Repairing of Honeycombed Concrete


01 March, 2020

အများအားဖြင့်တော့ တိုင်တွေမှာ honeycomb ထတာတို့ကို သရွက်နှင့်ပဲ သိပ်ထည့်ပြီး ဖာထေးမှု ပြုလုပ်ရပါတယ်။

ထိုသို့ ဖာထေးမှုကို အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။


၁။ ပထမဦးစွာ Honeycomb ပေါ်နေတဲ့၊ ထတဲ့အပိုင်းကို တူနှင့် ဆောက်နှင့် ထွင်းပြီး ဖယ်ရှားရပါတယ်။


၂။ အဲ့နေရာကို Brush နှင့် ပွတ်တိုက်ပြီး ဖုန်မှုန့်များ၊ အမှိုက်များ ဖယ်ရှား သန့်ရှင်းပေးရပါတယ်။


၃။ ထို့နောက် သိပ်မည့်သရွက်၊ကွန်ကရစ်ကို ပြင်ဆင်ရပါတယ်။ Thumb Rule အရ ဘိလပ်မြေနှင့် ထုံးကျောက်မှုန့်(အနု)ကို ၁:၂ အချိုးဖြင့် အသုံးပြုလေ့ရှိပါတယ်။

 

ဘိလပ်မြေကိုတော့ White Portland Cement ကို အသုံးပြုရပါတယ်။


အသုံးပြုမယ့်ရေကတော့ ရေနှင့် polymer ဆတူပါဝင်သင့်ပါတယ်။


၄။ ရောစပ်လိုက်တဲ့ သရွက်များအနေဖြင့် ဒေါင်လိုက်မျက်နှာပြင်များကို ဖာထေးမယ်ဆိုရင် ပျစ်တွဲမှု slump နည်းအောင် လုပ်ရပါတယ်။


၅။ ထို့နောက်တွင် သရွက်များကို ဖာထေးမယ့်အခေါင်းထဲ ထိုးသိပ်ပြီး သိပ်သည်းမှုကောင်းအောင် သံတုတ်ဖြင့် ထိုးပေးရပါတယ်။ ပြီးမှ သလက်နှင့် မျက်နှာပြင်ကို သပ်ပေးရပါတယ်။


၆။ နောက်ဆုံးတွင် ယင်းနေရာကို ပလာစတစ်ဖြင့် ပတ်၍ တိတ်ဖြင့် ကပ်ထားပြီး curing လုပ်ပေးရပါတယ်။


အကယ်၍ honeycomb က အလွန်ဆိုးဝါးပြီး အရမ်းကြီးနေလျှင် ယင်းနေရာကို section တစ်ခုပိုင်းခြားပြီး ပြန်ဖျက်ပေးရပါတယ်။

 

ထို့ပြင်တိုင်နှင့်ထုတ်တန်းနေရာများတွင် အဲ့ဒီလို လုပ်ဖို့လိုအပ်လာရင် ၎င်းတို့ကို ထောက်မထိန်းချုပ်ဖို့ ထောက်ကန်ဖို့ လိုအပ်လာပါမယ်။


ထိုသို့ ငြမ်းဆင်၊ ထောက်မပြီး နောက် ဖာထေး၊ ကွန်ကရစ်ပြန်လောင်းမည့် အပိုင်းကို သန့်ရှင်းအောင်ပြုလုပ်ခြင်းများ ဆောင်ရွက်ရပါတယ်။


ကွန်ကရစ်သားများတွင် အပေါက်များ၊ အစက်ပြောက်များဖြစ်ပေါ်ခြင်းများကို ပြုပြင်ဖာထေးတဲ့အခါ Bagging in လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပါတယ်။

 

ယင်းနည်းပညာတွင် Hession pad ကို အသုံးပြီး ဘိလပ်မြေသရွက်များဖြင့် ကွန်ကရစ်မျက်နှာပြင်ကို ပွတ်တိုက် ဂျီးချွတ်ပေးရတာပဲဖြစ်ပါတယ်။

 

ယင်းဘိလပ်မြေများကို ပုံမှန်သရွက်များလိုပင် ၁း၃ ၊ ၂း၄ အချိုးဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါတယ်။

Tips Read 252 times