Sabai Housing


26 October, 2020

စံပယ်အိမ်ရာစီမံကိန်း (Jasmine Housing) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမကြီးဘေး ပုသိမ်ကျေးရွာတွင် တည်ဆောက်နေသည့် တန်ဖိုးသင့် လူနေအိမ်ရာ စီမံကိန်းတစ်ခုဖြစ်ပါသည်။

အိမ်ရာစီမံကိန်းကို  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ဦးဆောင်မှုအစီအစဉ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် Two White Dragons ကုမ္ပဏီနှင့် Rosewood Capital ကုမ္ပဏီတို့ ပူးပေါင်းပြီး မြေဧက ၂၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပါသည်။

စံပယ်အိမ်ရာစီမံကိန်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ အတည်ပြုခွင့်ပြုခဲ့ပါသည်။

အိမ်ရာစီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၇ သန်းရှိကြောင်း သိရပါသည်။

အဆောက်အဦးများ

စံပယ်အိမ်ရာစီမံကိန်းတွင် ငါးထပ်အဆောက်အအုံ တစ်ထပ် ၁၂ ခန်းပါ အိမ်ရာ ၁၆ လုံး၊ မြေညီထပ် ဆိုင်ခန်းအပါအဝင် အိမ်ရာအဆောက်အအုံ ၈ လုံး စုစုပေါင်း ၂၄ လုံး ဆောက်လုပ်မည်ဖြစ်သည်။

Rosewood Capital ကုမ္ပဏီမှ အိမ်ရာ ၁၂ လုံး Two White Dragons မှ ၁၂ လုံးပိုင်း၍ ဆောက်မည်ဖြစ်သည်။

မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် Sweet-Tech Engineering Service မှ structure engineer ဖြင့် လုပ်ဆောင်ထားကြောင်းသိရသည်။

အိမ်ရာအခန်းပေါင်း ၁,၃၆၀ ခန်း နှင့် ရေ၊ မီးအစုံ full services လည်း ပါဝင်သည်ဟု သိရသည်။

စီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ အိမ်ရာအဆောက်အအုံ ၈ လုံး အခန်း ၄၀၀ ကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် အပြီးတည်ဆောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

အိမ်ရာစီမံကိန်း တစ်ခုလုံးကို  ၄ နှစ်အတွင်းအပြီးတည်ဆောက်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

Pricing and Sales Model

အခန်းအကျယ်အဝန်းမှာ ၈၂၅ စတုရန်းပေခန့် ကျယ်ပြီး ရောင်းချမည့် Pricing မှာ ကျပ်ငွေ သိန်း ၁၀၀ နှင့်  သိန်း ၂၀၀ ကြား ရှိမည်ဟု သိရသည်။

အခန်းများအားလုံးရောင်းချမည်မဟုတ်ဘဲ တချို့အခန်းများကို ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပုံစံမှာ အရစ်ကျစနစ် ဝယ်ယူသူများကို ၄၀% လက်ငင်း နှင့် နောက် ၆၀% အား အရစ်ကျ ၃ ရစ်ခွဲကာ ၁၈ လအတွင်း ပေးချေရမည်။

Source: The Messenger, 7day Daily, The Voice Daily, Rosewood Capital

Residential Read 49 times