Royal Sayar San Condominium သည် ဆရာစံလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့တွင် ဆောက်လုပ်သည့် လူနေ အဆင့်မြင့် ကွန်ဒိုတိုက်ခန်း အမျိုးအစားဖြစ်သည်။
ရင်းနှီးမြုပ်နံှမှုနှင့်ပိုင်ဆိုင်မှု
ဤစီမံကိန်းမှာပြည်တွင်းပြည်ပဖက်စပ်စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ Than Htike Lu Gems, Mineral& Constraction နှင့် Linn Yi Constraction တို့ပူးပေါင်းဆောင်ရွက်သော စီမံကိန်းတစ်ခုဖြစ်သည်။
ရင်းနှှီးမြှပ်နှံမှုအချိုးအစားမှာ Than Htike Lu မှ ၆၀ ရာခိုင်နှုန်းပါဝင်ပြီး နိုင်ငံခြားကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်းပါဝင်ပါသည်။
Royal Sayar San Condominium ကို Than Htike Lu Gems, Mineral & Construction ပိုင်ဆိုင်သည့် ဂရန်မြေ ဝ.၅ ဧက ပေါ်တွင်တည်ဆောက်လျှက်ရှိပြီး Chang Geng Environmental Construction နှင့် HK City Sunshine က တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပါသည်။ ထိုစီမံကိန်းကို နောက်တစ်နှစ်ကျော်တွင် အပြီးသတ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပါဝင်သည့်အဆောက်အအုံများ
Royal Sayar San Condo တွင် အထပ်ပေါင်း၂၄ထပ်နှင့် အခန်းပေါင်း၁၆၄ခန်းပါဝင်ပါသည်။ မြေအောက် နှစ်ထပ်သည် ကားပါကင်ဖြစ်ပြီး စုစုပေါင်း ၁၉၇ စီးခန့် ရပ်နားနိုင်ပါသည်။ မြေညီထပ်တွင်လည်း Lobby နှင့် Shopping Area တစ်ခုပါရှိမည်။
ပထမထပ်တွင် ကလေးကစားကွင်း၊ အလှပြင်ဆိုင်၊ ကော်ဖီနှင့်အအေးဆိုင်တို့ ပါဝင်ပြီး ၂၃ ထပ်တွင် ရေကူးကန်၊ ဥယျာဉ်၊ bar နှင့် အားကစားခန်းမတို့ ပါရှိပါမည်။ အခန်းအကျယ်အဝန်းမှာ အနည်းဆုံး ၁၃၃၀ စတုရန်းပေမှ အများဆုံး ၂၅၀၀ စတုရန်းပေ အထိ နှင့် အခန်းတိုင်းတွင် အိပ်ခန်း၃ခန်းဆီ ပါဝင်မည်ဟု သိရပါသည်။ ဒုတိယထပ်မှ ၂၂ ထပ် အထိ ပုံမှန်လူနေတိုက်ခန်းများဖြစ်ပြီး အပေါ်ဆုံးနှစ်ထပ်မှာ penthouse များဖြစ်သည်။
ဒီဇိုင်းနှင့်ပါဝင်သည့်နည်းစနစ်များ
ဗိသုကာဒီဇိုင်းကို မြန်မာနိုင်ငံမှ Spine Architects မှ တာဝန်ယူရေးဆွဲပြီး စင်္ကာပူမှ A&A Consultants က Structural Engineer ဒီဇိုင်းကို ရေးဆွဲခဲ့သည်။ M&E Engineer များအဖြစ် Pesko (Myanmar Engineering) မှ တာဝန်ယူဆောင်ရွက်သည်။
ကားပါကင်စနစ်မှာ Automatic Car Parking System ဖြစ်ပြီး Germany မှ Giand က တာဝန်ယူဆောင်ရွက်သည်။ တံခါးစနစ်မှာ Digital Door Lock System ဖြင့် Elevators များကို ဂျာမနီတံဆိပ်ဖြစ်သည့် Hosting ကို သုံးစွဲမည်ဟုသိရသည်။
Toilet များကို အမေရိကန် Brand ဖြစ်သည့် American Standard ကြွေခွက်များအသုံးပြုထားပြီး အခန်းတိုင်းတွင် Smoke Detecting System & Fire Sensorနှင့် Firefighting Systemတို့ ပါရှိပါသည်။
အရန်မီးစက် ၂၄ နာရီ အသုံးပြုနိုင်သည့် စနစ်ပါဝင်ပြီး ရေနှင့်လျှပ်စစ်ဆိုင်ရာအတွက် အခန်းတိုင်းတွင် မီတာဘောက်တစ်ခုတပ်ဆင်ထားမည်ဟုသိရသည်။ ရေပူ၊ ရေအေးစနစ်လည်း တပ်ဆင်ပေးထားပါသည်။
Pricing and Sale Models
ထိုကွန်ဒို၏အခန်းများသည် အနည်းဆုံးစတုရန်းပေ ၁၄၀၀ ရှိပြီး စတုရန်းတစ်ပေ လျှင် ကျပ် သုံးသိန်း သုံးသောင်း ရှိကြောင်း သိရသည်။ငွေပေးချေရာတွင် ၂၀ ရာခိုင်နှုန်းကို အရင်ပေးသွင်းရမည်ဖြစ်ပြီး ကျန်၈၀ ရာခိုင်နှုန်းကို တစ်လလျှင် ၂.၅ ရာခိုင်နှုန်းဖြင့် သုံးနှစ်အရစ်ကျ ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။