Rosehill Residences့ စီမံကိန်းကတော့ စင်ကာပူ-မြန်မာ ဖက်စပ်တည်ဆောက်မည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်က အထပ်မြင့်လူနေကွန်ဒို ပဲဖြစ်ပါတယ်။
ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ
မြေအမျိုးအစားမှာ ဂရန်မြေဖြစ်ပြီး၊ Rose Hill မှ ပိုင်ဆိုင်ပါသည်။စီမံကိန်းတစ်ခုလုံးကို Rose Hill Soilbuild ဖက်စပ်ကုမ္ပဏီ အနေဖြင့် ဒေါ်လာ သန်း ၁၂၀ ခန့် ရင်းနှီးမြှုပ်နှံ မည်ဖြစ်ပြီး Soilbuild ကုမ္ပဏီ က ဒေါ်လာ ၅၀.၄ သန်းတန် “ဒီဇိုင်းနှင့် ဆောက်လုပ်ရေး“ ကန်ထရီုက်ကို Rose Hill Soilbuild ထံမှ ၂၀၁၅ ဇွန်လတွင် ရရှိခဲ့ပါသည်။
ထိုစီမံကိန်းကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၇ ဦး ပူးပေါင်းထားသည့် Rose Hill နှင့် စင်္ကာပူမှ အနှစ် ၄၀ အတွေ့အကြုံရှိသော Soilbuild Group တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ Rosehill Residence ရှိ ရှယ်ယာရှင်များမှာ Max Myanmar မှ ဦးဇော်ဇော်၊ Loi Hein မှ ဦးစိုင်းစံထွန်း၊ Ayeyar Hinthar မှ ဦးဇော်ဝင်းရှိန် ၊ အောင်မြင်သူ ကုမ္ပဏီ မှ ဦးလှမျိုး ၊ ရုပ်ရှင်မင်းသား ပြေတီဦး ၊ ဦးစိုးမင်းလတ် နှင့် ဦး ကျော်လင်း တို့ ပါဝင်ပါသည်။
Rose Hill ၏ပိုင်ဆိုင်မှုရှယ်ယာ အနေဖြင့် မှ ဦးဇော်ဇော် က ၃၀% ၊ ဦးဇော်ဝင်းရှိန်က ၂၈% ၊ ဒေါက်တာ စိုင်းစံထွန်းက ၁၅% ၊ဦးလှမျိုးက ၁၅% ၊ ရုပ်ရှင်မင်းသားပြေတီဦးက ၅% ၊ ဦးစိုးမင်းလတ်က ၅% နှင့် ဦးကျော်လင်းက ၂% အသီးသီးပိုင်ဆိုင်သည်ဟုဆိုသည်။
မြေအမျိုးအစားမှာ ဂရန်မြေအမျိုးအစားဖြစ်ပြီး မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နိုင်ငံခြားဖက်စပ် နှစ် ၇၀ ရင်းနှီးမြှုပ်နှံခွင့်ကို ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ရရှိခဲ့ပါသည်။
အဆောက်အဦး
Rosehill Residence သည် ၂၄ ထပ်အမြင့် ဇိမ်ခံ လူနေ ကွန်ဒိုမီနီယံ ဖြစ်ပြီး လူနေတိုက်ခန်း ၁၇၆ ခန်းပါဝင်ပါသည်။
မြေပေါ် နှစ်ထပ်နှင့် မြေအောက် လေးထပ်တွင် ကားပါကင် ပါရှိပြီး လူနေတိုက်ခန်းများမှာ ၁၃ ထပ်နှင့် ၁၄ ထပ်မှလွဲ၍ ကျန်အထပ်များတွင် ပါရှိမည်ဖြစ်သည်။
ထို ၁၃ ထပ်နှင့် ၁၄ ထပ် ကို တည်ဆောက်သူက Club Floor ဟု ရည်ညွှန်းထားပြီး ရေကူးကန် ၊ အားကစား ခန်းမ၊ Spa , စာကြည့်တိုက် ၊ ရုပ်ရှင်ကြည့်ခန်း၊ စသည်ဖြင့် အပန်းဖြေ Facilities များ ထည့်သွင်း တည်ဆောက် သွားမည်ဟု ဆိုပါသည်။ ၂၂ လွှာတွင် Penthouse ပြုလုပ်ထားမည် ဖြစ်သည်။
