Royal Garden View ကွန်ဒိုသည် Yadanar Myaing Construction မှတည်ဆောက်နေပြီး အမှတ်(၃၇),ဦးထွန်းမြတ်လမ်း,တာမွေမြို့နယ်,ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိကြောင်းသိရသည်။
မြေတစ်ဧကနီးပါးပေါ်တွင်တည်ဆောက်ထားပြီး ၂ဝ၁၈ခုနှစ်နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရသည်။
အဆောက်အဦးပုံစံ
Pile ဖောင်ဒေးရှင်းအမျိုးအစားဖြစ်ပြီး အထပ်ပေါင်း၁၂ထပ်ရှိသောအဆောက်အဦးတစ်ခုဖြစ်သည်။
တစ်လွှာလျှင် ၁၂ခန်းပါရှိပြီး Pent House ၆ခန်းဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ၈ဝဝကျော်မှ ၂ဝဝဝကျော်ထိကျယ်ဝန်းကြောင်းသိရသည်။
Facilities
ဓာတ်လှေကား၆စီးပါဝင်ပြီး ကားထားရာတွင်အဆင်ပြေလွယ်ကူစေရန်Basement ၂ထပ်နှင့်1st floorတွင် ကားပါကင်ရပ်နားနိုင်သည်။
ရေကူးကန်၊အားကစားခန်းမ၊စာကြည့်တိုက်၊ကလေးကစားကွင်း၊အပန်းဖြေဧရိယာများထည့်သွင်းတည်ဆောက်ထား ကြောင်းသိရသည်။
ငွေပေးချေမှုပုံစံ
အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင်၂သိန်းမှ ၂သိန်းခွဲထိ ခန့်မှန်းထားကြောင်းသိရသည်။
အရစ်ကျပေးချေနိုင်ပြီးပထမလတွင် ၃၀ရာခိုင်နှုန်းပေးချေရမည်ဖြစ်ပြီး ကျန်၇ဝရာခိုင်နှုန်းအား ကွန်ဒိုဈေးပေါ်မူတည်ပြီး တစ်နှစ်ခွဲခန့်အရစ်ကျပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ဘဏ်နှင့်ချိတ်ဆက်ထားခြင်းမရှိဘဲကိုယ်တိုင်သွင်းပေးရမည်ဖြစ်ကြောင်းသိရသည်။