မြေနှင့်အိမ် အပေါင်ထား၍ ငွေချေးယူခြင်းအတွက် တင်ပြရန် လိုအပ်ချက်များ -
(1). လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်
(2). မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည် ၊
(3). မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်း မှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင် ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊
(4). တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်း လိုင်စင် ၊ company မှတ်ပုံတင်လတ်မှတ် ၊
သင်းဖွဲ့မှတ်တန်းနှင့် သင်းဖွဲ့စည်းမျဉ်း ၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင် မိမိပိုင်အိမ်အတွက် လုပ်ငန်းအတွက်
အခွန်ကြွေးကျန် မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ၊
(5). လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပေးဆောင်ထားသော အမြတ်ခွန် ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံစာ၊
(6). အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတို့ကို မှတ်တမ်းတင် ဓာတ်ပုံ( ရှေ့ ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ)
(7). လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း၊
(8). အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံ(မြေပုံ၊ မြေရာဇဝင်)၊
(9). ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိ အမှန်တကယ် ပိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချ ပေါင်းနံှထားခြင်း မရှိကြောင်း ၊ တရားသူကြီးထံ ကျမ်းကျိန်လွှာ၊
(10). တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ၊အိမ်ထောင်စုစာရင်း၊ မိတ္တူသုံးစုံ မှတ်ပုံတင်) (company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ ၊
(11). အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်း သက်သေခံ လက်မှတ်B.C.C ။
ထိုကဲ့သို့ ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင် ဘဏ်ရှေ့နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့ ပါရှိရမည်ဖြစ်ကြောင်းသိရသည်။
ယင်း ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်း ပြန်ဆပ်ရသည်ဖြစ်ကြောင်းသိရသည်။
ဘဏ်တွင်း ငွေသွင်းငွေထုတ် လုပ်ရန် ကြိုတင်ပြုလုပ်ထားရသော စာရင်းရှင်းလက်မှတ်မှတစ်ဆင့် (Current Account) ထုတ်ယူနိုင်ပါသည်။
ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍ လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်း တင်ပြခြင်းသာ ဖြစ်ကြောင်းသိရသည်။
ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
တိုက်ခန်းနှင့်ကွန်ဒိုဝယ်ယူခြင်းအတွက်
အဆင့်(၁)
၁.ရိုးမဘဏ်၏အိမ်ယာချေးငွေရယူရန် ရိုးမဘဏ်အိမ်ယာချေးငွေဌာနသို့ ဆက်သွယ်ပြီး ပထမဆုံးတိုင်ပင်ခြင်း။
၂.ရိုးမဘဏ်၏အိမ်ယာချေးငွေ၊ပထမဆုံးခန့်မှန်းကုန်ကျငွေ၊လစဉ်ပေးဆပ်ရမည့်ပမာဏ၊အတိုးနှုန်းနှင့် လုပ်ငန်းစဉ်များအားနည်းလမ်းရန်ဆွေးနွေးခြင်း။
၃.ဘဏ်စာရင်းဖွင့်ရန်လိုအပ်ခြင်း။
၄.အိမ်ယာချေးငွေ ပထမဆုံးခွင့်ပြုပမာဏကိုလျှောက်ထားရယူခြင်း။
အဆင့်(၂)
အိမ်ယာချေးငွေ ပထမဆုံးခွင့်ပြုပမာဏရရှိလျှင် ခွင့်ပြုထားသောပမာဏနှင့်ကိုက်ညီသောအိမ်ယာကိုရှာဖွေနိုင်ကြောင်းသိရသည်။
ချေးငွေလျှောက်ထားရန်လိုအပ်သောစာရွက်စာတမ်းများကိုစတင်စုစည်းရမည်။
လိုအပ်သောစာရွက်စာတမ်းများမှာ
(၁)မှတ်ပုံတင်
