ငလျင်ဒဏ်ခံနိုင်မှုအား တွက်ဆခန့်မှန်းခြင်း


06 December, 2020

 အိမ်ရှင်တွေအများဆုံးမေးတတ်သည့်မေးခွန်းက ကျွန်တော့်အိမ်က ငလျင်ဒဏ်ကို ရစ်ချ်တာစကေးဘယ်လောက်ခံနိုင်မှာလဲဆိုတာပါပဲ။

          ရစ်ချ်တာစကေး(Richter scale) က earthquake ရဲ့ energy released magnitude ကိုပြောတာ။ယခုသုံးနေmagnitude ပမာဏ M ဆိုတာက moment magnitude ကိုပြောခြင်းဖြစ်ပါတယ်။

          intensity ပြင်းအားကိုပြောတဲ့ Mercalli scale ဆိုတာရှိသေးတယ်။ငလျင်ပမာဏဆိုတာကလည်း အကွာအဝေးနှင့် အနက် (distance and depth)ဘာဘာညာညာပြောလို့မရ။

          ထို့ကြောင့် သူတို့သိချင်တဲ့ ရစ်ချ်တာစကေး ဘယ်လောက်ခံနိုင်တယ်ဆိုတာ ပြောပြရတော့မယ်။

          တကယ်တမ်းပြောရရင် ငလျင်ဇုန် ဘယ်လောက်ဆိုတာနှင့်ဒီဇိုင်းတွက်ချက်တည်ဆောက်လိုက်တဲ့ ရစ်ချ်တာစကေးဘယ်လောက်ခံနိုင်ရည်ရှိပါတယ်ဆိုတာကို တိတိကျကျ တွက်ချက်နိုင်တာမျိုးမရှိပါဘူးလို့ ယေဘုယျအားဖြင့် ခန့်မှန်းသတ်မှတ်ထားတာတွေသာရှိသည်ဟု ထင်ခဲ့မိသည်။

          တစ်ခါက အီရန်ဘက်က ငလျင်တွေလှုပ်တော့ ယူအေအီးနိုင်ငံဒူဘိုင်းမှာရိုက်ခတ်ပါတယ်။ငလျင်ရိုက်ခတ်မှုများလာတော့ ဒူဘိုင်းကလူတွေစိုးရိမ်လာပြီး ငလျင်ဇုန်ဒီဇိုင်းတွက်ချက်မှုတွင် UBC အရ Zone 2A မှ Zone 2B ကိုပြောင်းလဲသတ်မှတ်လိုက်ကြောင်း၊zone 2B နှင့် တွက်ချက်တည်ဆောက်လာကြသည့်အတွက်ကြောင့် နောက်ပိုင်းတွင်အဆောက်အအုံများငလျင်ဒဏ်ကို ရစ်ချ်တာစကေး ၆အထိ ခံနိုင်ရည်ရှိမယ်ဆိုတာ ဖတ်လိုက်ရတော့ Zone 2B ဆို ၆ လောက်တော့ ခံနိုင်မယ်ဆိုတာမျိုး မှတ်ထားမိတယ်။

          နိုင်ငံတကာ မြို့တစ်မြို့က zone 3 ထဲပါနေတယ်။ထိုမြို့က အဆောက်အအုံတွေကို အာမခံထားတာမှာ အာမခံကုမ္ပဏီက ပျက်စီးလို့လျော်ကြေးပေးရလျှင် ငလျင်ဒဏ်ကို ရစ်ချ်တာစကေး၇အထိပဲလျော်ပေးမည်ဟု ဆိုပါတယ်။

          ငလျင်ဒဏ်တွက်ဆ မှုခန့်မှန်းနိုင်သည့် Relationship of Earthquake Magnitude to Other Parameters ဆိုသည့် table လေးကိုတွေ့ပါတယ်။ထို Table တွင် Earthquake Magnitude M (Richter Scale) နှင့် Maximum Ground Acceleration (%g) ၏ဆက်သွယ်မှုအရ Zone 2B ကို 0.2 gနှင့်တွက်ရာတွင် 5.916 ဆိုပြီး ၆ နီးနီးရလို့ Ritcher Scale 6 ခံနိုင်တယ်လို့ပြောဟန်တူပါတယ်။

မန္တလေးမြို့ကို zone 4 ဆိုပြီး 0.4 g နှင့် တွက်လျှင် ဘယ်လောက်ရမလဲ???

 interpolate လုပ်ကြည့်တာ 7.1875 ရပါတယ်။ထို့ကြောင့် 0.4 g နှင့်တွက်ချက်ထားတဲ့ အဆောက်အအုံတွေကို မေးလာပါက ငလျင်ရစ်ချ်တာစကေး ၇.၂ အထိခံနိုင်တယ်ဆိုတာမျိုးပြောပြနိုင်မယ်လို့တော့ ထင်ပါတယ်။

 

 

How To Read 153 times