Royal Aung Zay Ya Residence သည် အောင်ဇေယျလမ်းနှင့် ကျောက်ကုန်းလမ်းထောင့်၊ ရန်ကင်းမြို့နယ်တွင် ဆောက်လုပ်လျှက်ရှိသော လူနေ စီမံကိန်းတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ကုမ္ပဏီတစ်ခုဖြစ်သည့် Nay Ga Bar Myanmar Construction မှ ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ပြီး ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
ပါဝင်သည့်အဆောက်အအုံ
ဗိသုကာဒီဇိုင်း နှင့် အတွင်းဒီဇိုင်း ကို Leo Creation Design မှ တာဝန်ယူ၍ ရေးဆွဲပေးထားပြီး structure design ကို ဦးဝင်းအောင်ချို မှ ရေးှဆွဲပေးပါသည်။
ဆောက်လုပ်ရေးကို Nay Ga Bar Myanmar Construction မှ ပင် တာဝန်ယူ ဆောက်လုပ်လျှက်ရှိ ကြောင်းသိရသည်။
အထပ် ၁၂ ထပ်ခွဲနှင့် အခန်းပေါင်း ၂၃ ခန်းပါဝင်တည်ဆောက်ထားပြီး အခန်းအကျယ်အဝန်းမှာ ၂,၂၆၀ စတုရန်းပေမှ ၂,၂၇၀ စတုရန်းပေအထိ ရှိပါသည်။ ၎င်းအပြင် penthouse တစ်ခုပါဝင်ပြီး အကျယ်အဝန်းမှာ ၄,၆၀၀ စတုရန်းပေဖြစ်ပါသည်။
Basement နှင့် မြေညီထပ်တွင် ကားပါကင်ပါရှိမည်ဖြစ်ပြီး penthouse ကို အပေါ်ဆုံးထပ်တွင် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
ပထမထပ်တွင် အဆောင်အယောင်များအနေဖြင့် လူနေတိုက်ခန်းများ၊ ရေကူးကန်နှင့် အားကစားခန်းမ၊ mini coffee bar တို့ကို ထည့်သွင်းထားကြောင်း သိရသည်။
Pricing and Sales Model
အရောင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး ၁ စတုရန်းပေလျှင် ၂၁၀,၀၀၀ ကျပ် မှ ၂၂၃,၀၀၀ ကျပ် တန်ဖိုး သတ်မှတ်ထားပါသည်။
ငွေပေးချေမှုအား အရစ်ကျအနေဖြင့် ၂၄ လ ပေးချေရမည်ဟုသိရပါသည်။
Source: The Voice Daily, Nay Ga Bar Myanmar Construction, Leo Creation Design FB page