၎င်း Apartment ကိုအမှတ် (၆၀၁/က) ၊ အဿက(၂၀)လမ်း၊ (၁၀)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် ဆောက်လုပ်မည်ဖြစ်သည်။
ယင်းပရောဂျက်ကို ၂၀၁၈ ခုနှစ်စက်တင်ဘာလတွင်စတင်၍ ၂၀၁၉ ခုနှစ်စက်တင်ဘာလတွင်ပြီးစီးမည်ဟုခန့်မှန်းကြောင်းသိရပါသည်။
ယင်းစီမံကိန်းကိုတိုးတက်သာဆောက်လုပ်ရေးဒီဇိုင်းအဖွဲ့မှဒီဇိုင်းဆွဲ၍တိုးတက်သာဆောက်လုပ်ရေးမှဆောက်လုပ်ကြောင်းသိရပါသည်။
အထပ်ပေါင်း(၆)ထပ်ရှိ၍တစ်လွှာလျှင်(၁)ခန်းပါဝင်ကြောင်းသိရပါသည်။
အခန်းများဧ။်အကျယ်အဝန်းမှာ ၁၈ ပေ x ၅၄ ပေ ဖြစ်ကြောင်းသိရပါသည်။
အခန်းဈေးနှုန်းမှာ ဒုတိယထပ်ကျပ်သိန်း ၅၅၀ ၊ စတုထ္တထပ် ကျပ်သိန်း ၄၅၀ ၊ ပဉ္စမထပ်ကျပ်သိန်း ၄၀၀ နှင့်ဆဌမထပ်ကျပ်သိန်း ၃၅၀ တို့ဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာ Down Payment ၁၀၅ သိန်းကို နှစ်ရစ်ခွဲသွင်းရမည်ဖြစ်ပြီး ကျန်ရှိငွေကို AYA Bank နှင့်ချိတ်ဆက်၍ တစ်လလျှင် ၃ သိန်း ၁ သောင်းကျပ်နှုန်းဖြင့် ၁၅ နှစ် ပေးသွင်းရမည်ဖြစ်ကြောင်းသိရပါသည်။
ကုမ္ပဏီနှင့်တိုက်ရိုက်ချိတ်ဆက်ပြီး ၂ နှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူပါက အတိုးမဲ့ဖြစ်ကြောင်းသိရပါသည်။