RiverFront Garden


26 October, 2020

RiverFront Garden သည် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် CSCEC မှ လာ၍ ဆောက်လုပ်ပေးမည့် လှိုင်သာယာမြို့နယ်မှ ဘက်စုံသုံး (mixed-use) စီမံကိန်းတစ်ခုဖြစ်ပါသည်။

RiverFront Garden သည် ဆိပ်ကမ်းသာလမ်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားနှင့် အောင်ဇေယျတံတား ကြားရှိ မြေဧက ၃၁ ဧကတွင် တည်ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှု

ထိုစီမံကိန်းကို မြန်မာနိုင်ငံ ကုမ္ပဏီဖြစ်သည့် Southern Matel Industry (SMI) မှ developer အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ ဟူနန်အခြေစိုက် Toener International မှ ငွေရင်းနှီး စိုက်ထုတ်၍ Investor ဟု သိရသည်။

မြေအမျိုးအစားမှာ ဂရံမြေအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီဘက်မှ ပိုင်ဆိုင်သည်ဟု သိရှိရသည်။

အဆောက်အဦးနှင့်ဆောက်လုပ်ရေးကာလ

ဆောက်လုပ်မည့်မြေတွင် လက်ရှိ ၃၁ ဧက အနက် ၁၀ ဧက ကို လူနေကွန်ဒိုများဆောက်လုပ်မည်ဖြစ်ပြီး ကျန်သည့် နေရာများအား commercial ဇုံအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

ဤစီမံကိန်းတွင် ၃၁ ထပ် လူနေကွန်ဒို အဆောက်အဦး စုစုပေါင်း ၁၃ လုံးတွင် လူနေတိုက်ခန်း ၁၈၇၅ ခန်း ပါရှိမည်ဖြစ်သည်။ အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀ မှ စတုရန်းပေ ၁၁၀၀ အထိရှိပြီး အိပ်ခန်း ၂ ခန်း၊ ၃ ခန်း၊ စသည်ဖြင့် အမျိုးအစားရှိပါသည်။

 

Company Country of Origin Role
SMI Real Estate Development Myanmar Developer, land owner
Toener International China Investor
China State Construction and Engineering Corporation China Main contractor
Success Property Consultant Myanmar Sales agency

ထို့အပြင် commercial အဆောက်အဦးများအဖြစ်  shopping centre ကြီးများ 5-star ဟိုတယ် ရုံးခန်းတာဝါနှင့် service apartment အဆောက်အဦးများလည်း ပါရှိဦးမည်ဟု သိရှိရသည်။

လက်ရှိအခါတွင် ဆောက်လုပ်ရေးအတွက် လူနေကွန်ဒိုများကို ဆောက်လုပ်ရန် အတည်ပြုထားပြီး ကျန် အဆောက်အဦများအား ဈေးကွက်အရ ဆက်လက်အတည်ပြုသွားမည်ဟု သိရှိရသည်။

စီမံကိန်းကို တရုတ်နိုင်ငံမှ China State Construction and Engineering Corperation မှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်သည်။

ပထမအဆင့်အနေဖြင့် လူနေအဆောက်အဦး ၅ လုံးအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ၂၀၂၀ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံးအား အပြီးဆောက်ရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။

လူနေအဆောင်အယောင်များဖြင့် ရေကူးကန်၊ တင်းနစ်ကွင်း၊ အားကစားရုံ၊ စားသောက်ဆိုင်နှင့် convenience စတိုးများ ပါရှိမည်ဟု သိရှိရသည်။

 

Pricing and Sales Model

အရောင်းအား ၁၁ ရက်နေ့ ဇွန်လ ၂၀၁၆ ခုနှစ်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ၂၃ ထပ်မြင့် အဆောက်အဦး နံပါတ် ၃ နှင့် ၃၁ ထပ်မြင့် အဆောက်အဦး နံပါတ် ၄ တို့မှ စုစုပေါင်းအခန်း ၃၁၀ ခန့်ကို အရောင်းဖွင့်မည်ဖြစ်သည်။

Pricing အား ၁ စတုရန်းပေကို  ၁၆၀,၀၀၀ နှင့် ၁၈၀,၀၀၀ ကြား သတ်မှတ်ထားပြီး အရောင်းဖွင့်ပွဲတွင် တရားဝင် ထုတ်ပြန်မည်ဟု သိရှိရသည်။ ငွေပေးချေမှု ၃ မျိုးရှိပါသည်။ ထို ၃ မျိုးမှာ လက်ငင်းငွေပေးချေမှု၊ လစဉ်ငွေပေးချေမှုနှင့် အထပ်ပြီးစီးမှုအလျောက် ငွေပေးချေမှုတို့ဖြစ်ပါသည်။

လက်ငင်းငွေပေးချေမှုစနစ်တွင် ဝယ်သူက ၉၀% ပေးရ မည်ဖြစ်ပြီး ၁၀% ကို အခန်းအပ်စဉ်တွင် ပေးရမည်ဖြစ်သည်။ လစဉ်ငွေပေးချေမှုတွင် ၂၀% အား လက်ငင်းငွေပေးချေရမည်ဖြစ်ပြီး တစ်လလျှင် ၂ % ပေးကာ နောက်ဆုံးကျန်သည့် ၈% ကို အခန်းအပ်လျှင်ပေးရမည်ဖြစ်သည်။

အထပ်ပြီးစီးမှုအလျောက်ငွေပေးချေမှုတွင် ၃၀% အား လက်ငင်းငွေပေးချေရမည်ဖြစ်ပြီး foundation ပြီးလျှင် ၁၀% ၊ ဆောက်လုပ်မှု ၅၀% ပြီးလျှင် ၂၀ % ၊ အမိုးပြီးလျှင် ၂၀%၊ နောက်ဆုံးအခန်းအပ်လျှင် ၂၀% ပေးရမည်ဖြစ်သည်။

Mixed Use and Urban Read 71 times