Sakura Executive Condominium City စီမံကိန်းသည် တောင်ဥက္ကလာတွင်ဆောက်မည့် တိုက်ခန်း ၁၂၅၀ ပါ အထပ်မြင့် လူနေစီမံကိန်းတစ်ခုဖြစ်ပါသည်။
ထိုစီမံကိန်းမှာ Sakura Main Car Showroom ဝင်းဘေး အမှတ် ၁၊ ချယ်ရီဥယျာဉ်လမ်း၊ ချယ်ရီ ဥယျာဉ် အိမ်ရာ နေရာဖြစ်ပါတယ်။
အဆောက်အအုံ စီမံကိန်း ရဲ့ Developer ကုမ္ပဏီက Myanmar Economic Development Corporation Public (MEDC) ဖြစ်ပြီး Sarkura Engineering & Construction Development က တာဝန်ယူ တည်ဆောက် ပေးမှာ ဖြစ်ပါတယ်။
ပိုင်ရှင်မှာ ဆာကူရာ ဦးဌေးအောင်ဖြစ်ပါတယ်။
စီမံကိန်း တစ်ခုလုံးပှာ ၁၈ ထပ်ရှိ တိုက် ၁၃ လုံး ပါဝင်မယ်ဖြစ်ပြီးတိုက်များ၏ အောက်ဆုံး ၅ ထပ်မှာ ကားပါကင်များဖြစ်ကြပြီး ကျန် ၁၃ ထပ်မှာ လူနေ အိမ်ခန်း များ သာဖြစ်ပါတယ်။
တိုက်ခန်း စုစုပေါင်း ၁၂၅၀ ခန်း ပါဝင်ပြီး အခန်းတိုင်းမှာ အိပ်ခန်း ၃ ခန်းပါဝင်ပြီး အများဆုံး အိပ်ခန်း ၄ ခန်းထိ ပါဝင်မှာဖြစ်ပါတယ်။ တစ်ခန်း ကို အကျယ် အဝန်း ၁,၀၀၀ စတုရန်းပေ ကျော်ရှိပါမယ်။ ကားအရေအတွက် စုစုပေါင်း ၂၀၀၀ ကျော် ရပ်နားနိုင်သည့် ကားပါကင်တစ်ခုပါဝင်မည်ဖြစ်သည်။
မြေညီထပ်မှာ Convenience Store ပါဝင်ပါမယ်။ ရေကူးကန်နဲ့ ဆေးခန်းတွေတော့ မပါဝင်ဘူး ဆိုပါတယ်။
Sakura Excutive Condominium City Project ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီ သို့ ဆောက်လုပ်ခွင့် တင်ထားဆဲဖြစ်ပြီး ၊၂၀၁၆ခုနှစ် ဇူလိုင် နှင့် သြဂုတ်လတို့မှာ စဆောက် မှာဖြစ်ပါသည်။
ယခုလက်ရှိ ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် sub-contractor နှင့် supplier များ ရွေးချယ်ထားခြင်းများမရှိသေးဘဲ အတည်ပြုဆောက်လုပ်ခွင့်ကျမှသာ တင်ဒါခေါ်ယူမည်ဟု သိရှိထားသည်။
အဆောက်အအုံ စီမံကိန်း ကို သုံးသုတ် ခွဲဆောက်မယ် ဖြစ်ပြီး ဆောက်လုပ်ချိန် ၅ နှစ်ခန့်ကြာမည်ဖြစ်သည်။
တိုက်ခန်းများအရောင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ကြိုပွိုင့်အနေဖြင့် စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအား ၁ စတုရန်းပေကို ၁၃၀၀၀၀ ကျပ် ဟု လျာထားပါသည်။
ထိုဈေးနှုန်းသည် fully furnished ဖြစ်ပြီး Aircon, Washing Machine စသဖြင့် အပြီးအစီးပါဝင်မည်ဖြစ်သည်။ ငွေပေးချေမှုကို အရစ်ကျ ၈ နှစ်ခွဲ၍ ပေးချေနိုင်ကြောင်း သိရပါသည်။