တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ


09 November, 2020

မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တိုက်ခန်းများအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များကို သတ်မှတ်လျှောက်လွှာပုံစံနှင့်အတူ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်းသိရသည်။

(၁)ကိုယ်တိုင်ရေးလျှောက်လွှာ(၁)စောင်

(၂)အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ထုတ်ပေးသော အဆောက်အအုံနေထိုင်ခွင့် စာချုပ်(သို့မဟုတ်)သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏တိုက်ခန်းနေရာချထားခြင်း လက်မှတ်(၁)စောင်

(၃)တိုက်ခန်းလွှဲပြောင်းလက်ခံခြင်း သဘောတူစာချုပ်မိတ္တူ(၁)စောင်

(၄)သက်ဆိုင်ရာရပ်ကွက်အာဏာပိုင်၏တိုက်ခန်းပိုင်ဆိုင်သည်မှာ မှန်ကန်ကြောင်းထောက်ခံချက်(၁)စောင်

(၅)တိုက်ခန်းလွှဲပြောင်းသူ၊တိုက်ခန်းလက်ခံသူတို့၏မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(၁)စောင်

(၆)တိုက်ခန်းလွှဲပြောင်းသူ၏လိုင်စင်ဓာတ်ပုံ(၂)ပုံ

(၇)တိုက်ခန်းလွှဲပြောင်းသူ၏မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးထားသော အိမ်ထောင်စုစာရင်းမိတ္တူ(၁)စောင်

(၈)တိုက်ခန်းလွှဲပြောင်းသူ၏အမည်ပြောင်းလဲခြင်းအား ကန့်ကွက်ရန်မရှိကြောင်းဝန်ခံကတိပြုချက်(၁)စောင်

(၉)ရေခွန်ပေးဆောင်ပြီး ပြေစာမိတ္တူ(သို့မဟုတ်)လွှဲပြောင်းလက်ခံသူမှ တိုက်ခန်းနှင့်ပတ်သက်သည့် ကြွေးကျန်ကိစ္စများ တာဝန်ယူဖြေရှင်းမည့် ဝန်ခံကတိပြုချက်(၁)စောင်

အထက်ပါစာရွက်စာတမ်းများ စုံလင်စွာ တင်ပြလျှောက်ထားနိုင်ပြီး ဌာနမှ စိစစ်မှုများ ပြုလုပ်ကာ အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

(က)တိုက်ခန်းအမည်ပြောင်း လျှောက်ထားချက်ကိုစိစစ်ပြီး လွှဲပြောင်းသူနှင့်လက်ခံသူတို့ကိုယ်တိုင် လက်ထောက်ဌာနမှူး(မြေရာ)၏ရှေ့တွင် လက်မှတ်ရေးထိုးလွှဲပြောင်းပေးရမည်။

(ခ)လျှောက်ထားသူမှ သတ်မှတ်ဝန်ဆောင်ခပေးသွင်းပြီးမှ အမည်ပြောင်းခွင့်ပြုမည်။

(ဂ)တိုက်ခန်းလွှဲပြောင်းသူ ကိုယ်တိုင်လာရောက်လွှဲပြောင်းခြင်းမပြုပါက နေ့စဉ်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာစေမည်။(အမည်ပြောင်းသူမှ ကြော်ငြာခကုန်ကျခံရမည်)

(ဃ)သတ်မှတ်ထားသောကာလအတွင်း ကန့်ကွက်ချက်မရှိပါက အမည်ပြောင်းလျှောက်ထားသူမှ မူလအဆောက်အအုံနေထိုင်ခွင့်စာချုပ်အားပယ်ဖျက်ပြီး အမည်ပြောင်းလျှောက်ထားသူအမည်ဖြင့် ချုပ်ဆိုထားသော စာချုပ်ကို ဆက်လက်ချုပ်ဆိုပေးပါမည်။

(င)ကော်မတီမှ စီမံခန့်ခွဲလျက်ရှိသော တိုုက်ခန်းများ၏သတ်မှတ်ထားသောမြေဌားခကို နေထိုင်သူများထံမှ တိုက်ခန်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဘဏ္ဍာရေးနှစ် အလိုက် ကော်မတီမှ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

imyanmar House

How To Read 62 times