Royal Thukha Condominium စိမံကိန်းသည် ဓမ္မသုခလမ်း၊ အင်းစိန်လမ်းမကြီးအနောက်ဘက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် တည်ဆောက်လျှက်ရှိသည့် အဆောက်အဦးဖြစ်ပါသည်။
အဆောက်အဦး ဆောက်လုပ်မည့် ကုမ္ပဏီသည် iGreen Construction မှ တာဝန်ယူ၍ တည်ဆောက်မည်ဖြစ်သည်။
စီမံကိန်းတွင် တာဝါ ၄ လုံး အထပ် ၁၂ ထပ်ခွဲ တည်ဆောက်မည်ဖြစ်ပြီး တစ်လွှာတွင် ၂၆ ခန်းခန့် ပါဝင် ကြောင်း သိရပါသည်။ အခန်းအကျယ်အဝန်းမှာ ၆၁၀ စတုရန်းပေ မှ ၉၉၀ စတုရန်းပေ အထိ ရှိကြောင်း သိရပါသည်။
မြေညီထပ်နှင့် မြေအောက်တွင် ကားပါကင်ဖြစ်ပါသည်။ ကျန်သည့်အထပ်များမှာ လူနေအိမ်များဖြစ်ပါသည်။
မြေ ၁ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ကွန်ဒိုတိုက်ခန်း စုစုပေါင်း ၂၅၀ ခန်း၊ ရေကူးကန်၊ အားကစားခန်းမ၊ function hall နှင့် ကား ၃၇၈ စီးရပ်နားနိုင်သော ကားပါကင်လည်း ပါဝင်ကြောင်း သိရပါသည်။
အဆောက်အဦးစီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောက်လုပ်ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
Pricing and Sales Model
Royal Thukha Condominium တိုက်ခန်းများကို ၁ စတုရန်းပေလျှင် ဒေါ်လာ ၁၁၀ မှ ဒေါ်လာ ၁၅၀ ကြားရှိကြောင်း သိရပါသည်။
ငွေပေးချေမှုကို ၁၀ နှစ် အရစ်ကျ ပေးချေနိုင်သည်ဟု သိရသည်။
စုစုပေါင်း၏ ၄၀% အထိကို တစ်ဒေါ်လာကို မြန်မာငွေ ၁၀၀၀ ကျပ်နှင့် ညီမျှပေးမည်ဖြစ်ပြီး ကျန်သည့်ငွေကို ဒေါ်လာပေါက်ဈေးဖြင့် တွက်ချက်ပေးမည်ဖြစ်သည်။
၆၀% ပေးပြီးပါက နေထိုင်ခွင့်ရရှိမည်ဟုဆိုသည်။
Source: iGreen Construction website
ဆက်သွယ်ရန်လိပ်စာနှင့်ဖုန်းနံပါတ်
No.82 (A), Kyaik Waing Pagoda Street, in front of Junction 8, Mayangone Township, Yangon,Myanmar.
Mobile: 09 49270101, 09 32066980