခဲရပြီး နောက်ဆုံး Fytche Square ဟုခေါ်သည့် ယခု မဟာဗန္ဓုလပန်းခြံရှေ့  မြို့တော်ခန်းမအဆောက်အအုံ ဘေးနေရာတွင် အတည်တကျ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ဒီအဆောက်အဦးကြီးကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က အထင်ရှားဆုံးဗိသုကာပညာရှင် အဖွဲ့ဖြစ်သည့် Charles F. Stevens & Co.က ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

Charles Stevens က မွမ်ဘိုင်းမြို့၏ ဗြိတိသျှကိုလိုနီခေတ် အကောင်းဆုံး ဗိသုကာလက်ရာဟုသတ်မှတ်ထားကြသည့် Vitoria Terminus အဆောက်အအုံကြီးကို

ဒီဇိုင်းရေးဆွဲပေးခဲ့ဖူးသော Frederick W. Stevens ၏ သားတော်စပ်သူဟုလည်း သိရပါသည်။ မြန်မာနိုင်ငံ၏ Rowe & Co. အတွက် Charles က ဗြိတိသျှခေတ်တွင်

အကောင်းဆုံးဟုဆိုသည့် အင်ဂျင်နီယာအတတ်ပညာများနှင့် ဒီဇိုင်းရေးဆွဲဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ စတုရန်းပေ (၂၂ဝဝဝ) ကျယ်ဝန်းသည့် မြေအကျယ်ပေါ်မှာ ရန်ကုန်မြို့ရဲ့

ပထမဆုံးမြေအောက်ခန်းပါ သံမဏိဘောင်ခံ အဆောက် အအုံကြီးလည်းဖြစ်သည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိခါစအခြေအနေတွင် မြို့တော်၏ ပထမဆုံးလျှပ်စစ်ဓာတ်လှေကားအသုံးပြု

အဆောက်အဦးဖြစ်ခဲကာ မျက်နှာကျက်ပန်ကာများလည်း ပထမဆုံး အသုံးပြုနိုင်ခဲ့သည့် ခေတ်မီအဆောက်အအုံကြီးလည်း ဖြစ်ခဲ့သည်။

အဆောက်အအုံတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းမှပင်တည်ထောင်ထားခဲ့သော Robin-son & Mundy ကန်ထရိုက်တာအဖွဲ့ကို လုပ်ငန်းအပ်နှံခဲ့တာဖြစ်ပါသည်။

ဒီဆောက်လုပ်ရေးအဖွဲ့တွင် မြို့ပြအင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးအဖွဲ့များပေါင်းစည်းထားပြီး ရန်ကုန်မြို့ တွင် ၁၈၇၀ခုနှစ်မှာ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော်ကုမ္ပဏီတွေဖြစ်ကြသည့် J.&F. Graham shipping Company နှင့် Finlay Fleming & Company တို့အပါအဝင် စီးပွားရေးလုပ်ငန်းစု အတော်များများအတွက်

ခေတ်မီခမ်းနားသည့်အဆောက်အအုံများကို တည်ဆောက်ပေးနိုင်ခဲ့သည့် အဖွဲ့လည်း ဖြစ်ပါသည်။ ဥရောပနှင့် ချမ်းသာကြွယ်ဝသည့် အာရှနိုင်ငံသားများ Rowe & Co.၏ ကုန်တိုက်ကြီးဆီ ကုန်ပစ္စည်းတွေအပြိုင်အဆိုင်သွင်းလို့ ရောင်းချလာခဲ့ကြပါသည်။

၁၉၅၀ပြည့်လွန်နှစ်များမှာ Rowe ကုန်တိုက်ကြီးက လူချမ်းသာများ အကြိုက်ဆုံးနေရာအဖြစ် အရောင်းကောင်တာ တွေမှာ ဗြိတိသျှအရောင်းဝန်ထမ်းတွေက အကောင်းဆုံး ဝန်ဆောင်မှုပေးနေဆဲပါပဲ။

ကမ္ဘာပေါ်က အကောင်းဆုံးကုန်ပစ္စည်းတွေ ဆိုတာ Rowe ကုန်တိုက်ဆီမှာ မရနိုင်တာမရှိဆိုတာ Rowe & Co. ရဲ့ ဂုဏ်ယူစရာအကောင်းဆုံးဝန်ဆောင်မှုပဲဖြစ်သည်။

ကုန်တိုက်မှရှားပါးပါးဖြစ်ခေါင့်ဖြစ်ခဲ့ မရှိခဲ့ဘူးဆိုသည့် ပစ္စည်းများကိုလည်း Rowe တာဝန်ရှိသူများက အဲ့ဒီပစ္စည်းထုတ်တဲ့နိုင်ငံဆီကနေ မရရအောင် မှာယူပေးပါတယ်။

ဒါကြောင့် ဒီကုန်တိုက်ကြီးကို လန်ဒန်မြို့က အကျော်ကြားဆုံးကုန်တိုက်ကြီးဖြစ်တဲ့ Harrods ကုန်တိုက်နဲ့ နှိုင်းယှဉ်လို့ အရှေ့တိုင်းရဲ့ Harrods ကုန်တိုက်ကြီးအဖြစ် တင်စားနိုင်သည်။

