ထိုကွန်ဒိုသည် iGreen Construction မှတည်ဆောက်နေသောအမှတ်(၈၅/ခ),နိဗ္ဗာန်(၈)လမ်း,တောင်သူကုန်း ရပ်ကွက်,အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
ယင်းကွန်ဒိုသည်၂၀၁၈ခုနှစ်ခြောက်လပိုင်းခန့်တွင်တည်ဆောက်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။
မြေဧက ၁ဒသမ၄၇ ဧကပေါ်တွင် Tower လေးလုံးတည်ဆောက်မည်ဖြစ်ပြီး ယခုတွင်Tower (A,C,D)သုံးလုံးသာတည်ဆောက်တော့မည်ဖြစ်ကြောင်းသိရသည်။
Tower တစ်လုံးတွင်အထပ်ပေါင်း၈ထပ်ခွဲတည်ဆောက်ပြီး TowerA တွင်တစ်လွှာ၁ဝခန်း၊Tower Cတွင်တစ်လွှာ၁၃ခန်း၊Tower D တွင်တစ်လွှာ၁၃ခန်းတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Tower အားလုံးတွင် PentHouse သုံးလုံးစီ ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ၅ဝဝကျော်မှ ၁ဝဝဝကျော်ထိကျယ်ဝန်းမည်ဟုသိရသည်။
Tower တိုင်းတွင်ဓာတ်လှေကား၂စင်းစီတပ်ဆင်ပေးပြီး ကားရပ်နားရာတွင်အဆင်ပြေလွယ်ကူစေရန် ကားပါကင်Groundတွင်(Double Parking)တည်ဆောက်ပေးမည်ဖြစ်သည်။
Facilityအနေဖြင့်ရေကူးကန်၊အားကစားခန်းမ၊ကွန်ဒိုနေသူများလုံခြုံရေးအတွက်CCTVကင်မရာများ၊လုံခြုံရေး များရှိမည် ဖြစ်ကြောင်းလည်းသိရသည်။
အခန်းတန်ဖိုးမှာသိန်း၉ဝဝကျော်မှ ၁ဝဝဝကျော်ဝန်းကျင်ခန့် အထပ်အမြင့်အလိုက်၊အခန်းအကျယ် အဝန်းအလိုက် ကွာခြားသွားမည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ ပထမလတွင်၂၅ရာခိုင်နှုန်းပေးသွင်း နိုင်ပြီး ၃ဒသမ၃၃ ရာခိုင်နှုန်းဖြင့် ၁၈လ၊သော့အပ်သည့်အချိန်တွင် ၂ဝရာခိုင်နှုန်း ဖြင့်
လပေါင်း၂ဝ လူကိုယ်တိုင်ဖြစ်စေ၊UABဘဏ်မှဖြစ်စေ အရစ်ကျပေးသွင်းနိုင်ကြောင်း သိရသည်။