ထို Residence သည်Nay Ga Bar Construction Co.,Ltd မှဆောက်လုပ်ထားပါသည်။
ယင်းResidence သည်အမှတ်(၁၅/က)၊ဓမ္မာရုံလမ်း၊လှိုင်မြို့နယ်ရန်ကုန်တိုင်းတွင်တည်ရှိကြောင်းသိရသည်။
၂၀၁၈နှစ်ကုန်ခန့်လောက်တွင်တည်ဆောက်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။
မြေဧက၁.၅ဧကပေါ်တွင် အဆောက်အဦး ၁ဧကဆောက်လုပ်ထားပြီးပြည်လမ်းရှိအင်းယားကန်နှင့်ပေ၁၀၀ခန့်
သာဝေးသောဓမ္မာရုံလမ်းမပေါ်ရှိဘိုးဘွားပိုင်မြေတွင်တည်ရှိကြောင်းသိရသည်။
Tower ၂လုံးပါရှိပြီးTowerA နှင့် Tower B ဟူ၍ခွဲခြားထားပြီး အထပ်ပေါင်း(၁၂)ထပ် ခွဲရှိပြီးအခန်းပေါင်း(၁၈၀)ပါ ရှိကြောင်းသိရသည်။
Tower Aရှိတစ်လွှာတွင်အခန်းကိုးခန်းရှိပြီး TowerBတွင်တစ်လွှာခုနှစ်ခန်းပါရှိသည်။
အခန်းတစ်ခန်း၏အကျယ်အဝန်းမှာ၁၅၀၀စတုရန်းပေမှ၂၅၀၀ကျော်စတုရန်းပေခန့်ကျယ်ဝန်းကြောင်းသိရသည်။
Pent House ခြောက်ခန်းပါရှိပြီးကားများထားရာတွင်အဆင်ပြေလွယ်ကူစေရန်ကားပါကင်နှစ်ထပ် ခွဲဆောက်လုပ် ပေးထားကြောင်းသိရသည်။
အဆောက်အဦးကိုပေ၅၀အတွင်းသို့နောက်ဆုတ်ပြီးဆောက်လုပ်ထားပြီးဘေးပတ်လည်ပေ(၂၀)ပတ်လည်ချန် ပြီးဆောက်လုပ်ထားကြောင်းသိရသည်။
ဓာတ်လှေကား ၇စင်းတပ်ဆင်ပေးထားပြီးTowerA တွင်လေးစင်း၊TowerB တွင်သုံးစင်းတပ်ဆင်ပေးမည်ဖြစ် ကြောင်းသိရသည်။
ရေကူးကန်၊အားကစားခန်းမ၊Mini Marketစသည့်Facility များအပြင်residenceနေသူများလုံခြုံမှုရှိစေရန်Electric Card System,
အခန်းတိုင်းတွင်Video Intercall Systemများကိုတပ်ဆင်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
တစ်စတုရန်းပေလျှင်နှစ်သိန်းမှနှစ်သိန်းသုံးသောင်းခန့်ထိသတ်မှတ်ထားပြီးအထပ်မြင့်များပေါ်မူတည်ပြီးဈေးနှုန်းအပြောင်းအလဲရှိကြောင်းလည်းသိရသည်။