River Walk City Condominium


04 November, 2020

River Walk City ကွန်ဒိုအား Myanmar WPG Costructionနှင့်  557 Estate Construction တို့ပူးပေါင်း  တည်ဆောက်လျက်ရှိပြီး ရွှေပေါက်ကံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတွင်တည်ဆောက်နေသောအဆောက်အဦးတစ်ခုဖြစ်ကြောင်းသိရ သည်။

၂ဝ၁၇ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂၂ခုနှစ်တွင်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။

မြေဧက ၁ဝဒသမဝ၇ ပေါ်တွင်တည်ဆောက်မည့် အဆောက်အဦးဖြစ်ပြီး Amara Architect မှ ဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။

Tower 1,2,3,4 အပြင် Facilities Building ကိုပါ သပ်သပ်တည်ဆောက်ပေးမည့် ကွန်ဒိုဖြစ်ကြောင်းသိရသည်။

တာဝါအားလုံးတွင် အထပ်ပေါင်းရှစ်ထပ်ပါဝင်ပြီး Tower 1တွင် အခန်းပေါင်း၁၂၆ခန်း၊ Tower2 တွင် အခန်းပေါင်း ၁၅၄ခန်း၊Tower 3တွင်    ၁၇၃ခန်း၊Tower 4တွင်၁၅၄ခန်းပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။

အခန်းအကျယ်အဝန်းမှာ ၇၅ဝစတုရန်းပေ၊၁၁ဝဝ စတုရန်းပေ၊၁၃ဝဝစတုရန်းပေဟူ၍ကျယ်ဝန်းမည်ဖြစ်ကြောင်း သိရသည်။

တာဝါတစ်ခုလျှင်ဓာတ်လှေကား ၆စင်းတပ်ဆင်ပေးမည်ဖြစ်ပြီး ကားရပ်နားရာတွင် အဆင်ပြေလွယ်ကူစေရန် တာဝါ တိုင်းတွင် Basement ပါတည်ဆောက်ပေးမည်ဖြစ်သည်။

Facility အနေဖြင့် Facilities Building ကိုပါတည်ဆောက်မည် ဖြစ်ပြီး အားကစားခန်းမ၊Function Hall၊Shopping Center နှင့် စားသောက်ဆိုင်များပါ ထည့်သွင်း မည်ဖြစ်ပြီး 

ရေကူးကန်နှင့် ကလေးကစားကွင်းများပါ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

အခန်းတန်ဖိုးမှာ ဈေးနှုန်းမသတ်မှတ်ရသေးကြောင်းသိရသည်။

Myanmar WPG Costruction

Residential Read 48 times