၁၉၆၀ ပြည့်လွန်နှစ်အစောပိုင်းအထိ မြန်မာနိုင်ငံမှာ Rowe & Co. လုပ်ငန်းစုကြီးတည်ရှိနေနိုင်ခဲ့ပြီး ၁၉၆၄ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်လုပ်ငန်း (၁၂၂ဝဝ) ကျော် နိုင်ငံပိုင်သိမ်းသည့်အထဲ

Rowe ကုန်တိုက်ကြီးနှင့် ကုန်တိုက်ခွဲများအားလုံးပါသွားခဲ့ခြင်းဖြစ်ပါသည်။ ဆိုရှယ်လစ်ခေတ်ထဲမှာ ဒီအဆောက်အဦး ကြီး၏ တစိတ်တပိုင်းကို အလုပ်သမားများကောလိပ်၏ စာကြည်အဖြစ်ဖွင့်လှစ်ထားခဲ့ပြီး နောက်ပိုင်းတွင်တော့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဌာနအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြပါသည်။

၂ဝဝ၈ခုနှစ်နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခေတ်ပြီးသည့်နောက် ဆိုးဆိုးရွားရွားပျက်စီးခဲ့ရသည့် အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြန်လည်ပြုပြင်မွမ်းမံခဲ့သော ရှေးဟောင်း အဆောက်အအုံငါးခုတွင်

ယင်းအဆောက်အအုံကြီးလည်းပါဝင်ခဲ့သည်။ ဗိသုကာပညာရှင်များနှင့် အင်ဂျင်နီယာများတွက်ချက်မှုအရ ယခင်အုတ်ကြွပ်ချပ်ခေါင်းမိုးများကို အဆောက်အအုံက

ခံနိုင်စွမ်းမရှိနိုင်တော့သည့် အတွက် ပိုမိုပေါ့ပါးခိုင်ခံသည့် သတ္တုပြားအမိုးများနှင့် အမိုးတစ်ခုလုံးကိုအစားထိုးပြုပြင်ခဲ့ကြပါသည်။ ရန်ကုန်မြို့၏ အချက်အချာ ဆူးလေဘုရားအနီးတည်ရှိပြီး

မဟာဗန္ဓုလပန်းခြံကြီး၏ ဥပစာမှာတည်ရှိနေခဲ့သည့် ယင်း အဆောက်အအုံကြီးက စီးပွားရေးလုပ်ငန်းစုများ အပြိုင်အဆိုင်ဖြစ်နေကြသည့် မြို့လယ်ကောင်က

အဆောက်အအုံတစ်ခုလည်း ဖြစ်နေခဲ့ခြင်းကြောင့် အတိတ်ပုံရိပ်ကအတိုင်းကုန်တိုက်ကြီးဖြစ်ဖြစ်၊ စီးပွားရေးလုပ် ငန်းဖြစ်ဖြစ်အသုံးပြုလျှင် အသင့်လျှော်ဆုံးဖြစ်မည်ဟု

သုံးသပ်ချက်များထွက်ခဲ့ပြီး ယနေ့ချိန်ခါမှာတော့ ရှေးမှု လက်ရာမပျက် ပြန်လည်ပြုပြင်လျက် ဧရာသတီဘဏ်ဌာနချုပ်အဖြစ်ဖွင့်လှစ်ကာ ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယခု ဧရာဝတီဘဏ်အဖြစ် အသုံးပြုနေသည့် Rowe ကုန်တိုက်ဖွင့်လှစ်ခဲ့ရာ အဆောက်အအုံသည် ရန်ကုန်မြို့၏အလယ်ဗဟိုတည့်တည့်ဖြစ်သော သမိုင်းဝင်ဆူးလေစေတီတော်၊

မြို့တော်ခန်းမနှင့် လွတ်လပ်ရေး ကျောက်တိုင်တို့အနီးတွင် တည်ရှိပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ရန်ကုန်မြို့၏အထင်ကရ အဖြစ်အပျက်များဖြင့် ပြည့်နှက်နေခဲ့သည့်

ပတ်ဝန်းကျင်တွင်တည်ရှိပါသည်။ စီးပွားရေးရှုထောင့်အရ ကြည့်မည် ဆိုပါက ထိုနေရာသည် အင်မတန်အကွက်အကွင်းသောနေရာဖြစ်ပြီး ထိုနေရာတွင် ခေတ်မီအဆောက်အအုံ

တစ်ခုကို အစားထိုးတည်ဆောက်ကာ အရောင်းပြခန်း (သို့မဟုတ်) ခေတ်မီစားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိုက် မည်ဆိုပါက အကျိုးအမြတ်များစွာရရှိနိုင်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

သို့သော် ထိုရှေးဟောင်းအဆောက် အအုံကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိခဲ့သော မြန်မာလုပ်ငန်းရှငမှ နဂိုမှုလလက်ရာများကို မပျက်စီးစေဘဲ မွမ်းမံပြင်ဆင်ကာ ဧရာဝတီဘဏ်ရုံးချုပ်အနေဖြင့် အသုံးပြုလျက်ရှိပါသည်။

Local Tips Read 123 times