ဆောက်လုပ်ရေးအနေဖြင့် Pile Foundation ကို Positive Pioneer က ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ စတင်ဆောင်ရွက်နေပြီး စီမံကိန်းတစ်ခုလုံးကို လပေါင်း ၄၀ အတွင်း ၂၀၁၈ ခုနှစ်တွင် ပြီးရန်ရာထားသည်။
ဒီဇိုင်းနှင့်နည်းစနစ်များ
စီမံကိန်းဒီဇိုင်းကို Soilbuild ကသာ ရေးဆွဲထားပြီး စင်ကာပူစတိုင်ဖြစ်ကာ စင်ကာပူစံနှုန်းနှင့် တန်းတူရှိသည်ဟုဆိုသည်။
အထပ်တစ်ထပ်တွင် အခန်း ၉ ခန်းပါကာ ထို ၉ ခန်းမှာ တစ်မျိုးနှင့် တစ်မျိုး ပုံစံမတူဘဲ ကွဲကွဲပြားပြား ရေးဆွဲ ထားသည်။ ထို့အပြင် duplex ဟု ခေါ်သော နှစ်ထပ်တိုက်ခန်းများ အပြင် ကိုယ်ပိုင် ရေကူးကန်များပါဝင်သည့် sky villa များလည်းပါဝင်သည် ဟု သိရှိရသည်။
Company | Country of Origin |
Role
|
Rose Hill | Myanmar | Landowner |
Rosehill-Soilbuild | Singapore-Myanmar JV | Developer |
Soilbuild | Singapore | Design and Build |
Positive Pioneer | Myanmar | Piling |
တိုက်ခန်းများတွင် အနည်းဆုံး အိပ်ခန်း ၃ ခန်းပါဝင်ပြီး ၊ အများဆုံး ၅ ခန်းပါဝင်ကာ အကျယ်အဝန်းအနေဖြင့် ၁၈၀၀ စတုရန်းပေ မှ ၆၃၀၀ စတုရန်းပေ အထိရှိကြောင်း သိရှိရသည်။
အခန်းများတွင် မိသားစု နှစ်စု အတူနေထိုင်နိုင်ရန် အဆင်ပြေသော dual-key စနစ်များ ထည့်သွင်းပေးထားသည် ဟု ဆိုသည်။
မြေညီထပ်မှ နှစ်ခန်းတွဲများတွင် ကိုယ်ပိုင်ကားပါကင်များ ပါဝင်မည် ဖြစ်သည်။
လုံခြုံရေးစနစ်များအနေဖြင့် ၂၄ နာရီ စီစီတီဗီ စောင့်ကြည့်စနစ် ၊ မီးဘေးအန္တရာယ် ကာကွယ်ရေး စနစ် များပါဝင်ပြီး၊ Backup Generators, Centralized Communication System, Data Outlets,Infinity Pool, Jacuzzi, BBQ space, Sky Terrace, Club Floor, Gym, Yoga Room, Function Rooms, Children’s Playground Space များနှင့် အကောင်းဆုံးဝန်ဆောင်မှုများ ပြုလုပ်ထားရှိသည်။
Pricing and Sales Model
အရောင်းကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ဖွင့်လှစ်ခဲ့ပြီး လူနေခန်းများကို ရောင်းချမည်ဖြစ်ကာ ဈေးနှုန်းအနေဖြင့် ၁ စတုရန်းပေကို ဒေါ်လာ ၃၀၀ မှ စတင်မည်ဖြစ်ပါသည်။ ငွေပေးချေမှုကို အရစ်ကျ ၄ နှစ် စနစ်ဖြင့် ပေးဆောင်နိုင်ပါသည်။
Supplier and equipment
Company | Brand |
Item
|
Positive Pioneer | Sany | 2 x Drilling rig |
Positive Pioneer | Sany | Hydraulic excavator |
- | Hitachi Sumimoto | Cranes |