(၂)အိမ်ထောင်စုစာရင်း
(၃)ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ
(၄)နေထိုင်ကြောင်းထောက်ခံစာ
(၅)အလုပ်အကိုင်နှင့်လစာထောက်ခံချက်
(၆)အိမ်ငှားစာချုပ်(ရှိလျှင်)
(၇)ဘဏ်စာရင်းများ(ရှိလျှင်)
(၈)ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက လုပ်ငန်းသုံးချေးငွေလိုအပ်ချက်အတိုင်း စာရွက်စာတမ်းများ လိုအပ်ကြောင်းသိရသည်။
အဆင့်(၃)
ရောင်းချသူနှင့် သဘောတူညီချက်ရရှိလျှင် ရောင်းချသူနှင့်အတူ ရိုးမဘဏ်အိမ်ယာချေးငွေဌာနသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း
အိမ်ယာချေးငွေလျှောက်ထားရန် မိမိစုစည်းထားသော စာရွက်စာတမ်းများနှင့် ရောင်းချသူထံမှ အောက်ဖော်ပြပါ စာရွက်စာတမ်းများပါတစ်ပါတည်း ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။
ရောင်းချသူထံမှ လိုအပ်သောစာရွက်စာတမ်းများ
(၁)မှတ်ပုံတင်
(၂)နေထိုင်ကြောင်းထောက်ခံစာ
(၃)အိမ်ထောင်စုစာရင်း
(၄)ဆက်စပ်စာချုပ်များနှင့် စာချုပ်မှတ်ပုံတင်
(၅)ဂရန်မိတ္တူ(သို့)ဘိုးဘွားပိုင်မြေမိတ္တူ
(၆)မြေရှင်နှင့် ဆောက်လုပ်ရေးသဘောတူစာချုပ်မိတ္တူ
(၇)လူနေထိုင်ခွင့်မိတ္တူ
(၈)မြေရှင်မှ သဘောတူသိရှိကြောင်း ထောက်ခံစာ
အဆင့်(၄)
စာရွက်စာတမ်းပြည့်စုံပါလျှင် ရိုးမဘဏ်အိမ်ယာချေးငွေ ဌာနနှင့်အတူရာဖြတ်ခြင်း၊ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊အာမခံ ရယူခြင်းများပြုလုပ်ရမည်ဖြစ်ကြောင်း
လုပ်ငန်းစဉ်အားလုံးပြီးစီးပါလျှင် (၂)ပတ်မှ (၁)လအတွင်း အိမ်ယာချေးငွေခွင့်ပြု၊ မပြု ဆုံးဖြတ်ချက်ရရှိမည်ဖြစ် ကြောင်းသိရသည်။
လုံးချင်းနှင့် မြေဝယ်ယူခြင်းအတွက်
အဆင့်(၁)
၁.ရိုးမဘဏ်၏အိမ်ယာချေးငွေရယူရန် ရိုးမဘဏ်အိမ်ယာချေးငွေဌာနသို့ ဆက်သွယ်ပြီး ပထမဆုံးတိုင်ပင်ခြင်း။
၂.ရိုးမဘဏ်၏အိမ်ယာချေးငွေ၊ပထမဆုံးခန့်မှန်းကုန်ကျငွေ၊လစဉ်ပေးဆပ်ရမည့်ပမာဏ၊အတိုးနှုန်းနှင့် လုပ်ငန်းစဉ်များအားနည်းလမ်းရန်ဆွေးနွေးခြင်း။
၃.ဘဏ်စာရင်းဖွင့်ရန်လိုအပ်ခြင်း။
၄.အိမ်ယာချေးငွေ ပထမဆုံးခွင့်ပြုပမာဏကိုလျှောက်ထားရယူခြင်း။
အဆင့်(၂)
အိမ်ယာချေးငွေ ပထမဆုံးခွင့်ပြုပမာဏရရှိလျှင် ခွင့်ပြုထားသောပမာဏနှင့်ကိုက်ညီသောအိမ်ယာကိုရှာဖွေနိုင်ကြောင်းသိရသည်။
ချေးငွေလျှောက်ထားရန်လိုအပ်သောစာရွက်စာတမ်းများကိုစတင်စုစည်းရမည်။
လိုအပ်သောစာရွက်စာတမ်းများမှာ
(၁)မှတ်ပုံတင်
(၂)အိမ်ထောင်စုစာရင်း
(၃)ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ
(၄)နေထိုင်ကြောင်းထောက်ခံစာ
(၅)အလုပ်အကိုင်နှင့်လစာထောက်ခံချက်
(၆)အိမ်ငှားစာချုပ်(ရှိလျှင်)
(၇)ဘဏ်စာရင်းများ(ရှိလျှင်)
(၈)ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက လုပ်ငန်းသုံးချေးငွေလိုအပ်ချက်အတိုင်း စာရွက်စာတမ်းများ လိုအပ်ကြောင်းသိရသည်။
အဆင့်(၃)
ရောင်းချသူနှင့် သဘောတူညီချက်ရရှိလျှင် ရောင်းချသူနှင့်အတူ ရိုးမဘဏ်အိမ်ယာချေးငွေဌာနသို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း
အိမ်ယာချေးငွေလျှောက်ထားရန် မိမိစုစည်းထားသော စာရွက်စာတမ်းများနှင့် ရောင်းချသူထံမှ အောက်ဖော်ပြပါ စာရွက်စာတမ်းများပါတစ်ပါတည်း ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။
အိမ်ရှင်မှ လိုအပ်သောစာရွက်စာတမ်းများ
(၁)မှတ်ပုံတင်
(၂)အိမ်ထောင်စုစာရင်း
(၃)နေထိုင်ကြောင်းထောက်ခံစာ
(၄)ဂရန်မိတ္တူ(သို့)ဘိုးဘွားပိုင်မြေမိတ္တူ
(၅)ဆက်စပ်စာချုပ်များနှင့် စာချုပ်မှတ်ပုံတင်
(၆)၁ဝ၅/၁ဝ၆ မြေပုံ၊မြေရာဇဝင်